မြေရှားတူးဖော်သည့် လုပ်ကွက်တစ်ခုတွင် မြေပြိုကျမှုကြောင့် လူငယ် ၂ ဦးသေဆုံးမှုဖြစ်ပွား

မြေရှားတူးဖော်သည့် လုပ်ကွက်တစ်ခုတွင် မြေပြိုကျမှုကြောင့် လူငယ် ၂ ဦးသေဆုံးမှုဖြစ်ပွား
မြေရှားလုပ်ကွက်တစ်ခုတွင် မြေပြိုကျမှုကြောင့် လူငယ် ၂ ဦးသေဆုံးဖြစ်ပွားခဲ့သည့် နေရာ
မြေရှားလုပ်ကွက်တစ်ခုတွင် မြေပြိုကျမှုကြောင့် လူငယ် ၂ ဦးသေဆုံးဖြစ်ပွားခဲ့သည့် နေရာ

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ ဖရဲ(Hpare)ကျေးရွာနှင့် ပန်ဝါကြား မြေရှားသတ္တုတူးဖော်သည့် ကုမ္ပဏီ လုပ်ကွက် တစ်ခုတွင် မြေပြိုကျမှုကြောင့် လူငယ် ၂ ဦးသေဆုံးမှုဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိခဲ့သည်။

ဇွန် ၁၈ ရက်နေ့တွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၇ လက်အောက်ခံ တပ်ရင်း ၃၂ နယ်မြေတွင် ရှိသော ဖရဲကျေးရွာအနီးရှိ မြေရှားသတ္တုတူးဖော်သည့် လုပ်ကွက်နေရာတွင် မြေပြိုကျမှုဖြစ်ပွားခဲ့သည့် ဖြစ်စဉ် နှင့် ပတ်သက်ပြီး ဖရဲဒေသခံတစ်ဦးက KNG ကို ယခုကဲ့သို့ ပြောသည်။

“KIA တပ်ရင်း ၃၂ အနီးက လုပ်ကွက်မှာဟုတ်တယ်။ တစ်ယောက်က တရုတ်လူမျိုး၊ တစ်ယောက်က ရဝမ် လူငယ် ဟုတ်တယ်။ ဘယ်သူဘယ်ဝါဆိုတာတော့ အတိအကျပြန်မသိဘူး။ အခြား ထိခိုက်ဒဏ်ရာရရှိသူတွေနဲ့ အလောင်း မတွေ့သေးတာလည်း ရှိတယ်။ ကြားတာပဲ ဒါပေမဲ့ အတိအကျတော့ ပြန်မသိဘူး။ အဲ့လောက်ပဲ သိရတယ်” ဟု ဖရဲဒေသခံတစ်ဦးက စာဖြင့် ပြောပြသည်။

မြေပြိုကျမှုထဲတွင် ပါသွားသည့် သေဆုံးသူ လူငယ် ၂ ဦး၏ ရုပ်အလောင်းသာ တွေ့ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရ ရှိသူများလည်း ရှိသည်ဟု သိရသော်လည်း ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်ဟု သူက ဆက်ပြောသည်။

ယခု မြေပြိုကျမှု ဖြစ်ပွားခဲ့သည့် တည်နေရာသည် ဖရဲနှင့် ဇွပ်လန့်(Zuplang) ကျေးရွာ ၂ခုကြားတွင်ရှိသော မြေရှားသတ္တုတူးဖော်နေသည့် လုပ်ကွက်တစ်နေရာတွင် ဖြစ်သည်။

KIA စိုးမိုးထားသည့် ဖရဲကျေးရွာအနီးတဝိုက် မြေရှားသတ္တုတူးဖော်ရေး လုပ်ကွက်နေရာများတွင် ယခုနည်းတူ လုပ်ကွက်အတွင်း မြေပြိုကျမှုကြောင့် အသက်သေဆုံးသူများ မကြာခဏ ဖြစ်ပွားလျက်ရှိနေကြောင်း ဖရဲနှင့် ပန်ဝါ ဒေသအတွင်းက ဒေသခံတစ်ဦးမှ ထပ်မံပြောဆိုသည်။

“ရှေ့တစ်ခေါက်ကလည်း တစ်ခါမြေပြိုပြီး လူတစ်ယောက်လားမသိဘူးသေပြီ။ ဒီဘက်က အဲ့လိုမျိုးဖြစ်စဉ်တွေ မကြာခဏ ဖြစ်တယ်။ ဆက်သွယ်ရခက်တော့ ကြားပေမဲ့ အတိအကျသာ မသိနိုင်တာ အမြဲဖြစ်နေကျ။ ပြီးရင် ဒီဘက်က ဒေသခံအများပိုင်းလည်း တစ်ခုခုဖြစ်ပြီဆို မပြောရဲတဲ့သူများတယ်” ဟု ပြောသည်။

ချီဖွေမြို့၏ အရှေ့ဘက်ခြမ်း ဖရဲဒေသတွင် KIA တပ်ဖွဲ့က နယ်မြေစိုးမိုးထားကာ မြေရှားသတ္တု တူးဖော်လျက် ရှိနေပြီး အရှေ့တောင်ပိုင်း ပန်ဝါဒေသတွင်လည်း နယ်ခြားစောင့်တပ်နှင့် ပြည်သူ့စစ်တပ်များက မြေရှားသတ္တု တူးဖော်လျက်ရှိနေသည်။

January 23, 2026
နော်ထွယ့်(ဟူးကောင့်) — ဗန်းမော်မြို့၊ ကောင်ဂျာကျေးရွာမှာ နာရေးဆုတောင်းပွဲပြုလုပ်ဖို့...
January 22, 2026
အမိုး — စစ်ကိုင်းနဲ့ ကချင်အစပ်က တိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈...
January 21, 2026
စစ်ကိုင်းနဲ့ ကချင်အစပ်က တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့ရဲ့...
January 20, 2026
ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC က စေတနာ့ဝန်ထမ်း ကချင်ဆရာမ ၂ ဦး...