ကံဇီးကျေးရွာကို ကာကွယ်ရေးပူးပေါင်းအဖွဲ့ ဝင်ရောက်တိုက်ခိုက်၊ ရဲ ၂ ဦးသေဆုံးပြီး ပျူစောထီး ၁၂ ဦး ဖမ်းမိ

ကံဇီးကျေးရွာကို ကာကွယ်ရေးပူးပေါင်းအဖွဲ့ ဝင်ရောက်တိုက်ခိုက်၊ ရဲ ၂ ဦးသေဆုံးပြီး ပျူစောထီး ၁၂ ဦး ဖမ်းမိ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကံဇီးပျူရွာကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းတိုက် ခိုက်ခဲ့ရာ ရဲနှစ်ဦး သေဆုံးပြီး ပျူစောထီးအဖွဲ့ဝင် ၁၂ ဦး ဖမ်းဆီးရမိခဲ့ကြောင်း မုံရွာခရိုင် အမှတ်(၅) တပ်ရင်း Aung San Force (ASF) ထံမှ သိရသည်။

ကံဇီးကျေးရွာတွင် စစ်ကောင်စီလက်အောက်ခံ ရဲနှင့် ပျူစောထီးများ အစည်းအဝေးပြုလုပ်နေချိန် ဇွန်လ ၁၄ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“ရဲနဲ့ပျူတွေ အစည်းအဝေးလုပ်မယ်ဆိုတာကို ကြိုတင်သတင်းရထားတဲ့အတွက် ဝင်တိုက်ခဲ့တာပါ။ ဖမ်းမိ ထား တဲ့ ပျူတွေကို စစ်ဆေးနေပြီး သက်ဆိုင်တဲ့ အုပ်ချုပ်ရေးအဖွဲ့ဆီကို လွှဲပြောင်းပေးသွားမှာပါ” ဟု ASF တာဝန်ရှိ သူက မဇ္စျိမကို ပြောသည်။

အစည်းဝေးပြုလုပ်နေသည့် ရဲနှင့်ပျူများကို လုံခြုံရေးယူကင်းပတ်နေသည့် ရဲများအား ရွာအစပ်တွင် မိုင်းခွဲ တိုက် ခိုက်ရာ နှစ်ဦးသေဆုံးခဲ့ပြီးနောက် ရွာအတွင်းသို့ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

တိုက်ပွဲဖြစ်ပွာချိန် တနာရီကျော်အတွင်း ပျူစောထီး ၁၂ ဦးကို ဖမ်းဆီးရမိခဲ့ပြီး တော်လှန်ရေး အင်အားစုများ အထိအခိုက် မရှိ ပြန်လည်ဆုတ်ခွာလာနိုင်သည်ဟု ဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ်(၅)တပ်ရင်းနှင့် မဟာမိတ်များဖြစ်ကြသော We Must Win ပြောက် ကျားတပ်ဖွဲ့၊ တပ်ရင်း (၁၅) C.R.A တပ်ခွဲ(၁)၊ ဗန္ဓုလအဖွဲ့ ၊ မြင်းမူလျှပ်စီးအဖွဲ့ ၊ One LPDF  ၊ အညာ မိုင်းအဖွဲ့နှင့် အညာဒေသ တော်လှန်ရေးအင်အားစုများ စုပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ကံဇီး၊ ကုလားကြီး၊ ကင်းမွန်ထော်ကျေးရွာတို့မှာသုံးရွာဆက် ရွာတန်းဖြစ်ပြီး ပျူစောထီးအဖွဲ့ဝင်များနေ ထိုင်ကြ ကာ ချောင်းဦးမြို့နယ်အတွင်း စစ်ကောင်စီတပ် စစ်ကြောင်းထိုးရာတွင် လိုက်ပါခြင်း၊ ကျေးရွာများအား မီးရှို့ လုယက်ခြင်းများတွင် ပါဝင်လုပ်ဆောင်လျက်ရှိကြောင်း ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

မိဘပြည်သူများ အနေဖြင့် စစ်ကောင်စီတပ် စခန်းနေရာများကို အတတ်နိုင်ဆုံးရှောင် ရှားသွားလာပေးကြရန်နှင့် ရန်သူကို ထိုးစစ်ဆင် တိုက်ခိုက်နေသဖြင့် အရေးပေါ်လိုအပ်နေသော လက်နက်ခဲယမ်းများ ကူညီ အားဖြည့် ပေးကြပါရန် Aung San Force က အသိပေးထားသည်။

NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...
March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...