မိုင်းနောင်ကျေးရွာမှ အရပ်သား ၁ဦး စစ်ကောင်စီပစ်ခတ်၍ သေဆုံး၊ ဖမ်းဆီးခံရသူတစ်မှာ အဆက်အသွယ် ပြတ်နေ

မိုင်းနောင်ကျေးရွာမှ အရပ်သား ၁ဦး စစ်ကောင်စီပစ်ခတ်၍ သေဆုံး၊ ဖမ်းဆီးခံရသူတစ်မှာ အဆက်အသွယ် ပြတ်နေ

အင်းတော်ကြီးဒေသ၊ မိုင်းနောင်ကျေးရွာတွင် လမ်းသွားလမ်းလာ အရပ်သားတစ်ဦးကို စစ်ကောင်စီက သေနတ် ဖြင့် ပစ်ခတ်ခဲ့ရာ အဆိုပါ ပစ်ခတ်ခံရသူမှာ သေဆုံးသွားခဲ့ပြီး တစ်ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဒေသခံများက ပြောသည်။

မိုင်းနောင်ကျေးရွာ၊ ဆင်ဖြူကုန်းရပ်မှ အသက် ၃၃ နှစ်အရွယ် ဦးသိန်းလင်းကို ပြီးခဲ့သည့် ဇွန်လ ၈ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့က သေနတ်ဖြင့်ပစ်ခတ်ခြင်းဟု ဆိုသည်။ ဦးသိန်းလင်းသည် စစ်ကောင်စီတပ်က စစ်ဆေးနေ စဉ် ကြောက်လန့်ပြီး ထွက်‌ပြေးရာမှ သေနတ်ဖြင့် ပစ်ခတ်ရာ‌ သေဆုံးသွားခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ထို့အပြင် မိုင်းနောင်ကျေးရွာမှ လူငယ်တစ်ဦးကိုလည်း လက်ကိုင်ဖုန်းအတွင်း PDF ပြောက် ကျား ဝတ်စုံ ဓာတ်ပုံ တစ်ပုံ တွေ့ရှိသည်ဟုဆိုကာ ဇွန်လ ၈ ရက်နေ့တွင် စစ်ကောင်စီက ဖမ်းဆီးသွားခဲ့သည်။

အဆိုပါ လူငယ်ကို မည်သည့်နေရာတွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်းမသိရသေးဘဲ ယနေ့ ဇွန်လ ၁၄ရက်အထိ မိသားစုဝင်များနှင့် အဆက်အသွယ်ပြတ်နေသည်ဟု ဆိုသည်။

“မိုင်းနောင်အုပ်ချုပ်ရေးဖက်ကလည်း အသံမထွက်ရဲလို့ ဘယ်ကို ခေါ်လို့ခေါ်သွားမှန်းမသိဘူး ဖြစ်နေတာ။ ပါသွား တဲ့ ကလေးရဲ့ မိဘတွေကလည်း မပြောရဲတော့ သတင်းအစအနမရဘူးဖြစ်နေတာ" ဟု မိုင်းနောင်ကျေးရွာ ဒေသခံ တစ်ဦးက ပြောသည်။

အဆိုပါလူငယ်သည် စစ်ကောင်စီ စစ်ကြောင်းက မိုင်းနောင်ကျေးရွာအတွင်း ဖြတ်သန်းသွားလာသည့် အရပ်သား များကို စစ်ဆေးနေစဉ် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။

ဖမ်းဆီးခံရပြီး ရက်သတ္တပတ်ကြာသည်အထိ အဆက်အသွယ်မရသောကြောင့် ယင်းလူငယ်အတွက် စိုးရိမ်နေရ ကြောင်း ဒေသခံများကပြောသည်။

“နောက်တရက်မှာ မိုင်းနောင်ဘုရားဝင်းထဲ အဲ့စစ်သားတွေနဲ့အတူ ကလေးကိုတွေ့သေးတယ်။ ကျွန်တော်လည်း သေချာမကြည့်ရဲလို့ မြန်မြန်ပြန်လာရတယ်” ဟု မိုင်းနောင်ကျေးရွာ ဒေသခံက ပြောသည်။

လက်ရှိတွင် အင်းတော်ကြီးဒေသသို့ စစ်ကောင်စီ၏အမှတ် (၃၃) ခြေမြန်တပ်ရင်း ‌လက်အောက်ခံတပ်ဖွဲ့ဝင်များ ရောက်ရှိနေပြီး လုံးတုံစစ်တပ်နှင့် နန့်မွန်းတောင်ထိပ်ဗျုဟာကုန်းတို့တွင် နယ်မြေခံတပ်ရင်းများနှင့် ပူးပေါင်း တပ်စွဲထားခြင်း ဖြစ်သည်။

May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...
May 19, 2026
ပေါ်ထွန်း — စစ်အုပ်စုတပ်သည် မကွေးတိုင်း၊ ဆောမြို့နယ်မှတဆင့် ချင်းပြည်နယ်တောင်ပိုင်း၊...
May 18, 2026
ပါခွီး — ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်းသို့ရောက်ရှိလာသည့် စစ်ကြောင်းကို စနိုက်ဘာဖြင့်...
May 16, 2026
မကွေးတိုင်းထဲက နတ်မောက်မြို့နယ်နှင့် မန္တလေးတိုင်းထဲက ရမည်းသင်းမြို့နယ်တို့ ထိစပ်နေသည့်...