ပိတ်မိနေသည့် နန့်သာနှင့် မော်တိတ်ကျေးရွာဒေသခံများ ရိုက်နက်ခံရမှုများရှိနေ

ပိတ်မိနေသည့် နန့်သာနှင့် မော်တိတ်ကျေးရွာဒေသခံများ ရိုက်နက်ခံရမှုများရှိနေ
အင်းတော်ကနေ နန့်သာရွာကို သွားသည့် လမ်းမကြီး
အင်းတော်ကနေ နန့်သာရွာကို သွားသည့် လမ်းမကြီး

အင်းတော်မြို့နယ် နန့်သာကျေးရွာနှင့် မော်တိတ်ကျေးရွာတို့တွင် ပိတ်မိနေသောပြည်သူများကို ညဘက် ဘုန်းကြီး ကျောင်းများတွင် စုအိပ်ရန် စစ်တပ်က အမိန့်ထုတ်ထားပြီးနောက် နောက်ကျပါက ရိုက်နက်မှုများ ရှိနေသည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ် အင်အားအလုံးအရင်းဖြင့် တပ်စွဲနေသော နန့်သာကျေးရွာနှင့် မော်တိတ်ကျေးရွာတို့တွင် စစ် တပ် ထောက်ခံသူများနှင့် စစ်ကြောင်းဝင်ရောက်လာစဉ် ထွက်မပြေးလိုက်ရသော ဒေသခံများကို စစ်တပ်က ယခု ကဲ့သို့ လုပ်ဆောင်နေခြင်းဖြစ်သည်ဟု နန့်သာအုပ်စု အင်ပင်ကျေးရွာ ဒေသခံအမျိုးသားတစ်ဦးက KNG ကို ပြော သည်။

အထက်ပါအမျိုးသားက “သူတို့ သတ်မှတ်ထားတဲ့အချိန်ကိုမရောက်ရင်အရိုက်ခံရတယ်။ အထုခံရတယ်။ ဆဲဆူ ခံရတယ်။ သူတို့က ၆ နာရီသတ်မှတ်ထားရင် ၆ နာရီပြည့်ရင်လည်း ကိုယ့်အိမ်ကို ပြန်မအိပ်ရဘူးတဲ့ ဘုးန်ကြီး ကျောင်းမှာပဲ အိပ်ရတယ်တဲ့။ ရောက်ပြီဆိုရင်လည်း ရောက်ပြီဆိုတဲ့အကြောင်း ပြောရတယ်တဲ့ အခက်အခဲက တော့ ရှိတာပေါ့။ အဲ့လောက်ကြီး တင်းကြပ်ထားတော့” ဟု ပြောသည်။

စစ်ကောင်စီတပ်သည် အဆိုပါပိတ်မိနေသည့် ကျေးရွာ ၂ ရွာမှ ပြည်သူများ၏ လူဦးရေစာရင်းကို အိမ်ထောင်စု လိုက် ကောက်ယူထားပြီး မနက် ၆ နာရီမှ ည‌ ၆ နာရီအတွင်းသာ အပြင်ထွက်ခွင့်ပြုထားသည်ဟု ဆိုသည်။

ထွက်ပြေးတိမ်းရှောင်နေသည့် မော်တိတ်ဒေသခံအမျိုးသား တစ်ဦးက “မော်တိတ်မှာလည်း အတူတူပဲ နောက်ကျ ရင်တော့ အခြေအနေပေါ် မူတည်ပြီး အပြစ်အမျိုးမျိုးပေးတယ်။ သုံးလေးရက်လောက် လုံးဝအပြင် မထွက် ခိုင်းပဲနဲ့ ချုပ်ချယ်တာမျိုးပြီး ရိုက်တာမျိုးတွေလည်း ရှိတယ်ဗျ“ ဟု ပြောသည်။

ယခုပိတ်မိနေသည့် ဒေသခံများသည် နေ့ခင်းဘက်အပြင်ထွက်၍ ရသော်လည်း ညဘက်တွင် သတ်မှတ်ထား သည့် အချိန်အတွင်း ပြန်မလာပါက နေအိမ်ကိုမီးရှို့ခြင်း၊ ကျန်ရစ်မိသားစုများကို ရိုက်နက်ခြင်းများ ပြုလုပ်မည် ဟု စစ်ကောင်စီတပ်က ခြိမ်းခြောက်ထားသောကြောင့် မဖြစ်မနေ ပြန်နေရသည့် အခြေအနေ ဖြစ်မျိုး ဖြစ်နေကြ သည်ဟု ဒေသခံများက ပြောသည်။

နန့်သာကျေးရွာတွင် လူဦးရေ ၂၀၀၀ နီးပါးအနက် ၂၀၀ ကျော် ပိတ်မိနေပြီး မော်တိတ်ကျေးရွာတွင် လူဦးရေ ၁၅၀၀ ကျော်ရှိသည့်အနက် ၄၀၀ ကျော်ပိတ်မိနေခြင်းဖြစ်သည်။

မော်တိတ်နှင့် နန့်သာတွင် စစ်ကောင်စီတပ် အထိုင်ချနေသောကြောင့် လက်ရှိတွင် အောင်ကုန်း၊ အင်ပင်၊ တုံ့တော်၊ ရွာသာရွာ စသည့် ကျေးရွာများမှ ဒေသခံပြည်သူများလည်း တောတောင်များထဲတွင် ထွက်ပြေးတိမ်းရှောင်နေရ သည်ဟု ဆိုသည်။

နန့်သာကျေးရွာတွင် ယခုနှစ် မတ်လ ၂၀ ကျော်ကတည်းက စစ်ကောင်စီတပ် အင်အား ၁၀၀ ကျော် ဝင်ရောက် တပ်စွဲထားပြီး မော်တိတ်တွင်မှု မေလ လကုန်းပိုင်းကတည်းက အင်အား ၈၀ ခန့်ဝင်ရောက် တပ်စွဲထားသည်။ အဆိုပါတပ်မှာ တပ်မ ၇၇ တပ် ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

ဓါတ်ပုံ- အင်းတော်ကနေ နန့်သာရွာကို သွားသည့် လမ်းမကြီး

Most read this week

(ရှမ်းပြည်မြောက်ပိုင်း မန်တုံမြို့နယ်တွင် မြေရှားသတ္တုတူးဖော်ရန် ပြင်ဆင်နေစဉ်/ Crd)
August 18, 2026
ရှမ်းပြည် မြောက်ပိုင်း၊ မန်တုံမြို့နယ်တွင် မြေရှားသတ္တုတူးဖော်မှုကြောင့် ထိခိုက်မည့်...
ဓာတ်ပုံ - ပင်လည်ဘူးမြို့နယ် ဩဂုတ်လ ၁၆ ရက်နေ့က လေကြောင်းတိုက်ခိုက်ခံရသည့် အခြေအနေ။
August 18, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်အစပ်ရှိ ပင်လည်ဘူးမြို့နယ်၊ ကင်းပန်းကျေးရွာ ယခုရက်ပိုင်းအတွင်း...
ဓါတ်ပုံ - ရွှေကူမြို့တွင်း မြင်ကွင်းတစ်ခုအား တွေ့ရစဉ်။
August 17, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် တိုက်ပွဲများကြောင့် လမ်းပိုင်း ပိတ်ဆို့ထားသဖြင့် ကျေးရွာများ၌ အစား...
August 14, 2026
ကချင်ပြည် အတွင်းရှိ မြို့နယ် ၅ ခု၌ စစ်အုပ်စုတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)...