စစ်ကောင်စီ အခြေစိုက်ရာ နေပြည်တော်တွင် ဂိတ်စခန်း ၂ ခု တိုက်ခိုက်ခံရ

စစ်ကောင်စီ အခြေစိုက်ရာ နေပြည်တော်တွင် ဂိတ်စခန်း ၂ ခု တိုက်ခိုက်ခံရ

အာဏာသိမ်းစစ်ကောင်စီ အခြေစိုက်ရာ နေပြည်တော်တွင် လုံခြုံရေးဂိတ်စခန်းနှစ်ခု ယမန်နေ့ ဇွန်လ ၁၂ ရက်က တိုက်ခိုက်ခံခဲ့ရကြောင်း ဒေသခံများနှင့် နေပြည်တော်သတင်းရင်းမြစ်အချို့က မဇ္ဈိမကို ပြောသည်။

နေပြည်တော် လယ်ဝေးမြို့နယ်၊ အမှတ် (၄) ရပ်ကွက်ရှိ လယ်ဝေးမြို့မရဲစခန်းဂိတ်နှင့် ဇမ္မူသီရိမြို့နယ် MICC-2 ထိပ်ရှိ ဂိတ်ကင်းတဲတို့ လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်။

စစ်ကောင်စီ၏ လယ်ဝေးမြို့မ ရဲစခန်းအဝင်ဂိတ်သည် ယမန်နေ့ ညနေ ၅ နာရီဝန်းကျင်က လက်ပစ်ဗုံးဖြင့် ပစ် ခတ်ခံခဲ့ရခြင်းဖြစ်ပြီး ရဲအုပ်အပါအဝင် ရဲတပ်သားအချို့ ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း နေပြည်တော် သတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။

အဆိုပါ တိုက်ခိုက်ခံရမှုဖြစ်စဉ်တွင် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်း မရှိကြောင်းသိရပြီး မည်သည့် အဖွဲ့က လုပ်ဆောင်သည်ဆိုသည်ကိုမူ မသိရသေးပေ။

“ညက ၉ နာရီ မာရှယ်လောဆိုပြီး အဲဒီလိုမျိုး ကြားလိုက်တယ်၊ အဲဒီနောက်ပိုင်း ဆိုင်တွေဘာတွေတော့ အစော ပိတ်သွားတာကြားမိတယ်။ အခုလက်ရှိကတော့ လယ်ဝေးမြို့ထဲမှာ ပုံမှန်အတိုင်းပါပဲ ဘာမှတော့ ထူးထူးခြား ခြား ဖြစ်တာတော့ မရှိဘူး” ဟု လယ်ဝေးဒေသခံတဦးက မဇ္ဈိမကို ပြောသည်။

ရဲစခန်းအဝင်ဂိတ် တိုက်ခိုက်ခံရမှုကြောင့် ရဲတပ်သားတဦးသေဆုံးပြီး ရဲအုပ်အပါအဝင် နှစ်ဦးဒဏ်ရာရရှိ ကြောင်း သတင်းထွက်ပေါ်နေသော်လည်း မဇ္စျိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

အလားတူ MICC-2 ထိပ်ရှိ စစ်ကောင်စီဂိတ်သည် ဇွန်လ ၁၂ ရက်နေ့ ည ၈ နာရီဝန်းကျင်တွင် တိုက်ခိုက် ခံခဲ့ရ ခြင်းဖြစ်ပြီး ထိခိုက်သေဆုံးမှုအချို့ရှိနိုင်သော်လည်း တိတိကျကျမသိရသေးကြောင်း နေပြည်တော် သတင်း အရင်းအမြစ်က ပြောသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်တွင် စစ်သား၊ ရဲများဖြင့် လုံခြုံရေးတင်းကျပ် ထား သော်လည်း စစ်ကောင်စီ၏ ဂိတ်ကင်းတဲများ၊ စစ်ကောင်စီနှင့်ဆက်စပ်သည့်နေရာများတွင် ဗုံးပေါက်ကွဲမှုများ မကြာခဏဖြစ်ပွားနေကြောင်း ဒေသခံများက ပြောသည်။

April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...