မိုးကောင်းမြို့ရှိ အထက်တန်းကျောင်းများတွင် ကျောင်းပြောင်းလက်မှတ်အတွက် ငွေကြေးကောက်ခံမှုများ ရှိနေ

မိုးကောင်းမြို့ရှိ အထက်တန်းကျောင်းများတွင် ကျောင်းပြောင်းလက်မှတ်အတွက် ငွေကြေးကောက်ခံမှုများ ရှိနေ

ကချင်ပြည်နယ်၊ မိုးကောင်းမြို့က အထက်တန်းကျောင်းတွေမှာ ကျောင်းပြောင်းလက်မှတ် (TC) အတွက် ငွေကြေး ကောက်ခံမှုတွေ ရှိနေတယ်လို့ ကျောင်းသားမိဘတွေက ပြောပါတယ်။

မိုးကောင်းမြို့က အထက်တန်းကျောင်းတွေဖြစ်တဲ့ အထက-၁၊ အထက-၂၊ အထက-၃ အပါအဝင် ကျောင်း တော်တော်များများမှာ ကောက်ခံနေတာဖြစ်တယ်လို့ ကျောင်းသားမိဘတစ်ဦးက ပြောပါတယ်။

“ကျောင်းပြောင်းလက်မှတ်တွေယူတာကို ရန်ပုံငွေဆိုပြီးမှ ကောက်ခံတာပေါ့။ အရင်နှစ်တုန်းကလည်း ရှိတယ်။ မကောက်ခိုင်းစေချင်ဘူး” လို့ ပြောပါတယ်။

ငွေကြေးကောက်ခံတာ မထည့်ရင် ကျောင်းပြောင်းလက်မှတ် မထုတ်ပေးဘူးဆိုတာမျိုးကို အတိအကျ ကြားသိရ တာ မရှိပေမယ့် ကျောင်းပြောင်းချင်တဲ့ သူတွေကတော့ ထည့်ပြီးယူကြတယ်လို့ ဆိုပါတယ်။

အဲ့ဒီလို ကျောင်းပြောင်းလက်မှတ် ရယူနိုင်ဖို့အတွက် အလှူငွေ၊ ရန်ပုံငွေအနေနဲ့ စေတနာရှိသလောက် ထည့်ရတာ ရှိသလို တချို့ကျောင်းတွေဆိုရင် တစ်သိန်းသတ်မှတ်ပြီး ကောက်ခံတာလည်းရှိတယ်လို့ ကြားသိရကြောင်း နောက်ထပ် ကျောင်းသားမိဘတစ်ဦးက ပြောပါတယ်။

“တချို့တွေကျတော့လည်း ကျောင်းမပြောင်းစေချင်လို့ ကောက်တာတဲ့။ ဒါပေမယ့်လည်း တကယ် ကောက်နေတဲ့ ဟာတွေလည်း ကောက်နေတာ။ တချို့တွေကျတော့လည်း တစ်သိန်းတောင် တောင်းတယ်တဲ့။ တချို့ကျတော့ လည်း ငါးသောင်းတဲ့။ ပြောင်းချင်တဲ့သူကတော့ ပေးရတာပေါ့” လို့ ပြောပါတယ်။

အရင်နှစ်တုန်းက အခုနှစ်ထက် ငွေကြေးကောက်ခံတာဆိုးတယ်လို့ ကျောင်းသားမိဘတွေရဲ့ ပြောပြချက်အရ သိရသလို မိုးကောင်းမြို့က ကျောင်းတွေသာမက နမ္မတီးမြို့က ကျောင်းမှာလည်း အခုလိုကောက်ခံတာ ရှိတယ် လို့ ကြားသိရပါတယ်။

ကျောင်းပြောင်း(TC)လက်မှတ်အတွက် ငွေကြေးကောက်ခံတာတွေကို ကျောင်းကလုပ်ပိုင်ခွင့်မရှိသလို တိတိ ကျကျသိရှိရရင် အရေးယူမှုတွေ ပြုလုပ်မှာဖြစ်တယ်လို့ မိုးညှင်းခရိုင်ပညာရေးမှူးက မြစ်ကြီးနားသတင်းဂျာနယ် ကို ပြောပါတယ်။

April 24, 2026
ကချင်ပြည်နယ် ဖားကန့်မြို့ နယ် လုံးခင်းကျေးရွာက ဆေးရုံတစ်ခုမှာ ဆရာဝန်တွေနဲ့ သူနာပြုတွေအပါ အယောက်...
April 23, 2026
ကချင်ပြည်နယ် ဖားကန့်ဒေသဘက် စစ်ကော်မရှင်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ ရှိတဲ့အတွက်...
April 22, 2026
လျှပ်စစ်မီးပြတ်တောက်နေတဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဘက်ထရီဆိုင်ကယ် အသုံးပြုတဲ့သူတွေ...
April 21, 2026
ကချင်ပြည်နယ်ရဲ့ မြို့တော်မြစ်ကြီးနားမှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ၃ ရက်ကြာလာတဲ့အချိန်...