မအူပင်မြို့ ငလျင် စေတီ ၁ ဆူ စိန်ဖူးတော်ကျိုးကျ၊ အဆောက်အအုံ ပြိုကျ၍ သီလရှင် ၁ ပါး ကွယ်လွန်

မအူပင်မြို့ ငလျင် စေတီ ၁ ဆူ စိန်ဖူးတော်ကျိုးကျ၊ အဆောက်အအုံ ပြိုကျ၍ သီလရှင် ၁ ပါး ကွယ်လွန်

ဧရာဝတီတိုင်း၊မအူပင်မြို့တွင် ဇွန်လ ၇ ရက်နေ့၊ ညနေ ၄ နာရီကျော်က အချိန်က အင်အားပြင်းထန်သည့် ငလျင်လှုပ်ရှားသွားခဲ့ပြီး အဆောက်အအုံပြိုကျ၍ သီလရှင်တစ်ပါးကွယ်လွန်ခဲ့သည့်အပြင် အမျိုးသမီးတစ်ဦး ဒဏ်ရာရသွားကြောင်း မြို့ခံများကပြောသည်။

ငလျင်သည် ဇွန်လ ၇ ရက်နေ့၊ ညနေ ၄ နာရီ ၂၀ မိနစ်ခန့်တွင် စတင်လှုပ်သွားခြင်း ဖြစ်ကြောင်း မအူပင်မြို့ခံများ က ပြောသည်။

မြို့ခံတစ်ဦးက “မအူပင်မှာ အပျက်အစီးတွေ ရှိတယ်။ ရွှေဘုန်းပွင့်ဘုရားနားမှာ သီလရှင်တစ်ပါး အုတ်တွေ ပိပြီးသေဆုံးတယ်” ဟု ပြောသည်။

မအူပင်မြို့၊အမှတ် ၆ ရပ်ကွက်ရှိ  မိုးကုတ်ဝိပဿနာကျောင်းတိုက်မှ အဆောက်အဦတစ်ခုပြိုကျပြီး  ယင်း အဆောက်အအုံအတွင်းရှိ  သီလရှင်တစ်ပါး ကွယ်လွန်ခဲ့ကာ  အမျိုးသမီးတစ်ဦးဒဏ်ရာရှိခဲ့ကြောင်း မြို့ခံများက ပြောသည်။  ဒဏ်ရာရသောအမျိုးသမီးကို ဆေးရုံသို့ပို့ဆောင်ထားပြီး နောက်ဆက်တွဲအခြေအနေကိုမူ မသိရ သေးပေ။

မအူပင်မြို့ နည်းပညာတက္ကသိုလ်အဆောက်အဦသည် ငလျင်ဒဏ်ကြောင့် ပျက်စီးမှုအချို့ရှိခဲ့ပြီး ရွှေဘုန်းပွင့် စေတီလည်း စိန်ဖူးတော်ကျိုးကျခဲ့သည်ဟု မြို့ခံများကပြောသည်။

ငလျင်သည် ညောင်တုန်းမြို့၏ တောင်-အရှေ့တောင်ဘက် ငါးမိုင်ခန့်အကွာတွင် အနက် ၁၀ ကီလိုမီတာကို ဗဟို ပြု၍ အင်အားရစ်(ခ်)တာစကေး ၄ ဒဿမ ၈အဆင့်ဖြင့် လှုပ်ခတ်သွားကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန် ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။

အမေရိကန် လူမိလေ့လာရေးဌာန USGS ကမူ အဆိုပါ ငလျင်သည် မအူပင်မြို့အနီး ဗဟိုပြုကာ ပြင်းအား ရစ်(ခ်) တာစကေး ၄ ဒဿမ ၈ အဆင့်ဖြင့် လှုပ်ခတ်ခြင်းဟု ထုတ်ပြန်ထားသည်။

ငလျင်လှုပ်ရှားမှုသည် မအူပင်မြို့တွင်သာမက ဧရာဝတီတိုင်းအတွင်းရှိ ညောင်တုန်း၊ ဘိုကလေး၊ ဖျာပုံမြို့နှင့် ရန်ကုန်မြို့တွင်လည်း သိသာခဲ့ကြောင်း မြို့ခံများကပြောသည်။

ရန်ကုန်မြို့တွင် ကမာရွတ်၊အလုံ၊ အင်းစိန်၊ လှိုင်သာယာ၊ မင်္ဂလာဒုံနှင့် သန်လျင်မြို့တို့၌ ငလျင်လှုပ်ခတ်မှုကို သိရှိလိုက်ရသည်ဟု ဒေသခံများကပြောသည်။

အလုံမြို့နယ်မှ ဒေသခံတစ်ဦးက “၄ နာရီ ၂၄ မိနစ်မှာလှုပ်တာ။ နည်းနည်းလေးလည်းကြာတယ်။ လွှဲနေသလိုပဲ တော်တော်သိသာတယ်” ဟု မဇ္ဈိမကို ပြောသည်။

ဇွန်လ ၇ ရက်နေ့၊ ညနေ ၅ နာရီ ‌၄၀ မိနစ် အချိန်ထိ နောက်ဆက်တွဲ ငလျင် သုံးကြိမ်လှုပ်ခတ်ခဲ့ကြောင်း ရန်ကုန် မြို့ခံများက ပြောသည်။ ဗဟိုချက်ဖြစ်သော မအူပင်မြို့တွင် နောက်ဆက်တွဲငလျင်များ မကြာခဏလှုပ်ခတ်နေ၍ စိုးရိမ်ထိတ်လန့်နေကြသည်ဟု မြို့ခံများကပြောသည်။

ပြီးခဲ့သည့် မေလ ၃၁ ရက်နေ့၊ ညနေကလည်း ကချင်ပြည်နယ်၊ ဟိုပင်မြို့ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၅ ဒဿမ ၉ အဆင့်ရှိ ငလျင်လှုပ်ခတ်သွားခဲ့ရာ မြန်မာနိုင်ငံ၌ ၈ ရက်အတွင်း အင်အား သိသိသာသာ ပြင်းထန် သော ငလျင်နှစ်ကြိမ် လှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်။

August 20, 2026
Aung Kyi Nyunt, a Central Executive Committee (CEC) member of the National League for Democracy...
ဘီးလင်းတံတား စစ်ဆေးရေးဂိတ်ရှိ အဆောက်အအုံတစ်ခု / YT
August 20, 2026
မွန်ပြည်၊ ကျိုက်ထိုမြို့နယ်အတွင်း ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်၌ စစ်အုပ်စုတပ်က...
ဓာတ်ပုံ – အထည်ချုပ်စက်ရုံတွင်းပုံ / Crd
August 20, 2026
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်ရှိ အထည်ချုပ်စက်ရုံအချို့တွင် အလုပ်သမားများကို အချိန်ပို...
ဓာတ်ပုံ - Thazin Nyunt Aung (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် လွှတ်တော်ကိုယ်စား လှယ်ဟောင်း ဦးဖြိုးဇေယျာသော်။
August 19, 2026
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော် ဖမ်းဆီး...