နေရပ်ပြန် ရွှေကူစစ်ရှောင်ကျေးရွာများတွင် စစ်တပ်ဝင်လာသဖြင့် ထပ်မံ ထွက်ပြေးနေရ

နေရပ်ပြန် ရွှေကူစစ်ရှောင်ကျေးရွာများတွင် စစ်တပ်ဝင်လာသဖြင့် ထပ်မံ ထွက်ပြေးနေရ
ရွှေကူစစ်ရှောင် ပြည်သူများ နေထိုင်သည့် စစ်ရှောင်နေရာ
ရွှေကူစစ်ရှောင် ပြည်သူများ နေထိုင်သည့် စစ်ရှောင်နေရာ

တိုက်ပွဲငြိမ်သက်သဖြင့် နေရပ်ပြန်သော ရွှေကူမြို့ အရှေ့တောင်ဘက်ခြမ်းရှိ ဒေသခံများသည် လက်ရှိတွင် စစ်ကောင်စီ စစ်ကြောင်းပြန်လည်ဝင်ရောက်လာမှုကြောင့် ထပ်မံ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

စစ်ကောင်စီတပ် အင်အား ၈၀ ကျော်ပါသော စစ်ကြောင်းသည် မေလ ၂၉ ရက်နေ့ညပိုင်းက ရွှေကူမြို့နယ်၏ ငအိုးဘက်သို့ ဝင်ရောက်လာသောကြောင့် ရွာသားများ ထပ်မံ ထွက်ပြေးနေရခြင်း ဖြစ်သည်။

နေရပ်ပြန် ကျေးရွာတစ်ခုဖြစ်သော စီသာကျေးရွာမှ စစ်ရှောင် အမျိုးသားတစ်ဦးက “ဒီဘက်စစ်ရှောင်နေတဲ့ ရွာတွေက အခုအားလုံးနီးပါး ပြန်ဝင်နေကြပြီလေ ဒါပေမယ့်စစ်ကြောင်းဝင်လာတော့ တချို့ရွာတွေ ထွက်ပြေး နေကြရတယ်။ သူတို့ဖြတ်သွားတဲ့ လမ်းကြောင်းက ရွာတွေပြန်ပြေးနေကြတယ်” ဟု ပြောသည်။

ယခု ထပ်မံထွက်ပြေးရသည့် ရွာသားများမှာ ပြန်လည်ထူထောင်ရေးလုပ်နေသည့် ရွှေကူမြို့ အရှေ့တောင် ဘက်ခြမ်းရှိ စစ်ဘေးရှောင်ရွာ ၁၂ ရွာမှ နန့်လန်၊ နောင်လတ်ကြီး၊ ဝင်ဝ စသည့် ကျေးရွာသုံးရွာမှ ပြည်သူများ ထွက်ပြေးနေရခြင်း ဖြစ်သည်။

တဖန်ထွက်ပြေးနေရသော နောင်လတ်ကြီး၊ နန့်လန်နဲ့ ဝင်ဝ ကျေးရွာများသည် အိမ်ခြေ ၁၀၀ ကျော်ရှိသည့် ကျေး ရွာများဖြစ်ပြီး လူဦးရေအားဖြင့် ၁၀၀၀ ကျော်ရှိကာ တောတောင်များထဲ ထပ်မံထွက်ပြေးနေရကြရခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

နန့်လတ်၊ နောင်လတ်ကြီး၊ ဝင်ဝကျေးရွာများအပါအဝင် စီမူလေး၊ စီမူကြီး၊ မံဝင်း၊ စီသာ၊ စီသောင်စသည့် ကျေးရွာပေါင်း ၁၂ ရွာကို စစ်ကောင်စီတပ်က ပြီးခဲ့သည့် မတ်လ ၂၀ ကျော်တွင်ဝင်ရောက်မီးရှို့ခဲ့သောကြောင့် လက်ရှိအချိန်ထိ ကျေးရွာ ၁၂ ရွာမှ ပြည် ၈၀၀၀ နီးပါးသည် အိုးမဲ့အိမ်မဲ့ဖြစ်နေဆဲဖြစ်သည်။

ထို့နောက် တိုက်ပွဲငြိမ်သက်သဖြင့် အဆိုပါဒေသခံများသည် ယခုနှစ် မေလတွင် နေရပ်ပြန်ရာမှ ယခုတွင် ကျေးရွာ ၃ ရွာ ပြန်လည်ထွက်ပြေးနေရခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် စစ်တပ်မှ အာဏာသိမ်းပြီးနောက် မေလ ၈ ရက်နေ့အထိ နေရပ်စွန့်ခွာထွက်ပြေးတိမ်း ရှောင် နေကြရသည့် စစ်ဘေးရှောင် ၂ သန်းကျော်ရှိလာပြီဖြစ်ကြောင်း ISP Myanmar က ထုတ်ပြန်ထားသည်။

Most read this week

January 23, 2026
နော်ထွယ့်(ဟူးကောင့်) — ဗန်းမော်မြို့၊ ကောင်ဂျာကျေးရွာမှာ နာရေးဆုတောင်းပွဲပြုလုပ်ဖို့...
January 22, 2026
အမိုး — စစ်ကိုင်းနဲ့ ကချင်အစပ်က တိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈...
January 21, 2026
စစ်ကိုင်းနဲ့ ကချင်အစပ်က တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့ရဲ့...
January 20, 2026
ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC က စေတနာ့ဝန်ထမ်း ကချင်ဆရာမ ၂ ဦး...