ကလေးမြို့နယ်တောင်ပိုင်းကရွာထဲ လက်နက်ကြီးကျ၊ ကလေးငယ်အပါအဝင် (၄)ဦး ဒဏ်ရာရ

ကလေးမြို့နယ်တောင်ပိုင်းကရွာထဲ လက်နက်ကြီးကျ၊ ကလေးငယ်အပါအဝင် (၄)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် သာယာကုန်းကျေးရွာမှာ လက်နက်ကြီးကျရောက် ပေါက်ကွဲမှုကြောင့် ကလေးငယ်အပါအဝင် ဒေသခံ ၄ ဦး ဒဏ်ရာရှိခဲ့ပါတယ်။

မေလ ၂၇ ရက်နေ့၊ ညနေပိုင်း (၃) နာရီအချိန်လောက်က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ခြင်း ဖြစ် တယ်လို့ သာယာကုန်းကျေးရွာက ဒေသခံတစ်ယောက် က ပြောပါတယ်။

“ခြံဝင်းထဲကျပြီးပေါက်တာ အိမ်ရှင်လင်မယား နှစ်ယောက်ကို ထိတယ်။ ပြီးတော့ ဘေးအိမ်က ကလေးလေး တစ်ယောက်နဲ့ ယောက်ကျားလေး တစ်ယောက်ကို ထိတယ်ပေါ့။ အဲ့ဒီထဲမှာတော့ (၂) ယောက်ကတော့ ဒဏ်ရာ ပြင်းထန်လို့ ဆေးရုံကိုပို့တယ်။ ကျန်တဲ့ (၂) ယောက်ကတော့ စိုးရိမ်ရတဲ့ အခြေအနေတော့ မဟုတ်ဘူး” လို့ ပြော ပါတယ်။

ကလေးမြို့မှာပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကလေးမြို့နယ်တောင်ပိုင်းက ကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ နေ့စဉ်လုပ်ဆောင်နေတယ်လို့ ကလေးမြို့ဒေသခံတွေကပြောဆိုနေကြပါတယ်။

ဒီလို ပစ်ခတ်မှုတွေထဲ မေလ ၂၇ ရက်နေ့၊ ညနေပိုင်းက ပစ်ခတ်မှုထဲမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပစ်ခတ် လိုက်တဲ့ လက်နက်ကြီးကျည်ဟာ ကလေးမြို့နယ် တောင်ပိုင်း သာယာကုန်းကျေးရွာက ဒေသခံတစ်ယောက်ရဲ့ နေအိမ်ခြံဝန်းအတွင်း ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။

လက်နက်ကြီးကျတဲ့ နေရာ အနီးက ကလေးတစ်ယောက်အပါအဝင် ခြံပိုင်ရှင်၊ အနီးအနားရှိ ဒေသခံ စုစုပေါင်း ၄ ဦးကို ထိခိုက်ဒဏ်ရာ ရရှိခဲ့ ပါတယ်။

ဒီလို နေ့စဉ်နီးပါး လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေက စစ်တပ်ဘက်ကသာ တဖက်သတ်ပစ်ခတ်နေတာဖြစ်ပြီး သာယာကုန်းကျေးရွာအတွင်းမှာ တိုက်ပွဲဖြစ်ပွားတာမျိုး အပြန်အလှန်ပစ်ခတ်မှု တစ်စုံတစ်ရာ ဖြစ်တာမျိုးတွေ မရှိဘူးလို့ ဒေသခံတွေ က ပြောပါတယ်။

ကလေးမြို့နယ် တောင်ပိုင်းဖက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ကလေးဒေသ ခုခံကာကွယ်ရေး တပ်ဖွဲ့ဝင်တွေ အကြား တိုက်ပွဲပြင်းထန်နေပြီး ကလေးဒေသ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက ကလေး - ဂန့်ဂေါ လမ်းမ ကြီးကို အသုံးမပြုကြသေးဖို့ အသိပေး ထုတ်ပြန်ထားပါတယ်။

April 25, 2026
ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်မှာ ဧပြီလ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း...
April 24, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်ကြောင်းထိုးလာနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့တွေနဲ့ ဖလမ်းမြို့နားမှာ...
April 23, 2026
ဇိုဂမ် (Zogam) နယ်မြေအတွင်းကို ဘယ်ပြင်ပအဖွဲ့အစည်းကမှ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်တာကို...
April 22, 2026
အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်က NCA ကာလတုန်းက မူဟောင်းကြီးကို ပြန်အစဖော်ပြီး CNF အပါအဝင်...