စစ်ကောင်စီနှင့် တွေ့ဆုံခဲ့သည့် မွတ်ဆလင်ဒုက္ခသည်များ လိုအပ်ချက်များကို တောင်းဆိုခွင့်မရခဲ့

စစ်ကောင်စီနှင့် တွေ့ဆုံခဲ့သည့် မွတ်ဆလင်ဒုက္ခသည်များ လိုအပ်ချက်များကို တောင်းဆိုခွင့်မရခဲ့

မွတ်ဆလင်ဒုက္ခသည်များ ပြန်လည်လက်ခံရေးနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် စစ်ကောင်စီတာဝန်ရှိသူများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက္ကနာ့ဖ်မြို့သို့ သွားရောက်ခဲ့ပြီး ဒုက္ခသည်များနှင့် တွေ့ဆုံခဲ့ရာ လိုချက်များ တောင်းဆိုခွင့် မရခဲ့ဘူးဟု ပြောသည်။

ရခိုင်ပြည်နယ် စစ်ကောင်စီ လူမှုရေးဝန်ကြီး ဦးအောင်မျိုးနှင့် မောင်တောခရိုင်အုပ်ချုပ်ရေးမှူးပါ ၁၄ ဦးတို့မှာ တက္ကနာဖ်မြို့ရှိ လူထုစင်တာတွင် မွတ်ဆလင်ဒုက္ခသည် စခန်း (၂၉) မှ ဒုက္ခသည် ၂၈၀ ဦးနှင့် တွေ့ဆုံခဲ့ပြီး ပြန် လည်လက်ခံရေးနှင့်ပတ်သက်သည့် ၎င်းတို့၏ လုပ်ဆောင်ချက်များကို ရှင်းပြခဲ့ကြောင်း ဒုက္ခသည်များကပြောသည်။

သို့သော် ဒုက္ခသည်များ၏ လိုအပ်ချက်များကို တင်ပြခွင့်မရရှိခဲ့ကြောင်း မေလ ၂၅ ရက်နေ့က စစ်ကောင်စီနှင့် သွားရောက် တွေ့ဆုံခဲ့ရာတွင် ပါဝင်သည့် အမည်မဖော်လိုသူ မွတ်ဆလင်ဒုက္ခသည်တစ်ဦးက ပြောသည်။

“စစ်ကောင်စီက ပထမဆုံးအနေနဲ့ တောင်ပြိုလက်ဝဲ၊ ငါးခူးရ ပြန်လည်လက်ခံရေးစခန်းမှာ လက်ခံမယ်။ အဲဒီ မှာ ၃ ရက်လောက် ထားပြီးတော့ လှဖိုးခေါင်စခန်းကို ပို့မယ်။ နောက်ပြီးတော့ သူတို့စီစဉ်ထားတဲ့ ကျေးရွာ ၁၅ ရွာမှာ နေရာချထားပြီးတော့ NVC ကတ် ထုတ်ပေးမယ်ဆိုပြီးတော့ ပြောတယ်။ ကျနော်တို့ တောင်းဆိုခွင့် ဘာမှ မရလိုက်ဘူး” ဟု ၎င်းကဆိုသည်။

မွတ်ဆလင်ဒုက္ခသည်များမှာ မိမိတို့နေထိုင်ခဲ့သည့် မူလနေရာတွင် နေထိုင်ရေး၊ နိုင်ငံသားဖြစ်ခွင့် ရရှိရေး၊ လုံခြုံ ရေး အာမခံချက်ရရှိရေး စသည့်အချက် ၃ ချက်ကို တောင်းဆိုရန် ပြင်ဆင်ထားသော်လည်း တစုံတရာ တောင်း ဆိုခွင့်မရခဲ့ဘဲ စစ်ကောင်စီအဖွဲ့ဝင်များမှာ ပြန်သွားခဲ့ကြောင်း မွတ်ဆလင်ဒုက္ခသည်များကပြောသည်။

မွတ်ဆလင်ဒုက္ခသည်များ တောင်းဆိုချက်များကို ပြောဆိုတင်ပြခွင့်မရခဲ့သဖြင့် စစ်ကောင်စီက ပြင်ဆင်နေသည့် ပြန်လည်လက်ခံရေးကိစ္စမှာလည်း မဖြစ်နိုင်ကြောင်း ကူတူပါလောင်ဒုက္ခသည်စခန်းမှ ကိုအောင်မြိုင်က ပြော သည်။

ကူတူပါလောင်ဒုက္ခသည်စခန်းမှ ကိုအောင်မြိုင်က “ကျနော်တို့ လိုအပ်ချက်တွေကို ဘာမှမပေးဘဲ သူတို့ လုပ်ချင် သလို လုပ်နေကြတာ။ နိုင်ငံတကာမှာ မျက်နှာရအောင် လုပ်ဆောင်နေတာဖြစ်တယ်” ဟု ပြောသည်။

ပြီးခဲ့သည့် မေလ ၅ ရက်ကလည်း မွတ်ဆလင်ဒုက္ခသည် ၂၀ ဦးခန့်ကို မောင်တောမြို့နယ်ရှိ ပြန်လည်လက်ခံရေး စခန်းများသို့ ခေါ်ယူကာ စစ်ကောင်စီက ပြင်ဆင်ထားသည့် နေရာများကို လိုက်ပြခဲ့သည်။

စစ်ကောင်စီသည် ဘင်္ဂလားဒေ့ရှ်ရောက် မွတ်ဆလင်ဒုက္ခသည်များထဲမှ လူဦးရေ ၁,၀၀၀ ကျော်ကို ပထမဆုံး အသုတ်အနေဖြင့် ပြန်လည်လက်ခံရန် စီစဉ်ထားပြီး မည်သည့်နေ့တွင်လက်ခံမည်ကို အတိအကျ မသိရသေးပေ။

“မိုခါ”မုန်တိုင်းတိုက်ခတ်ပြီး ရက်သတ္တပတ်အကြာတွင် စစ်ကောင်စီက ပြန်လည်လက်ခံရေးကိစ္စကို အသေး အသန် ကြိုးပမ်းနေခြင်းမှာ ICJ အရေးတွင် ကာကွယ်နိုင်ရန် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူ အချို့က သုံးသပ်ကြသည်။

၂၀၁၇ ခုနှစ် မောင်တောဒေသတွင် ARSA က ရဲကင်းစခန်းများကို တိုက်ခိုက်မှုပြုလုပ်ခဲ့ပြီးနောက် စစ်တပ်က နယ် မြေရှင်းလင်းရေးဆောင်ရွက်ရာတွင် မွတ်ဆလင်(၇)သိန်းကျော်မှာ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခဲ့ရကြောင်း နိုင်ငံ တကာအဖွဲ့အစည်းများက ပြောဆိုထားသည်။ မြန်မာအာဏာပိုင်များကမူ ၂၀၁၇ ခု နောက်ပိုင်း ဘင်္ဂလားဒေ့ရှ် နိုင် ငံသို့ ထွက်ပြေးသွားသည့် မွတ်ဆလင်အရေအတွက်မှာ ၅ သိန်းကျော်သာရှိကြောင်း ထုတ်ပြန်ထားသည်။

ပုံစာ - ယမန်နေ့က စစ်ကောင်စီနှင့် ဘင်္ဂလားဒေ့ရှ်ရောက် မွတ်ဆလင်ဒုက္ခသည်များ တွေ့ဆုံခဲ့စဉ်။ ဓာတ်ပုံ - Aung Myaing facebook

စစ်အုပ်စုတပ်၏ တိုက်လေယာဉ်များကို တွေ့ရစဉ်။ / GETTY IMAGES
September 18, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ စစ်အုပ်စုတပ်၏ ယခင် တပ်စခန်းဟောင်းနေရာများကို စစ်အုပ်စုတပ်က...
ရသေ့တောင်မြို့ဝင် ဆိုင်းဘုတ်အား ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / Crd
September 17, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် နယ်နိမိတ် ထိစပ်နေသည့် ရသေ့တောင်မြို့နယ်၊ မေယုတောင်တန်းအနီးရှိ...
စစ်အုပ်စုတပ်၏ ဂျက်ဖိုက်တာများ စစ်ရေးလေ့ကျင့် ပျံသန်းနေစဉ်။ / MOI
September 17, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ စစ်တွေနယ်စပ် ပုဏ္ဏားကျွန်းမြို့နယ်ရှိ...
အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ ကုန်တင်ယာဉ်အချို့။ / Credit: DMG
September 16, 2026
အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်း နယ်စပ်၌ ဒေသခံလူငယ်များနှင့် ရခိုင် စက်လှေသမားများ အချေ...