မုန်တိုင်းကြောင့် သစ်ပင်များပြုန်းတီးသွား၍ ရာသီဥတုဖောက်ပြန်မှု ပိုမိုဆိုးဝါးလာနိုင်

မုန်တိုင်းကြောင့် သစ်ပင်များပြုန်းတီးသွား၍ ရာသီဥတုဖောက်ပြန်မှု ပိုမိုဆိုးဝါးလာနိုင်
မိုခါမုန်တိုင်းကြောင့် ရသေ့တောင်မြို့နယ်က သစ်ပင်များပျက်စီးသွားမှု မြင်ကွင်းတစ်ခု။
မိုခါမုန်တိုင်းကြောင့် ရသေ့တောင်မြို့နယ်က သစ်ပင်များပျက်စီးသွားမှု မြင်ကွင်းတစ်ခု။

“မိုခါ” ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် မြို့၊ရွာများရှိ သစ်ပင်ကြီး/ငယ်များ အပါအဝင် တောတောင်များ ရှိ သစ်ပင်အများအပြား ပြိုလဲပျက်စီးသွားသဖြင့် လာမည့်ကာလများတွင် အပူချိန်အမြင့်တက်ကာ မိုးခေါင်ရေ ရှားမှုများ ဖြစ်ပေါ်လာနိုင်သည်ဟု မိုးဇလတာဝန်ရှိသူနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသူများက ပြောသည်။

ရခိုင်ပြည်နယ်တွင် မုန်တိုင်းတိုက်ခတ်ပြီးနောက် စစ်တွေ၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ သစ်ပင်များ၊ ရသေ့တောင်နှင့် မောင်တောမြို့နယ်က မေယုတောင်တန်းများရှိ သစ်ပင်များကျိုးပဲ့ကာ လုံးဝပျက်စီးသွားသည်ကို DMG က ကွင်း ဆင်းလေ့လာစဉ် မြင်တွေ့ခဲ့ရသည်။

သစ်ပင်ပြုန်းတီးမှုများကြောင့် လာမည့်နှစ်များ အတွင်း မြန်မာနိုင်ငံထဲ ရာသီဥတုဖောက်ပြန်မှု၊ အပူချိန်မြင့်တက် မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလှထွန်းက သုံးသပ်သည်။

“မိုခါ မုန်တိုင်းပြီးနောက် ရခိုင်ပြည်နယ် အပါအဝင် မြန်မာတစ်နိုင်ငံလုံးမှာ အပူချိန် မြင့်တက်လာတာကို တွေ့ရ တယ်။ ရခိုင်ပြည်နယ်မှာတော့ မုန်တိုင်းကြောင့် သစ်တောတွေ တော်တော်များများ ပျက်စီးသွားတော့ အခုနှစ် တွေမှာ မသိသာနိုင်ပေမယ့် နောက်နှစ်တွေမှာဆိုရင် ရာသီဥတုဖောက်ပြန်မှုတွေက တော်တော်လေးကို ဆိုးဝါး လာနိုင်တယ်။ အပူချိန်နဲ့ မိုးရေချိန်လက်မ ပြောင်းလဲမှုတွေရှိလာနိုင်တယ်” ဟု ဦးလှထွန်းက DMG ကို ပြော သည်။

ထို့ကြောင့် ပျက်စီးသွားသည့် သစ်ပင်များနှင့် တောတောင်များမှာ မူလအတိုင်း ပြန်ဖြစ်လာနိုင်ရန်အတွက် ကာလ တိုအတွင်း ကြီးထွားမှုအားကောင်းသော သစ်ပင်များကို အမြန်ဆုံးစိုက်ပျိုးကြဖို့လိုအပ်ကြောင်း သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းကာကွယ်သူများက ပြောဆိုကြသည်။

ရခိုင်ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအသင်း ဥက္ကဋ္ဌ ဦးရန်နောင်စိုးက “မုန်တိုင်းကြောင့် သစ်တောတွေ ပြုန်းတီးသွားတာကြောင့် ရခိုင်ပြည်ရဲ့သဘာဝက တော်တော်လေးကို ဆိုးရွားလာနိုင်တယ်။ အပူ ချိန် မြင့်တက်မှုတွေ၊ မိုးခေါင်ရေရှားမှုတွေက အဆိုးရွားဆုံး ဖြစ်လာနိုင်တယ်။ ဒါကြောင့် မြို့ရွာတိုင်းမှာ သစ် ပင်တွေ ပြန်လည်ပြီး အစားထိုးစိုက်ပျိုးကြဖို့ အရေးကြီးတယ်။ သစ်ပင်တွေဆိုတာက ကာလရှည်ကြာ စိုက်ပျိုး ရတာဖြစ်တဲ့အတွက် နှစ် ၅၀ လောက်ထိ စောင့်ဆိုင်းရမှာဖြစ်တာကြောင့် ကာလတိုအတွင်း ကြီးထွားနိုင်တဲ့ ပလ္လင်ပင်တွေကို အဓိကထိုးပြီး စိုက်ပျိုးသင့်တယ်” ဟု ပြောသည်။

မုန်တိုင်းကြောင့် ရခိုင်သစ်တော အများအပြား ပျက်စီးခဲ့ရာ သစ်တောများတွင် မှီတင်နေထိုင်နေကြသည့် ကျေး ငှက်များနှင့် တောရဲတိရိစ္ဆာန်များအတွက် စားကျက်မြေများ ရှားပါးသွားသဖြင့် တိရိစ္ဆာန်များလည်း မျိုးတုန်းလာ နိုင်ကြောင်း ၎င်းက ဆက်ပြောသည်။

မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်၏ ရာသီဥတုအခြေအနေမှာ ယခင်ကထက် ဆိုးရွားလာနိုင်ပြီး သစ်ပင်များကို တိုး ချဲ့စိုက်ပျိုးကြဖို့ လိုအပ်သလို၊ သက်ဆိုင်ရာ အာဏာပိုင်များအနေဖြင့်လည်း သစ်တောများ ယခင်ကထက် ပိုမို စောင့်ရှောက်သင့်ကြောင်း Green Sittwe အဖွဲ့ အလုပ်အမှုဆောင်ကော်မတီဝင် မလှမိုးတာရာလှိုင်က ပြောသည်။

“အခုနှစ်တွေအတွင်း ရခိုင်မှာ အပူချိန်မြင့်တက်မှုတွေ၊ မိုးခေါင်မှုတွေရှိလာတယ်။ အခုမုန်တိုင်းတိုက်ခတ်မှု ကြောင့် သစ်တောသစ်ပင်တွေ ပြုန်းတီးသွားတော့ ရာသီဥတုက အရင်ကထက် ဆိုးရွားလာနိုင်တယ်။  အဲဒီ ရာ သီဥတုဖောက်ပြန်မှုကို ကာကွယ်နိုင်ဖို့အတွက် အရိုးရှင်းဆုံးနည်းကတော့ သစ်ပင်တွေကို တိုးမြှင့်စိုက်ပျိုးတာ ဖြစ်တယ်။ အစိုရအနေနဲ့လည်း သစ်တောတွေကနေ သစ်ခိုးထုတ်မှုတွေကို ဥပဒေနဲ့အညီ တင်းတင်းကျပ်ကျပ် ကိုင်တွယ်သင့်တယ်” ဟု သူကပြောသည်။

သစ်တောပြုန်းတီးမှုကြောင့် မိုးခေါင်ရေရှားမှုနှင့်အတူ သောက်သုံးရေမသန့်ရှင်းများ ဖြစ်ပေါ်လာနိုင်ပြီး နောက် ဆက်တွဲအဖြစ် အစာရေစာရှားပါးမှုနှင့် ကျန်းမာရေးပြဿနာများ တိုးလာနိုင်ကြောင်း ၎င်းကသုံးသပ်သည်။

မေလ ၁၄ ရက်နေ့က တိုက်ခိုက်ခဲ့သည် အင်အားပြင်း “မိုခါ” ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်သူများ၏ နေအိမ်အဆောက်အအုံများနှင့် စီးပွားရေးလုပ်ငန်း အများအပြား ပျက်စီးဆုံးရှုံးသွားခဲ့ရသည်။

April 4, 2026
အာရက္ခတပ်တော်(‌AA) ထိန်းချုပ်မြို့နယ်များအတွင်း လိုင်စင်မဲ့ တရားမဝင် ဆေးကုသမှု ပေးနေသည့် ဆရာဝန်...
ကျောက်နီမော်ကျေးရွာက ရေလုပ်သားများကို ၂၀၂၆ ခုနှစ်၊ မတ်လအတွင်းက တွေ့ရစဉ်။
April 3, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှ မွတ်ဆလင် ဦးရေ ၂၀...
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်(အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့)တွင် စစ်ကောင်စီက မြောက်ဉီးဆေးရုံကြီးကို လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်ပြီးနောက် သေဆုံးသွားသူများ၏ ကျန်ရစ်သူ မိသားစုဝင်များ ငိုကြွေးနေသည်ကို တွေ့ရစဉ်။
April 2, 2026
၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ရခိုင်ပြည်တွင် စစ်ကောင်စီ၏ လေကြောင်း၊ ဒရုန်းဖြင့် ဗုံးကြဲမှု၊ လက်နက်ကြီး...
April 1, 2026
အိန္ဒိယနိုင်ငံကနေ ရခိုင်ပြည်သို့ စက်သုံးဆီ ရောင်းချသယ်ယူခွင့်ကို အာဏာပိုင်များက...