လယ်ယာစိုက်ပျိုးရေးဘဏ်ချေးငွေများ အင်းတော်ကြီးဒေသက လယ်သမားများ မရရှိသေး

လယ်ယာစိုက်ပျိုးရေးဘဏ်ချေးငွေများ အင်းတော်ကြီးဒေသက လယ်သမားများ မရရှိသေး

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ စိုက်ပျိုးရာသီချိန်မှာ နှစ်စဉ်နှစ်တိုင်းထုတ်ချေးပေးနေတဲ့ စိုက်ပျိုးရေး ချေးငွေ တွေ စတင်ထုတ်ပေးနေပြီဖြစ်ကြောင်း ကြေညာထားပေမယ့် အင်းတော်ကြီးဒေသက လယ်သမားများက ချေး ငွေမရသေးဘူးဟု ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီရဲ့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က မေလ ၁၈ ရက်နေ့ကနေ စတင်ပြီး နိုင်ငံတစ်ဝန်းရှိသက်ဆိုင်ရာ ခရိုင်နှင့် မြို့နယ်ဘဏ်ခွဲများတွင် လယ်ယာဘဏ်ချေးငွေများ ထုတ်ပေးနေပြီဖြစ်ကြောင်း မေလ၁၇ ရက်နေ့မှာ ထုတ်ပြန်ထားတာပဲ ဖြစ်ပါတယ်။

ရွာသစ်ကျေးရွာသားတစ်ဦးက “ဘဏ်ချေးငွေ အခုလောလောဆယ်တော့ ထုတ်ပေးတာ မကြားရသေးဘူးဗျ။ ပြေစာတွေလာပေးတာပဲရှိတာ တခြားအုပ်စုတွေတော့မပြောတတ်ဘူး ကျနော်တို့ဒီအုပ်စုမှာတော့ ထုတ်တာ မရှိ သေးဘူးဗျ” လို့ ပြောပါတယ်။

လယ်ယာစိုက်ပျိုးရေး ဘဏ်ချေးငွေတွေကို  ယခင်နှစ်တွေက ချေးငွေများ ပြန်လည်ပေးဆပ်ရန် ကျန်ရှိတဲ့  တောင်သူလယ်သမားများက ယခုနှစ်တွင် ချေးယူခွင့်ရရှိမှာ မဟုတ်ကြောင်းလည်း ထုတ်ပြန်ပါတယ်။

အဆိုပါ ရွာသစ်ကျေးရွာသားက “စောစောသွင်းထားပြီးတဲ့သူတွေကိုတော့ ထုတ်ပေးမှာပါ ချေးငွေပြန်မဆပ် ထားတဲ့ သူတွေ ကျန်ထားတဲ့သူတွေဆို ထုတ်မပေးဘူးဟုတ်တယ် မနှစ်ကလဲအေ့လိုပဲ အရင်ဟာပြန်မဆပ်ထားပဲ ထပ် ယူရင် အတိုးကများတော့မှာလေ သူများလည်းဘယ်ယုံတော့မလဲ” ဟု ဆိုပါတယ်။

အင်းတော်ကြီးဒေသ မပြင်ကျေးရွာက လယ်သမားများကတော့ ဘဏ်ချေးငွေ မရသေးဘူးလို့ ရပ်ရွာတာဝန်ခံက ပြောပါတယ်။

တောင်သူလယ်သမားများကလည်း ချေးငွေမရရှိသေးကြောင်းကို ရပ်ရွာတာဝန်ခံတစ်ဦးက “ဘဏ်ချေးငွေ အခု လောလောဆယ်တော့ ဘာမှမကြားရသေးဘူး။ အခုငါးလပိုင်းကုန် အဲ့လောက်ဆို ထုတ်ပေးမယ် အဲ့လိုတော့ ပြောတော့ ပြောခဲ့တယ် စာရေးမက” ဟု ပြောပြပါတယ်။

မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို စပါးတစ်ဧကလျှင် ငွေကျပ် ၁၅၀၀၀၀ နှုန်း၊ အခြားသီးနှံ တစ်ဧကလျှင် ငွေ ကျပ် ၁၀၀၀၀၀ နှုန်းဖြင့် တစ်နှစ်လျှင် အတိုးနှုန်း ၅ ရာခိုင်နှုန်းဖြင့် ထုတ်ချေးပေးနေတာလည်း ဖြစ်ပါတယ်။

April 21, 2026
ကချင်ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေတာတွေကို ၂ ပတ်ကြာ ရပ်နားထားမှုကြောင့်...
April 11, 2026
ရှမ်းရိုးရာသင်္ကြန်ပွဲတော်ကို မြစ်ကြီးနားမြို့နယ် နောင်ခမ်းရှမ်းရွာမှာ ရိုးရာယဉ်ကျေးမှုနဲ့အတူ...
April 10, 2026
စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲကနေ တိုင်းရင်းသားအခြေပြုပါတီများအနေနဲ့ တစ်နိုင်ငံလုံးရဲ့ (၁၅)...
မြစ်ကြီးနားမြို့ရှိ ဆီခြံမီးလောင်မှုကို ငြိမ်းသတ်နေကြစဉ်/ Credit
April 9, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ၊ရွှေစက်ရပ်ကွက်မှာ စက်သုံးဆီသိုလှောင်ထားတဲ့...