နမ္မားမြို့အနီးတစ်ဝိုက်ရှိ ကျေးရွာနေပြည်သူများ ဘုန်းကြီးကျောင်းတွေမှာ စစ်ရှောင်နေရ

နမ္မားမြို့အနီးတစ်ဝိုက်ရှိ ကျေးရွာနေပြည်သူများ ဘုန်းကြီးကျောင်းတွေမှာ စစ်ရှောင်နေရ

မိုးညှင်းမြို့နယ်၊ နန်းမားမြို့အနီးတစ်ဝိုက်ရှိ လက်ပံတန်းကျေးရွာနှင့် ဘုရားကွင်းကျေးရွာတို့မှာ စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်လာခြင်းကြောင့် ကျေးရွာအတွင်းရှိ ဒေသခံများ ဘုန်းတော်ကြီးကျောင်းများတွင် စစ်ရှောင်နေကြရသည်ဟု ဒေသခံများက ပြောပါတယ်။

“လက်ပံတန်းနဲ့ ဘုရားကွင်းရွာကလူတွေကိုတော့ လက်ပံတန်းဘုန်းကြီးကျောင်းမှာ စုခိုင်းတာတဲ့  အဲ့ဒီနား တစ် ကြောတွေက အကုန်လုံး မြေနု၊ နန့်စော်လော် အဲ့ဒီနားကတွေက စစ်ကြောင်းထိုးနေတယ်တဲ့။  သဲသယ်တဲ့ ကား သမားတွေလည်း ရပ်နားထားရတာတဲ့။ ဘယ်သူမှ မသယ်ရဲဘူးပေါ့နော်။ အခုလောလောဆယ်တော့ နည်းနည်း အခြေနေ မကောင်းတဲ့ခါကျတော့” လို့ နန်းမားဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကြောင်းထိုး ဝင်ရောက်မှုတွေကြောင့် KIA၊ PDF ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲ ဆက်လက် ဖြစ်ပွားကြမှာကို ဒေသခံတွေက စိုးရိမ်နေကြပြီး ကျေးရွာအတွင်း ကူးလူးသွားလာ လှုပ်ရှားမှုတွေ လည်း မရှိသလောက် ဖြစ်နေတယ်လို့ ဆိုကြပါတယ်။

ယနေ့ မေလ ၁၅ ရက်နေ့ နေ့လည် (၁၂) နာရီခွဲ အချိန်ခန့်တွင်လည်း လက်နက်ကြီးပစ်ခတ်သံကို ကျယ်လောင်စွာ ကြားလိုက်ရတယ်လို့ နန်းမားဒေသခံ အမျိုးသမီးတစ်ဦးက  ပြောပြပါတယ်။

“ဘယ်က ပစ်သလဲတော့မသိဘူး။ အုန်းခနဲနဲ့လေ။ ပစ်တာအကျယ်ကြီးပဲ။ အကျယ်မှအကျယ်ကြီးပဲ။ အခုလေး တင် ပစ်တာ။ အဲ့လို ဘယ်မှာကျတယ် ဘာညာတော့ သိသေးမှာ မဟုတ်သေးဘူး။ အခုမှ တစ်ချက်ထုလိုက်တာ” လို့ သူက ပြောပါတယ်။

လက်ပံတန်းကျေးရွာထဲ အင်အား ၁၀၀ ဝန်းကျင်လောက်ရှိတဲ့ စစ်ကောင်စီတပ်က မေလ ၁၂ ရက်နေ့ကတည်းက ရွာထဲ ဝင်ရောက်တပ်စွဲနေထိုင်နေလို့ လက်ပံတန်းရွာနဲ့ ကျားကြီးကွင်းရွာက ဒေသခံတွေဟာ ဘေးလွတ်နိုင်မယ့် နေရာတွေမှာ ထွက်ပြေးတိမ်းရှောင်နေကြရတာ ဒီနေ့အချိန်ထိ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နန်းမားမြို့၊ နန့်စော်လော်ကျေးရွာထဲ မေလ ၁၂ ရက်နေ့၊ မနက်ပိုင်းမှာလည်း စစ်ကောင်စီတပ်နဲ့ KIA၊ PDF ပူးပေါင်း တပ်တို့ အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေ ရှိခဲ့တာကြောင့် ကျေးရွာနေ ပြည် သူတွေ ထွက်ပြေးတိမ်းရှောင်ရပါတယ်။

ဒီလို ထွက်ပြေးတိမ်းရှောင် ခဲ့ကြရတဲ့အပြင် လူနေအိမ်ထိခိုက်မှုတွေလည်း ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

April 21, 2026
ကချင်ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေတာတွေကို ၂ ပတ်ကြာ ရပ်နားထားမှုကြောင့်...
April 11, 2026
ရှမ်းရိုးရာသင်္ကြန်ပွဲတော်ကို မြစ်ကြီးနားမြို့နယ် နောင်ခမ်းရှမ်းရွာမှာ ရိုးရာယဉ်ကျေးမှုနဲ့အတူ...
April 10, 2026
စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲကနေ တိုင်းရင်းသားအခြေပြုပါတီများအနေနဲ့ တစ်နိုင်ငံလုံးရဲ့ (၁၅)...
မြစ်ကြီးနားမြို့ရှိ ဆီခြံမီးလောင်မှုကို ငြိမ်းသတ်နေကြစဉ်/ Credit
April 9, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ၊ရွှေစက်ရပ်ကွက်မှာ စက်သုံးဆီသိုလှောင်ထားတဲ့...