လက်နက်ကြီးကျရောက်မှုတွေ ရှိနေတာကြောင့် ဘောလခဲ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်

လက်နက်ကြီးကျရောက်မှုတွေ ရှိနေတာကြောင့် ဘောလခဲ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်

မေလ ပထမအပတ်ကစပြီး  ဘောလခဲမြို့ပေါ်ရပ်ကွက်နဲ့ ကျေးရွာတွေထဲကို လက်နက်ကြီး မကြာခဏ ကျရောက်မှုတွေ ရှိနေတာကြောင့် ဘောလခဲ ဒေသခံတွေဟာ မိမိနေရပ်မှာ မနေရဲကြတော့ဘဲ ထွက်ပြေး တိမ်း ရှောင်နေကြရတယ်လို့ ဘောလခဲဒေသခံတွေက ပြောပါတယ်။

မိမိနေအိမ်မှာ နေထိုင်တာ လူံခြုံမှုမရှိလို့ ဘုန်းကြီးကျောင်းတွေမှာ သွားရောက်တိမ်းရှောင်နေကြပေမယ့် ဘုန်းကြီးကျောင်းထဲ လက်နက်ကြီးကျရောက်မှုတွေလည်း ရှိာလို့ အခုလို ထွက်ပြေးလာတာဖြစ်တယ်လို့ အသက် (၄၀)အရွယ် အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“လက်နက်ကြီးကြောက်လို့ ဘုန်းကြီးကျောင်းသွားနေပါတယ်ဆို။ ဘုန်းကြီးမှာလည်း တည့်တည့်လာကျတော့ ဘယ်သူမှ မနေရဲတောဘူး။ ဘာပဲ ဖြစ်ချင်ဖြစ်ဆိုပြီးတော့ ထွက်လာကြတာ” လို့ အသက် (၄၀) အရွယ် အမျိုးသမီး တစ်ဦးက ပြောပါတယ်။

လက်နက်ကြီးကျရောက်တဲ့ ဘောလခဲမြို့ ကျေးရွာတချို့အပြင် မြို့ပေါ် ရပ်ကွက်က ဒေသခံအများစုလည်း ထွက် ပြေးလာကြတာကြောင့် ဝန်ထမ်းနဲ့ စစ်ကောင်စီလုံခြုံရေးအဖွဲ့တွေသာ ကျန်ရစ်တယ်လို့ သူက ဆက်ပြောပါ တယ်။

လွိုင်ကော်-ဒီးမော့ဆို- ဘောလခဲ လမ်းမကြီးဟာ ဇန်နဝါရီလ ဒုတိယပတ်ကစ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက် ခြမ်း မှာ တိုက်ပွဲပြင်းထန်မှုတွေကြောင့် ပိတ်ထားလိုက်ရပြီး ယခုအချိန်ထိ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်တဲ့အတွက် စစ် ရှောင်တွေဟာ တောလမ်းကနေ လွိုင်ကော်မြို့ပေါ်ကို သွားရောက်ရှောင်တိမ်းနေတာရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သို့ပေမယ့် ငွေကြေးမတတ်နိုင်တဲ့ စစ်ရှောင်တွေကတော့ တောတောင်ထဲမှာသာ တိမ်းရှောင်နေကြတယ်လို့ ဆိုပါတယ်။

“တချို့က ပိုက်ဆံတတ်နိုင်တဲ့လူတွေကတော လွိုင်ကော်ကို ပြေးကြတာပေါ့။ မတတ်နိင်တဲ့လူကတော့ တခြား စစ်ရှောင်နေရာပဲ အ့လိုသွားကြတာပေါ” လို့ စစ်ရှောင်အမျိုးသား တစ်ဦးက ပြောပါတယ်။

မေလ ပထမပတ်လောက်က စတင်ပြေးကြပြီး လမ်းခရီးကြမ်းတမ်းမှုတွေကြောင့် စားနပ်ရိက္ခာတွေကို သယ်လာ နိုင်ခြင်းမရှိတဲ့အပြင် ကူညီကယ်ဆယ်ရေးအဖွဲ့တွေ မရှိသေးတာကြောင့် ကူညီတွေ လိုအပ်နေသေးတယ်လို့ ဆို ကြပါတယ်။

လက်ရှိမှာ စစ်ရှောင်ဦးရေ ရာချီ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မေလ ၁ ရက်နေ့က ဘောလခဲမြို့တွင်းက စစ်ကောင်စီတပ်စွဲထားတဲ့ နေရာတွေဖြစ်တဲ့ စစ်မှုထမ်း ဟောင်းရုံး၊ လဝကရုံး၊ မြို့မရဲစခန်း၊ ရုပ်သံလွှင့်ဌာန တို့ကို ဘောလခဲပြည်သူ့ကာကွယ်ရေးတပ် နဲ့ ပူးပေါင်းတပ် ဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ပါသေးတယ်။ အလားတူ မေလ ၆ ရက်နေ့မှာလည်း ဘောလခဲမြို့ ပွန်ချောင်း အရှေ့ဘက်ခြမ်းမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ဘောလခဲ PDF တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ကရင်နီပြည်၊ မယ်စဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ခူးဆွတ်ထားသည့် ဖရုံရွက်များ ကို ကိုင်ဆောင်ကာ နေအိမ်သို့ ပြန်လာသည့် အမျိုးသမီးတစ်ဦး
August 28, 2026
ကရင်နီပြည်၏ ကျေးရွာများနှင့် အလှမ်းဝေးသော ရပ်ကွက်အေ (အမည်လွှဲ) ဟု ခေါ်သည့် နေရာလေးတစ်ခုတွင်...
August 28, 2026
၂၀၂၁ ခုနှစ် စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှ လူငယ် ၇,၀၀၀ ဝန်းကျင်သည် အကြောင်း...
August 27, 2026
ဩဂုတ်လအတွင်း ကရင်နီပြည်အတွင်းရှိ ဒီးမော့ဆို၊ ဖရူဆို နှင့် လွိုင်ကော်မြို့နယ်တို့၌ စစ်အုပ်စုတပ်၏...
ဓာတ်ပုံ - Crd
August 26, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ တောင်ယာလုပ်ငန်းခွင် နေရာကို ယမန်နေ့ ဩဂုတ်လ ၂၅ ရက်...