မွတ်ဆလင်ဒုက္ခသည်များအား WFP ရိက္ခာထောက်ပံ့မှု ထပ်မံလျှော့ချမည်

မွတ်ဆလင်ဒုက္ခသည်များအား WFP ရိက္ခာထောက်ပံ့မှု ထပ်မံလျှော့ချမည်
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားရှိ ဒုက္ခသည်စခန်းတစ်ခုအား ၂၀၂၁ ခုနှစ် သြဂုတ်လ ၁၁ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ - Dhaka Tribume
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားရှိ ဒုက္ခသည်စခန်းတစ်ခုအား ၂၀၂၁ ခုနှစ် သြဂုတ်လ ၁၁ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ - Dhaka Tribume

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ခိုလှုံနေသည့် မွတ်ဆလင်ဒုက္ခသည်များအား ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က စားနပ်ရိက္ခာထောက်ပံ့မှုကို ထပ်မံလျှော့ချတော့မည် ဖြစ်ကြောင်း ဒုက္ခသည်များက ပြောသည်။

WFP သည် ဒုက္ခသည်တစ်ဦးကို ၁၂ ဒေါ်လာ ထောက်ပံ့ပေးရာမှ ပြီးခဲ့သည့် မတ်လမှ စတင်ကာ ၁၀ ဒေါ်လာသာ ထောက်ပံ့ခဲ့သည်။ ထို့အပြင် လာမည့် ဇွန်လကစတင်၍ ၈ ဒေါ်လာသာ ထောက်ပံ့တော့မည်ဟု စာဖြင့် အသိပေး လာသည်ဟု ဒုက္ခသည်များက ပြောသည်။

“ပြီးခဲ့တဲ့လ နောက်ဆုံးသီတင်းပတ်က WFP က ဒုက္ခသည်တွေကို စာဖြန့်ဝေပေးတယ်။ လာမယ့်လကစပြီး ရှစ် ဒေါ်လာပဲ ထောက်ပံ့တော့မယ်ဆိုပြီးတော့ပြောတယ်။ ဆိုတော့ ကျနော်တို့ ဒုက္ခသည်တွေအတွက် ပိုပြီးတော့ အခက်အခဲဖြစ်သွားမှာ” ဟု ဘင်္ဂလားဒေ့ရှ် ကူတူပါလောင် အမှတ်(၁) ဒုက္ခသည်စခန်းမှ ကိုကာမာလ်က ဆို သည်။

မွတ်ဆလင် ဒုက္ခသည်များသည် အလုပ်အကိုင်ရှာဖွေရာတွင်လည်း အကန့်အသတ်ဖြင့်သာ လုပ်ကိုင်ခွင့်ရှိသည့် အတွက် ၎င်းတို့၏ စားနပ်ရိက္ခာ လိုအပ်ချက်အတွက် ကုလသမဂ္ဂနှင့် အခြားသောအဖွဲ့အစည်းများ၏ အကူအညီ များဖြင့်သာ အများအားဖြင့် ရပ်တည်နေကြရခြင်း ဖြစ်သည်။

ကူတူပါလောင် အမှတ်(၇) စခန်းနေ ကိုအောင်မြိုင်က “၁၂ ဒေါ်လာထောက်ပံ့တာတောင် ကျနော်တို့မှာ စားဝတ် နေရေးက အဆင်မပြေဘူး။ ဒီမှာက အလုပ်အကိုင်လည်း မရှိဘူး။ အခု ရှစ်ဒေါ်လာဆိုရင် တာကာငွေ (ဘင်္ဂလား ဒေ့ရှ်ငွေ) ၈၄၀ ပဲရမယ်။ စားဝတ်နေရေးကအစ အကုန်လုံး အခက်အခဲဖြစ်သွားမှာ။ ဒုက္ခသည်တွေ အခက်အခဲ ပေါင်းစုံနဲ့ ရင်ဆိုင်နေရချိန်မှာ ထပ်ပြီး ရိက္ခာလျှော့ချလာတာဟာ ပိုပြီးတော့ အခက်အခဲဖြစ်သွားတာပေါ့” ဟု ပြောသည်။

မွတ်ဆလင်ဒုက္ခသည်များသည် လက်ရှိမှာလည်း စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေး စသည်တို့တွင် အခက် အခဲအမျိုးမျိုးဖြင့် ရင်ဆိုင်နေရသည့်အတွက် WFP က ရိက္ခာထောက်ပံ့မှု ထပ်မံလျှော့ချမည့်အစီအစဉ်ကို ဖျက် သိမ်းပေးစေချင်သည်ဟု ပြောသည်။

“အခုတောင် တစ်လ တစ်လကို မလောက်မငှ စားနေရတာ။ စားဝတ်နေရေးခက်ခဲလို့ တချို့ဆိုရင် ထွက်ပြေး ကြတာလည်း ရှိတယ်။ အခုထပ်လျှော့ရင် ပိုပြီးတော့ ဆိုးသွားနိုင်တယ်။ ဖြစ်နိုင်ရင်တော့ မလျှော့ချစေချင်ဘူး” ဟု ဒုက္ခသည်အမျိုးသမီးတစ်ဦးက ပြောသည်။

ထောက်ပံ့ငွေ ထပ်မံလျှော့ချမှုနှင့် ပတ်သက်၍ WFP တာဝန်ရှိသူထံသို့ DMG က  ဆက်သွယ်မေးမြန်းရန် ကြိုး ပမ်းခဲ့သော်လည်း အဆင်မပြေခဲ့ပေ။

မွတ်ဆလင် ဒုက္ခသည်များအား စာနပ်ရိက္ခာထောက်ပံ့မှုကို ရန်ပုံငွေ လိုအပ်ချက်ကြောင့် လျှော့ချရန် စီစဉ်နေခြင်း ဖြစ်သည်ဟု ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) က ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ပြောကြားခဲ့သည်။

WFP သည် လတ်တလောတွင် အမေရိကန်ဒေါ်လာ ၁၂၅ သန်းအထိ ရန်ပုံငွေလိုအပ်ချက် ရှိနေသည်။ အလှူရှင် များထံမှ ထောက်ပံ့မှုများသည်လည်း ကမ္ဘာတစ်ဝန်း ကိုဗစ်ကပ်ဘေး၊ စီးပွားရေးကျဆင်းမှု၊ ကမ္ဘာ့ပဋိပက္ခများ ကြောင့် လျော့နည်းကျဆင်းသွားရခြင်းဖြစ်သည်။

၂၀၁၇ ခုနှစ် မောင်တောဒေသ အရေးအခင်းတွင် မြန်မာစစ်တပ်က နယ်မြေရှင်းလင်းမှုကြောင့် မွတ်ဆလင် ၇ သိန်း ကျော်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ထွက်ပြေးခိုလှုံနေရခြင်းဖြစ်သည်။

April 4, 2026
အာရက္ခတပ်တော်(‌AA) ထိန်းချုပ်မြို့နယ်များအတွင်း လိုင်စင်မဲ့ တရားမဝင် ဆေးကုသမှု ပေးနေသည့် ဆရာဝန်...
ကျောက်နီမော်ကျေးရွာက ရေလုပ်သားများကို ၂၀၂၆ ခုနှစ်၊ မတ်လအတွင်းက တွေ့ရစဉ်။
April 3, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှ မွတ်ဆလင် ဦးရေ ၂၀...
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်(အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့)တွင် စစ်ကောင်စီက မြောက်ဉီးဆေးရုံကြီးကို လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်ပြီးနောက် သေဆုံးသွားသူများ၏ ကျန်ရစ်သူ မိသားစုဝင်များ ငိုကြွေးနေသည်ကို တွေ့ရစဉ်။
April 2, 2026
၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ရခိုင်ပြည်တွင် စစ်ကောင်စီ၏ လေကြောင်း၊ ဒရုန်းဖြင့် ဗုံးကြဲမှု၊ လက်နက်ကြီး...
April 1, 2026
အိန္ဒိယနိုင်ငံကနေ ရခိုင်ပြည်သို့ စက်သုံးဆီ ရောင်းချသယ်ယူခွင့်ကို အာဏာပိုင်များက...