မြန်မာ့အရေး သက်ဆိုင်ရာ အဖွဲ့အစည်များနှင့် တိတ်တဆိတ်တွေ့ဆုံနေဟု အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ပြောကြား

မြန်မာ့အရေး သက်ဆိုင်ရာ အဖွဲ့အစည်များနှင့် တိတ်တဆိတ်တွေ့ဆုံနေဟု အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ပြောကြား

အင်ဒိုနီးရှားနိုင်ငံသည် မြန်မာနိုင်ငံ၌ ဖြစ်ပေါ်လျှက်ရှိသည့် နိုင်ငံရေးအကြပ်အတည်းများကို အဖြေရှာနိုင်ရန် သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးနှင့် နောက်ကွယ်တွင် တိတ်တဆိတ် တွေ့ဆုံညှိနှိုင်းမှုများ ပြုလုပ်ပေး လျက်ရှိသည်ဟု နိုင်ငံခြားရေးဝန်ကြီး မာဆူဒီက ပြောကြားလိုက်သည်။

ယခုနှစ်အတွင်း အာဆီယံဥက္ကဋ္ဌ တာဝန်ယူထားရသော အင်ဒိုနီးရှားအနေဖြင့် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ စတင်နိုင်ရန် ပါဝင်ပတ်သက်နေသော အဖွဲ့အစည်းအားလုံးနှင့် တိတ်တဆိတ် တွေ့ဆုံညှိ နှိုင်းမှုများ ပြုလုပ်နေသလို အိမ်နီးချင်းများဖြစ်သော ထိုင်း၊ တရုတ်၊ အိန္ဒိယနိုင်ငံများနှင့်လည်း တွေ့ဆုံ ဆွေး နွေးမှုများ ရှိနေသည်ဟု မာဆူဒီက ဆိုသည်။

ထိုသို့ တွေ့ဆုံဆွေးနွေးခဲ့ရာတွင် စစ်ကောင်စီ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအပြင် အမျိုးသား ညီ ညွတ်ရေးအစိုးရ (NUG) တို့ပါဝင်ပြီး တွေ့ဆုံမှုအကြိမ်ရေပေါင်း ၆၀ ရှိပြီ ဟု မာဆူဒီက ဆိုသည်။

“အင်ဒိုနီးရှားအနေနဲ့ အသံကျယ်တဲ့ သံတမန်နည်းလမ်းကို မသုံးပါဘူး။ ရည်ရွယ်ချက်က ပါဝင်တဲ့သူ အား လုံးနဲ့ ယုံကြည်မှု တည်ဆောက်နိုင်ဖို့ပါ။ ဒါကြောင့်လည်း သူတို့က လက်ခံစကားပြောတာပါ” ဟု ဆိုသည်။

သတင်းစာရှင်းလင်းပွဲတွင် မာဆူဒီက “တိတ်ဆိတ်တဲ့ သံတမန်နည်းဆိုလို့ ဘာမှ မလုပ်ဘဲနေတာလို့ မဆိုလို ပါဘူး။ လေးလအတွင်း ကျမတို့ အလုပ်အများကြီး လုပ်ခဲ့ပါတယ်” ဟု ပြောကြားခဲ့သည်။

အင်ဒိုနီးရှားသည် မြန်မာ့အကြပ်အတည်းတွင် ပါဝင်နေကြသူအားလုံး စားပွဲဝိုင်းပေါ် တွေ့ဆုံဆွေးနွေး အဖြေ ရှာရေး ကြိုးပမ်းပေးလျှက်ရှိသည်။ ထိုအစီအစဉ်မှာ လွန်ခဲ့သည့် နှစ် နှစ်က စစ်ကောင်စီ ခေါင်းဆောင် ကိုယ်တိုင် အာဆီယံ ခေါင်းဆောင်များရှေ့တွင် သဘောတူထားပြီး ဖြစ်သည်။

မာဆူဒီက “အားလုံး ပါဝင်နိုင်သမျှ ပါဝင်အောင် ကျမတို့ကြိုးစားပေးနေပါတယ်။ အင်ဒိုနီးရှားအနေနဲ့ မြန် မာ့အရေးမှာ ပါဝင်ပတ်သက်နေတဲ့ အဖွဲ့အစည်းတွေကြား နက်နက်ရှိုင်းရှိုင်း သဘောထား ကွဲပြားနေမှုတွေ ကို လျှော့ချနိုင်ဖို့ ပေါင်းကူးပေးရုံ သက်သက်ပါပဲ” ဟု ဆိုသည်။

ယခုပြောဆိုမှုနှင့် ပတ်သက်၍ စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက မည်သည့် မှတ် ချက်မှ မပေးပေ။ လာမည့်အပတ်တွင် အာဆီယံခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးကို အင်ဒိုနီးရှား နိုင်ငံတွင် ကျင်းပမည်ဖြစ်ပြီး အာဏာသိမ်း စစ်ခေါင်းဆောင်အား ဖိတ်ကြားခြင်း မပြုဘဲ ချန်ထားသည်။

အင်ဒိုနီးရှားသည် မြန်မာ့အကြပ်အတည်းကို တိတ်ဆိတ်သော သံတမန်နည်းဖြင့်သာမက စစ်ကောင်စီနှင့် ပညာရှင်ကိုယ်စားလှယ်များ၊ အိန္ဒိယ၊ တရုတ်နိုင်ငံများမှ ကိုယ်စားလှယ်များအား ဖိတ်ခေါ်ကာ ပြီးခဲ့သည့် ဧပြီလကုန်ပိုင်းက နယူးဒေလီမြို့တွင် တွေ့ဆုံဆွေးနွေးပွဲတစ်ရပ်ကိုလည်း လျှို့ဝှက်စွာ ပြုလုပ်ပေးခဲ့သည်။

July 13, 2026
ရခိုင်ပြည်အတွင်းရှိ မြို့နယ်ရှစ်ခုတွင် သောက်ရေကန်အများအပြား ရေနစ်မြုပ်ခဲ့ရသည့်အတွက် ဒေသခံ...
July 13, 2026
ရခိုင်ပြည်အတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေချိန်တွင် ကျောက်ဖြူမြို့နယ် တောင်မော်ဦးရေတပ်အနီး...
July 11, 2026
အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်တစ်ဦး၏ ဇနီးဟုဆိုကာ အာဏာသိမ်းစစ်အုပ်စု၏ မှားယွင်းစွပ်စွဲမှုဖြင့်...
July 10, 2026
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်ရှိ ရေစီးပြင်းထန်နေသည့် ကုလားတန်မြစ်အတွင်း လူသေအလောင်းအချို့...