ဘောလခဲမြို့တွင်းက စစ်ကောင်စီ တပ်စွဲထားတဲ့နေရာတွေ တိုက်ခိုက်ခံရ၊ နှစ်ဖက် အကျအဆုံးရှိ

ဘောလခဲမြို့တွင်းက စစ်ကောင်စီ တပ်စွဲထားတဲ့နေရာတွေ တိုက်ခိုက်ခံရ၊ နှစ်ဖက် အကျအဆုံးရှိ

ကရင်နီပြည် ဘောလခဲမြို့တွင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားတဲ့ နေရာတွေကို ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်အကျအဆုံးရှိခဲ့တယ်လို့ ဘောလခဲ ပြည်သူ့ကာကွယ်ရေးတပ် (BPDF) ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဘောလခဲမြို့တွင်းက စစ်မှုထမ်းဟောင်းရုံး၊ လဝက ရုံး၊ မြို့မရဲစခန်း၊ ရုပ်သံလွှင့်ဌာန တို့ကို ဝင်ရောက်တိုက်ခိုက် ခဲ့ရာ စစ်ကောင်စီဖက်က ၇ ဦး သေဆုံးပြီး ၁၃ ဦးထက် မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ဘောလခဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (BPDF) အမှတ် ၁၁၀၅ တပ်ရင်းမှ ရဲဘော်နှစ်ဦးလည်း ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေလ ၁ ရက်နေ့က ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး မနက် ၄ နာရီ မိနစ် ၅၀ ကစတင်ခဲ့ကာ ၂ နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ သေဆုံးအလောင်းနဲ့ ဒဏ်ရာရလူနာတွေကို ရဟတ်ယာဉ်နဲ့ လာ ရောက် ခေါ်ယူသွားခဲ့တယ်လို့ ဆိုပါတယ်။

ဘောလခဲ ပြည်သူ့ကာကွယ်ရေးတပ် (BPDF) ရဲ့ တာဝန်ရှိသူတစ်ဦးက “ရဟတ်ယာဉ်နဲ့က ၂ရက်နေ့မှာ လာသယ် သွားတာပါ။ အရာရှိတွေ ပါ မပါ မသိရသေးဘူး။ စစ်ကောင်စီဘက် လှုပ်ရှားမှုက ကျနော်တို့က မြို့ထဲထိ ဝင် တိုက်ထားတာဆိုတော့ မြို့ထဲ လုံခြုံရေးအပြည့်ပါ။ စစ်ကောင်စီဘက်က မြို့ထဲမှာ လုံခြုံရေးအပြည့် ချထား ပါတယ်။ ဝင်စီးနင်းခဲ့တဲ့ နေရာအနီး ပတ်ပတ်လည်နဲ့ တခြားနေရာတွေမှာလည်း လုံခြုံရေး ထပ်တိုးချထား တယ်” လို့ ပြောပါတယ်။

နှစ်ဖက်ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ G4 ၁ လက်၊ AK 22 ၁ လက်၊ G4 ကျည်ဘောက် ၆ ဘောက်၊ AK ကျည်ဘောက် ၃ ဘောက်၊ လက်ပစ်ဗုံး ၁ လုံးနှင့် ကျည်ဆံအချို့တို့အား သိမ်းဆည်းရမိခဲ့တယ်လို့ ဘောလခဲ PDF က ထုတ်ပြန်ထားပါတယ်။

ဘောလခဲမြို့တွင်းက စစ်ကောင်စီတပ်ကို ဘောလခဲ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ (BPDF) အမှတ် -၁၁၀၅ တပ် ရင်း၊ ဖားဆောင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (PPDF) အမှတ် - ၁၁၀၈ တပ်ရင်း ပူးပေါင်းတပ်တို့က တိုက်ခိုက်ခဲ့ တာ ဖြစ်ပါတယ်။

ဓါတ်ပုံ - (၂၀၂၆ ခုနှစ် မေလတွင် စစ်အုပ်စုတပ်က ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့စဉ် / မိုးဗြဲ PDF)
August 29, 2026
ရှမ်း-ကရင်နီ နယ်စပ်ရှိ မိုးဗြဲမြို့၊ လွယ်ယင်းတောင်ခြေဘက်သို့ ဩဂုတ်လ ၂၈ ရက်က အင်အား ၂၀၀ ခန့်ဖြင့်...
ကရင်နီပြည်၊ မယ်စဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ခူးဆွတ်ထားသည့် ဖရုံရွက်များ ကို ကိုင်ဆောင်ကာ နေအိမ်သို့ ပြန်လာသည့် အမျိုးသမီးတစ်ဦး
August 28, 2026
ကရင်နီပြည်၏ ကျေးရွာများနှင့် အလှမ်းဝေးသော ရပ်ကွက်အေ (အမည်လွှဲ) ဟု ခေါ်သည့် နေရာလေးတစ်ခုတွင်...
August 28, 2026
၂၀၂၁ ခုနှစ် စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှ လူငယ် ၇,၀၀၀ ဝန်းကျင်သည် အကြောင်း...
August 27, 2026
ဩဂုတ်လအတွင်း ကရင်နီပြည်အတွင်းရှိ ဒီးမော့ဆို၊ ဖရူဆို နှင့် လွိုင်ကော်မြို့နယ်တို့၌ စစ်အုပ်စုတပ်၏...