တနင်္သာရီမြို့နယ်မှာ အသက် ၉ နှစ်အရွယ် ကလေးငယ်နဲ့မိခင်ဖြစ်သူတို့ အသတ်ခံရ

တနင်္သာရီမြို့နယ်မှာ အသက် ၉ နှစ်အရွယ် ကလေးငယ်နဲ့မိခင်ဖြစ်သူတို့ အသတ်ခံရ

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် မောတောင်မြို့ တန်ကူဘက်ခြမ်းဥယျာဉ်ခြံမှာ အလုပ်လာလုပ်တဲ့ အသက် ၉ နှစ်အရွယ်ကလေးငယ်နဲ့ မိခင်ဖြစ်သူတို့ဟာ သေနတ်နဲ့ပစ်သတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဧပြီ ၃၀ ရက်နေ့ မနက်ပိုင်းမှာ ဥယျာဉ်ခြံထဲ အလုပ်လာလုပ်တဲ့ အသက် ၂၅ နှစ်အရွယ် မိခင်ဖြစ်သူ မဇာခြည်ဦးနဲ့ သားဖြစ်သူ အသက် ၉ နှစ်အရွယ် မောင်လင်းဦးတို့ဟာ သေနတ်နဲ့ပစ်သတ်ခံရတာကြောင့် သေဆုံးသွားတာ ဖြစ်ပါတယ်။

သေနတ်နဲ့ပစ်သတ်ခံရတာကြောင့် ကလေးငယ်နဲ့ မိခင်ဖြစ်သူတို့မှာ ဦးခေါင်းကျည်ထိမှန်ဒဏ်ရာတွေနဲ့ အခင်းဖြစ်ရာနေရာမှာ သေဆုံးခဲ့ပါတယ်။

ဒေသခံတွေအဆိုအရ ခင်ပွန်းဖြစ်သူ တောလိုက်တဲ့ထွက်တဲ့အချိန်မှာ ကလေးငယ်နဲ့ မိခင်တို့ဟာ သေနတ်နဲ့ပစ်သတ်ခံလိုက်ရတာဖြစ်ပြီး သူတို့တွေဟာ ဘယ်အဖွဲ့အစည်းနဲ့မှ ပတ်သက်တာမရှိဘူးလို့ ဆိုပါတယ်။

သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတဲ့ သားအမိ ၂ ဦးဟာ မောတောင်မြို့ အေးသာယာရပ်ကွက်နေထိုင်သူတွေဖြစ်ပြီး ဘာကြောင့် သေနတ်နဲ့လာရောက် ပစ်သတ်သွားလဲဆိုတာ အသေးစိတ်မသိရသေးပါဘူး။

တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတော့ သားအမိ ၂ ဦး သေဆုံးမှုဟာ သူတို့ လုပ်ဆောင်တာ မဟုတ်ကြောင်းနဲ့ အခုလို အရပ်သားတွေကို အကြောင်းမဲ့သတ်ဖြတ်မှုကို အပြင်းအထန် ရှုတ်ချတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

တနင်္သာရီတိုင်းမှာတော့ စစ်တပ်အာဏာသိမ်းတဲ့ ၂ နှစ်ကျော်ကာလအတွင်း အရပ်သား ၅၀၀ နီးပါး သတ်ဖြတ်ခံထားရတယ်လို့ ဒေသတွင်းသုတေသနအဖွဲ့တွေရဲ့ အချက်အလက်တွေအရ သိရပါတယ်။

ဓာတ်ပုံ-CJ
May 1, 2026
မွန်ပြည်နယ်မှာ အစိုးရအဖွဲ့သစ် အပြောင်းအလဲ ဖြစ်ပေါ်လာပေမယ့် လောင်းကစားဝိုင်းတွေကို အကြီးအကျယ်...
April 30, 2026
မွန်ပြည်နယ်မှာ လျှပ်စစ်ဓာတ်အား တိုးမြှင့်ပေးမယ်လို့ ပြည်ထောင်စု ဝန်ကြီး ပြောဆိုပြီးနောက်...
April 29, 2026
မွန်ပြည်နယ် ရေးမြို့နယ် ရေး-သံဖြူဇရပ်လမ်းပိုင်းမှာ အခုရက်ပိုင်းအတွင်း အာဏာဖီဆန်ရေး မလုပ်ထားတဲ့...
ဓာတ်ပုံ-Social Media
April 28, 2026
မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဝင်းတာပန်စခန်းထံ‌ စစ်ကူလာတဲ့ စစ်တပ်စစ်ကြောင်း ထိခိုက်သေဆုံးမှု...