တနင်္သာရီမြို့နယ်မှာ အသက် ၉ နှစ်အရွယ် ကလေးငယ်နဲ့မိခင်ဖြစ်သူတို့ အသတ်ခံရ

တနင်္သာရီမြို့နယ်မှာ အသက် ၉ နှစ်အရွယ် ကလေးငယ်နဲ့မိခင်ဖြစ်သူတို့ အသတ်ခံရ

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် မောတောင်မြို့ တန်ကူဘက်ခြမ်းဥယျာဉ်ခြံမှာ အလုပ်လာလုပ်တဲ့ အသက် ၉ နှစ်အရွယ်ကလေးငယ်နဲ့ မိခင်ဖြစ်သူတို့ဟာ သေနတ်နဲ့ပစ်သတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဧပြီ ၃၀ ရက်နေ့ မနက်ပိုင်းမှာ ဥယျာဉ်ခြံထဲ အလုပ်လာလုပ်တဲ့ အသက် ၂၅ နှစ်အရွယ် မိခင်ဖြစ်သူ မဇာခြည်ဦးနဲ့ သားဖြစ်သူ အသက် ၉ နှစ်အရွယ် မောင်လင်းဦးတို့ဟာ သေနတ်နဲ့ပစ်သတ်ခံရတာကြောင့် သေဆုံးသွားတာ ဖြစ်ပါတယ်။

သေနတ်နဲ့ပစ်သတ်ခံရတာကြောင့် ကလေးငယ်နဲ့ မိခင်ဖြစ်သူတို့မှာ ဦးခေါင်းကျည်ထိမှန်ဒဏ်ရာတွေနဲ့ အခင်းဖြစ်ရာနေရာမှာ သေဆုံးခဲ့ပါတယ်။

ဒေသခံတွေအဆိုအရ ခင်ပွန်းဖြစ်သူ တောလိုက်တဲ့ထွက်တဲ့အချိန်မှာ ကလေးငယ်နဲ့ မိခင်တို့ဟာ သေနတ်နဲ့ပစ်သတ်ခံလိုက်ရတာဖြစ်ပြီး သူတို့တွေဟာ ဘယ်အဖွဲ့အစည်းနဲ့မှ ပတ်သက်တာမရှိဘူးလို့ ဆိုပါတယ်။

သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတဲ့ သားအမိ ၂ ဦးဟာ မောတောင်မြို့ အေးသာယာရပ်ကွက်နေထိုင်သူတွေဖြစ်ပြီး ဘာကြောင့် သေနတ်နဲ့လာရောက် ပစ်သတ်သွားလဲဆိုတာ အသေးစိတ်မသိရသေးပါဘူး။

တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတော့ သားအမိ ၂ ဦး သေဆုံးမှုဟာ သူတို့ လုပ်ဆောင်တာ မဟုတ်ကြောင်းနဲ့ အခုလို အရပ်သားတွေကို အကြောင်းမဲ့သတ်ဖြတ်မှုကို အပြင်းအထန် ရှုတ်ချတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

တနင်္သာရီတိုင်းမှာတော့ စစ်တပ်အာဏာသိမ်းတဲ့ ၂ နှစ်ကျော်ကာလအတွင်း အရပ်သား ၅၀၀ နီးပါး သတ်ဖြတ်ခံထားရတယ်လို့ ဒေသတွင်းသုတေသနအဖွဲ့တွေရဲ့ အချက်အလက်တွေအရ သိရပါတယ်။

Most read this week

Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...
December 18, 2025
တနင်္သာရီတိုင်း ကော့သောင်းမြို့နယ်မှာ ပြီးခဲ့တဲ့တစ်ပတ်အတွင်း လူငယ် ၁၀၀ ကျော်ကို စစ်ကော်မ...