စစ်ကောင်စီ တပ်သား ၄ ဦး KNLA ထံ လက်နက်ချ အလင်းဝင်

စစ်ကောင်စီ တပ်သား ၄ ဦး KNLA ထံ လက်နက်ချ အလင်းဝင်

ကရင်အမျိုးသားအစည်းအရုံး KNU ဖာပွန်ခရိုင်အတွင်းရှိ စစ်ကောင်စီတပ်စခန်းက တပ်သား(၄)ဦးဟာ လက် နက် ခဲယမ်းနဲ့အတူ KNLA တပ်မဟာ(၅)ထံ လက်နက်ချအလင်းဝင်ရောက်လာခဲ့တယ်လို့ တပ်မဟာ(၅)က သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီ(၁၀)ရက်နေ့က KNU ဖာပွန်ခရိုင်ရှိ စစ်ကောင်စီတပ်ရဲ့ ရှေ့တန်းတပ်စခန်းတစ်ခုဖြစ်တဲ့ လယ်တိုးစခန်းက စစ်ကောင်စီတပ်သား(၄)ဦးဟာ MA-1 (၄)လက်၊ ကျည်ဆံအပြည့်ပါ ကျည်ဘောက်(၁၆)ချပ်၊ လက်ပစ်ဗုံး(၂)လုံးနဲ့ ခွင်းဗုံး(၅)လုံး ယူဆောင်လာပြီး KNLA တပ်မဟာ(၅)ထံ လက်နက်ချအလင်းဝင်လာခဲ့တာ ဖြစ်ပါတယ်။

တပ်သား(၄)ဦးဟာ ရှေ့တန်းစခန်းမှာ လာရောက်တာဝန်ထမ်းဆောင်စဉ်အတွင်း အထက်ခေါင်းဆောင်တွေရဲ့ နိုင်ထက်စီးနင်းဆက်ဆံမှုနဲ့ အထက်ခေါင်းဆောင်တွေ ၀၀လင်လင် စားသောက်နေရချိန်မှာ အောက်လက်ငယ်တွေက မဝရေစာနဲ့ နေ့စဉ်စားသုံးနေရတဲ့အပေါ် ဆက်လက် မခံနိုင်တော့တဲ့အတွက် လက်နက်ချက်အလင်းဝင်ရောက်လာခဲ့တာဖြစ်တယ်လို့ ရင်ဖွင့်ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် KNLA တပ်မဟာ(၅)တပ်ဖွဲ့ဝင်တွေနဲ့ အတူလက်တွဲပြီး စစ်ကောင်စီကို တန်ပြန်တိုက်ခိုက်သွားဖို့လည်း ဆန္ဒရှိခဲ့တယ်လို့ အလင်းဝင် စစ်ကောင်စီတပ်သား(၄)ဦးက တပ်မဟာ(၅)သတင်းပြန်ကြားရေးဖြစ်တဲ့ KNU မူတြော်သတင်းစဉ်ကို ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ဟာ KNU လက်အောက်ရှိ တပ်မဟာအသီးသီးအပေါ် လက်နက်ချအလင်းဝင်ရောက်လာခဲ့တာတွေရှိနေပြီး ဒီလိုဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအပေါ် ကောင်းမွန်စွာ လက်ခံစောင့်ရှောက်ထားတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

September 3, 2026
မွန်ပြည်၏ မြို့တော် မော်လမြိုင်မြို့တွင် အများပြည်သူ အသုံးပြုနေသည့် လမ်းပိုင်းအများစု...
September 3, 2026
စစ်အုပ်စုခေါင်းဆောင်၊ ကိုယ်တိုင်ခန့် သမ္မတနှင့် တပ်ချုပ်သစ်တို့၏ ထိုင်းခရီးစဉ်အပြီး လက်နက်ခဲယမ်း...
September 2, 2026
မွန်ပြည်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးအချို့သည် စစ်မှုထမ်း အကျုံးဝင်သည့်...
ဓာတ်ပုံ - CJ
September 2, 2026
ရေကြီးရေလျှံမှုများ ဆိုးဆိုးရွားရွား ဖြစ်ပွားနေသည့် မွန်ပြည်၊ ကျိုက်မရောမြို့နယ်နှင့်...