နေပူချိန် မြင့်တက်နေမှုကြောင့် ကျန်းမာရေး အထူးသတိထားရန် လိုအပ်

နေပူချိန် မြင့်တက်နေမှုကြောင့် ကျန်းမာရေး အထူးသတိထားရန် လိုအပ်
စစ်တွေဈေးကြီး ဆိပ်ကမ်းက အလုပ်သမားများကို နေပူထဲတွင် တွေ့ရစဉ်။ ဓာတ်ပုံ- DMG
စစ်တွေဈေးကြီး ဆိပ်ကမ်းက အလုပ်သမားများကို နေပူထဲတွင် တွေ့ရစဉ်။ ဓာတ်ပုံ- DMG

မြန်မာနိုင်ငံအတွင်း စစ်ကိုင်း၊ မန္တလေးနဲ့ မကွေးတိုင်းနှင့်ပြည်နယ်များတွင် ယခုရက်ပိုင်းအတွင်း အပူချိန်မြင့်တက်နေပြီး လာမည့် ကာလတွင် လည်း အပူချိန်ဆက်လက် မြင့်တက်မည်ဟု မိုးလေဝသနှင့် ဇလ ဗေဒညွှန်ကြားမှုဦးစီးဌာနမှ အသိပေးထုတ်ပြန် ထားသည်။

ထို့အတူ  ရခိုင်ပြည်တွင်လည်း နွေရာသီကာလပျဉ်းမျှအပူချိန် ၃၄ ဒီဂရီစင်တီဂရိတ်ရှိရာကနေ လက်ရှိ ကျောက်တော်၊ မြောက်ဦးမြို အပူချိန်မှာ ၄၀ ဒီဂရီစင်တီဂရိတ်နှင့် စစ်တွေ၊ ကျောက်ဖြူအပူချိန်မှာ ၃၈ ဒီဂရီစင်တီဂရိတ် အထိ ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဒု-ညွှန်ကြားရေးမှူး ဦးလှထွန်းက DMG ကို ပြောသည်။

 ယင်းကြောင့် ပြည်သူများအနေဖြင့် နွေရာသီ အပူချိန်မြင့်တက်မှုကြောင့် ကျန်းမာရေး အထူးဂရုစိုက်ရန် လိုအပ်လာနေခြင်းဖြစ်သည်။

လက်ရှိနေအပူချိန်မြင့်မားမှုကြောင့် ခန္ဓာကိုယ်တွင်းချွေးငုပ်ကာ အပူများ လာပြီး အာရုံကြော စနစ် ပျက်စီးနိုင်ခြင်း၊ ရေဓာတ်ခမ်းခြောက်ခြင်း၊ ဝမ်းလျှောခြင်း၊ ဆီးအောင့်ခြင်း၊ မောပန်းလွယ် သတိလစ်ခြင်း၊ အပူငုပ်ခြင်းစသည့် ရောဂါများဖြစ်စေကာ အသက်အန္တရာယ်ထိခိုက်မှု အထိရှိလာနိုင်ကြောင်း ဆရာဝန်များက သတိပေးသည်။

“ဒီလိုရာသီဥတု ပူပြင်းတဲ့အခါ အဓိက ချွေးထွက်ဖို့လိုတယ်။ တခြားသူတွေ ချွေးတအား ထွက်တဲ့အချိန်မှာ ကိုယ်က လုံးဝချွေးမထွက်ဘူး ဆိုရင်တော့ သတိထားဖို့ လိုအပ်နေပါပြီ။ ချွေးမထွက်တဲ့အတွက် ခန္ဓာကိုယ်တွင်း အပူငြိမ်းအောင် မလုပ်နိုင်ဘူးလေ။ ဒါကြောင့် ချွေးမထွက်ဘူးဆို အာရုံကြောစနစ်ကို ထိခိုက်စေတဲ့ အမိုင်လွိုက်ပရိုတင်း(Amyloid)တွေ ကိုယ်တွင်းထဲ စုနေတာတွေဖြစ်တက်ပါတယ်”ဟု စစ်တွေမြို့ခံ ဒေါက်တာ ကျော်မင်းက ပြောသည်။

ထိုကြောင့် ခန္ဓာကိုယ်တွင်း ချွေးငုပ်ခြင်း၊ အပူငုပ်ခြင်းများ မဖြစ်စေရန် ရေများများသောက် ခြင်း၊ လေဝင်လေထွက်ကောင်းသည့် အဝတ်အစား ပွပွဝတ်ခြင်း၊ ဓာတ်ဆားများ သောက်သုံးခြင်းနှင့် အရည်ရွှမ်းသော အသီးအနှံများ စားသုံးသင့်ကြောင်း ဆရာဝန်များက အကြံပေးသည်။

“ချွေးမထွက်ရင်တော့ ဆရာဝန်နဲ့ သွားတိုင်ပင်သင့်တယ်။ ဘာလို့ဆိုတော့ ကိုယ်ခန္ဓာ အစိတ်အပိုင်း တစ်ခုတည်းက ချွေးမထွက်တာက ဂရုမစိုက်လို့ရပေမယ့် တစ်ကိုယ်လုံးက ချွေးမထွက်ဘဲ အပူငုပ် နေတာဆိုရင်တော့ အချိန်ကြာလာတာနဲ့အမျှ ကျန်းမာရေးကို ပိုထိခိုက်နိုင်တယ်။ နောက် အပူဒဏ်ကြောင့် သတိလစ်သွားတယ်ဆိုလည်း ဆရာဝန်ဆီ ချက်ချင်းပို့ဆောင်သင့်ပါတယ်”ဟု ဒေါက်တာ ကျော်မင်းက ဆက်ပြောသည်။

ထို့အတူ လက်ရှိကာလတွင် သက်ကြီးရွယ်အိုများ၊ ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ၊ နာတာရှည် ရောဂါရှိသူများနှင့် အဝလွန်သူများသည် ရာသီဥတု ပူပြင်းမှု ဒဏ်အား ပိုမိုခံစားရနိုင်သည့်အတွက် အထူးဂရုစိုက်နေထိုင်သင့်ကြောင်း ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။

ထို့အပြင် အပူဒဏ်ခံစားရသော လူနာအား  အရိပ်အေးမြ၍ လေဝင်လေထွက်ကောင်းသောနေရာတွင် ထားရှိခြင်း၊ လူနာ၏ ခန္ဓာကိုယ်အပူချိန် အမြန်ကျဆင်းစေရန် နဖူး၊ လည်ပင်း၊ ချိုင်းကြားတို့အား ရေအေးပတ်တိုက်ပေးခြင်း စသည်တို့ လုပ်သင့်ကြောင်း မြန်မာနိုင်ငံ ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ခန့်မှန်းချက်အရ ဧပြီလကုန် မေလဆန်းပိုင်းမှာ တစ်နိုင်ငံလုံး မိုးရွာသွန်းလာနိုင်မည်ဖြစ်ပြီး ယင်းအချိန်ရောက်မှ အပူရှိန်လျော့ကျလာဖွယ်ရှိကြောင်းလည်း သိရသည်။

စစ်တွေမြို့နယ်၊ ဘာဆာ မူဆလင်ကျေးရွာမှ မိသားစုတစ်စုကို ၂၀၂၃ ခုနှစ်အတွင်း တွေ့ရစဉ် / DMG
September 3, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်ရှိ မူဆလင်ကျေးရွာများနှင့် ဒုက္ခသည်စခန်းများတွင် ဝမ်းပျက်ဝမ်းလျှော...
လောင်တလိုင်မြို့ တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။ / DMG
September 3, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်အတွင်း၌ စက်တင်ဘာလ ၁ ရက်မှစ၍...
ဓာတ်ပုံ - (ကျောက်တော်မြို့နယ်၊ ယိုးချောင်းဒေသရှိ ကျေးရွာတစ်ရွာကို တွေ့ရစဉ် / DMG)
September 2, 2026
ရခိုင်ပြည်အတွင်းရှိ ဝေလံခေါင်ဖျားဒေသများနှင့် သွားလာရခက်ခဲသော ကျေးလက်ဒေသများတွင် ဆေးရုံ၊...
ဓာတ်ပုံ - (အာရက္ခမှုခင်းနှင့် သတင်းထုတ်ပြန်ရေး / DLEPS က ထုတ်ပြန်လာသည့် ယခုနှစ်အတွင်း ရခိုင်မှ ထွက်ခွာစဉ် ဖမ်းဆီးခံထားရသူများ)
September 1, 2026
ရခိုင်ဒေသအတွင်း လူကုန်ကူးမှု တားဆီးကာကွယ် နှိမ်နင်းနိုင်ရေးအတွက် အရှိန်အဟုန်မြှင့်...