ပဇီကြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအားပြင်သစ်သံရုံး ဝမ်းနည်းကြောင်းထုတ်ပြန်

ပဇီကြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအားပြင်သစ်သံရုံး ဝမ်းနည်းကြောင်းထုတ်ပြန်

စစ်တိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာတွင် ယနေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သော စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားဒါဇင်ပေါင်းများစွာသေဆုံးခဲ့ရမှုနှင့် ထိခိုက်ဒဏ်ရာရှိခဲ့မှုများအတွက် မြန်မာနိုင်ငံဆိုင်ရာပြင်သစ်သံရုံးမှ ဝမ်းနည်းရှုတ်ချကြောင်း ယနေ့ ဧပြီလ ၁၁ ရက်နေ့ ညပိုင်းတွင် ထုတ်ပြန်သည်။

သေဆုံးသွားခဲ့ရသူများ၏ မိသားစုဝင်များအား မြန်မာနိုင်ငံဆိုင်ရာပြင်သစ်သံရုံးမှ ထပ်တူဝမ်းနည်းရကြောင်းပြောကြားထားပြီး ဒဏ်ရာရရှိထားသူများအားလည်း အမြန်ဆုံး ပြန်လည်ကျန်းမာလာပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးထားသည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့တွင် တောင်းဆိုထားသော ဆုံးဖြတ်ချက်အမှတ် (၂၆၆၉) အရ အကြမ်းဖက်မှု ရပ်တန့်ရေး၊ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေးနှင့်အတူ အာဆီယံနှင့်သဘောတူညီထားသော ဘုံသဘောတူညီချက် ၅ ရပ်အားလည်း စစ်ကောင်စီအနေဖြင့် လိုက်နာရန် မြန်မာနိုင်ငံဆိုင်ရာပြင်သစ်သံရုံးမှ ထပ်လောင်းသတိပေးလိုကြောင်း ပြောဆိုထားသည်။

ယနေ့ ဧပြီလ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာတွင် အခမ်းအနားတစ်ခုပြုလုပ်နေစဉ် စစ်ကောင်စီီတပ်မှ ဗုံးလာကြဲသွားသောကြောင့် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်သည်များ အပါအဝင် လူပေါင်း ၁၀၀ ဦးထက်မနည်း သေဆုံးခဲ့သည်။

ထို့အပြင် စစ်ကောင်စီတပ်သည် ပဇီကြီးကျေးရွာကို ညနေ ၅ နာရီ ၃၇ မိနစ်ခန့်တွင်လည်း ရဟတ်ဉ်ဖြင့် ထပ်မံလာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်။

ညနေတိုက်ခိုက်မှုအတွင်း ထိခိုက်သေဆုံးရှိ၊ မရှိ အခြေအနေသေးစိတ်ကို မသိရသေးပေ။

လက်ရှိမှာ စစ်ကောင်စီတပ်၏ ဆိုးဝါးသော လေကြောင်းတိုက်ခိုက်မှုကြောင့် ပဇီကြီးကျေးရွာနှင့် အနီးအနားကျေးရွာက ဒေသခံ သောင်းနှင့်ချီပြီး ထွက်ပြေးတိမ်းရှောင်နေကြကြောင်းလည်း သိရသည်။

စာတည်း။ ။ နောင်နောင်

July 27, 2026
မကွေးတိုင်း၊ ကျောက်ထုမြို့နယ်တွင် စစ်အုပ်စုတပ်က စစ်အင်အား ၂,၀၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေခြင်း...
July 27, 2026
အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၏ မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံ...
July 22, 2026
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ ရဲစခန်းအား မိုင်းခွဲတိုက်ခိုက်ခဲ့ရာတွင်...
July 21, 2026
ရှမ်းပြည် တောင်ပိုင်း၊ မိုးဗြဲမြို့နှင့် ကရင်နီပြည်၊ နန်းမယ်ခုံအကြားတွင် ဇွန်လ ဒုတိယပတ်က...