နိုင်ငံတဝန်းမှာ တစ်လအတွင်း အမျိုးသမီး ၂၉ ဦးသေဆုံးပြီး ၅၈ ဦးဖမ်းဆီးခံရ

နိုင်ငံတဝန်းမှာ တစ်လအတွင်း အမျိုးသမီး ၂၉ ဦးသေဆုံးပြီး ၅၈ ဦးဖမ်းဆီးခံရ

နိုင်ငံတဝန်းမှာ ပြီးခဲ့တဲ့ မတ်လတစ်လအတွင်း အမျိုးသမီး၂၉ ဦးသေဆုံးပြီး ၅၈ ဦးဖမ်းဆီးခံခဲ့ရတယ်လို့ မြန်မာအမျိုးသမီးသမဂ္ဂ(Burmese Women's Union) က ဧပြီ ၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

သေဆုံးသူတွေထဲမှာ တော်လှန်ရေးအားကောင်းတဲ့ စစ်ကိုင်းတိုင်းက ၁၇ ဦး၊ ချင်းပြည်နယ်က ၄ ဦး၊ မကွေး တိုင်း ၃ ဦး ၊ မွန်ပြည်နယ် ၂ ဦး၊ ရှမ်းပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာ ၁ ဦးစီ ပါဝင်ပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာတော့ စစ်ကိုင်းတိုင်းက ၂၄ ဦး၊ တနင်္သာရီတိုင်း ၁၀ ဦး၊ ရန်ကုန်တိုင်းမှာ ၈ ဦး၊ ဧရာဝတီတိုင်း ၄ ဦး၊ ကချင်ပြည်နယ် ၃ ဦး၊ မကွေးတိုင်း ၃ ဦး၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်းနဲ့ ပဲခူ းတိုင်းတို့မှာ ၂ ဦးစီ ဖမ်းဆီးခံခဲ့ရတာပါ။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတဲ့ အခုနှစ် မတ်လ ၃၁ ရက်နေ့အထိ အမျိုးသမီး ၄၆၀ ကျော် သေဆုံးထားပြီး အမျိုးသမီး ၃၀၀၀ ကျော်ဟာ ဆက်လက်ဖမ်းဆီးခံထားရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မြန်မာအမျိုးသမီးသမဂ္ဂကတော့ အခုထုတ်ပြန်ထားတဲ့ အချက်အလက်တွေဟာ လွတ်လပ်တဲ့ သ တင်းမီဒီယာ အဖွဲ့အစည်းတွေကနေ ကောက်ယူထားတဲ့ အချက်အလက်တွေဖြစ်ပြီး မြေပြင်မှာ ဒီထက်အများကြီးပိုနိုင်တယ်လို့ ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်မှုအသင်း(AAPP) ရဲ့ အဆိုအရ စစ်တပ်အာဏာသိမ်းတဲ့ ၂ နှစ် ကျော်ကာလအတွင်း သတ်ဖြတ်ခံရတဲ့ အရပ်သားပြည်သူ ၃၂၀၀ ကျော်အထိ ရှိလာပြီလို့ ဧပြီ ၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

သတင်း - သံလွင်တိုင်းမ်

Most read this week

Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...
December 18, 2025
တနင်္သာရီတိုင်း ကော့သောင်းမြို့နယ်မှာ ပြီးခဲ့တဲ့တစ်ပတ်အတွင်း လူငယ် ၁၀၀ ကျော်ကို စစ်ကော်မ...