နိုင်ငံတဝန်းမှာ တစ်လအတွင်း အမျိုးသမီး ၂၉ ဦးသေဆုံးပြီး ၅၈ ဦးဖမ်းဆီးခံရ

နိုင်ငံတဝန်းမှာ တစ်လအတွင်း အမျိုးသမီး ၂၉ ဦးသေဆုံးပြီး ၅၈ ဦးဖမ်းဆီးခံရ

နိုင်ငံတဝန်းမှာ ပြီးခဲ့တဲ့ မတ်လတစ်လအတွင်း အမျိုးသမီး၂၉ ဦးသေဆုံးပြီး ၅၈ ဦးဖမ်းဆီးခံခဲ့ရတယ်လို့ မြန်မာအမျိုးသမီးသမဂ္ဂ(Burmese Women's Union) က ဧပြီ ၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

သေဆုံးသူတွေထဲမှာ တော်လှန်ရေးအားကောင်းတဲ့ စစ်ကိုင်းတိုင်းက ၁၇ ဦး၊ ချင်းပြည်နယ်က ၄ ဦး၊ မကွေး တိုင်း ၃ ဦး ၊ မွန်ပြည်နယ် ၂ ဦး၊ ရှမ်းပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာ ၁ ဦးစီ ပါဝင်ပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာတော့ စစ်ကိုင်းတိုင်းက ၂၄ ဦး၊ တနင်္သာရီတိုင်း ၁၀ ဦး၊ ရန်ကုန်တိုင်းမှာ ၈ ဦး၊ ဧရာဝတီတိုင်း ၄ ဦး၊ ကချင်ပြည်နယ် ၃ ဦး၊ မကွေးတိုင်း ၃ ဦး၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်းနဲ့ ပဲခူ းတိုင်းတို့မှာ ၂ ဦးစီ ဖမ်းဆီးခံခဲ့ရတာပါ။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတဲ့ အခုနှစ် မတ်လ ၃၁ ရက်နေ့အထိ အမျိုးသမီး ၄၆၀ ကျော် သေဆုံးထားပြီး အမျိုးသမီး ၃၀၀၀ ကျော်ဟာ ဆက်လက်ဖမ်းဆီးခံထားရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မြန်မာအမျိုးသမီးသမဂ္ဂကတော့ အခုထုတ်ပြန်ထားတဲ့ အချက်အလက်တွေဟာ လွတ်လပ်တဲ့ သ တင်းမီဒီယာ အဖွဲ့အစည်းတွေကနေ ကောက်ယူထားတဲ့ အချက်အလက်တွေဖြစ်ပြီး မြေပြင်မှာ ဒီထက်အများကြီးပိုနိုင်တယ်လို့ ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်မှုအသင်း(AAPP) ရဲ့ အဆိုအရ စစ်တပ်အာဏာသိမ်းတဲ့ ၂ နှစ် ကျော်ကာလအတွင်း သတ်ဖြတ်ခံရတဲ့ အရပ်သားပြည်သူ ၃၂၀၀ ကျော်အထိ ရှိလာပြီလို့ ဧပြီ ၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

သတင်း - သံလွင်တိုင်းမ်

Most read this week

ဓာတ်ပုံ - MOI
September 4, 2026
ပြည်သူ့စစ်မှုထမ်းအဖြစ် သတ်မှတ်ကာလ ၂ နှစ် တာဝန်ထမ်းဆောင်ပြီးသည့်သူများကို အလုပ်အကိုင် ရရှိရေး...
September 3, 2026
မွန်ပြည်၏ မြို့တော် မော်လမြိုင်မြို့တွင် အများပြည်သူ အသုံးပြုနေသည့် လမ်းပိုင်းအများစု...
September 3, 2026
စစ်အုပ်စုခေါင်းဆောင်၊ ကိုယ်တိုင်ခန့် သမ္မတနှင့် တပ်ချုပ်သစ်တို့၏ ထိုင်းခရီးစဉ်အပြီး လက်နက်ခဲယမ်း...
September 2, 2026
မွန်ပြည်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးအချို့သည် စစ်မှုထမ်း အကျုံးဝင်သည့်...