နယ်သာလန်တွင် ချီးမြှင့်သည့် Geuzenpenning Award 2023 ကို AAPP က လက်ခံရရှိ

နယ်သာလန်တွင် ချီးမြှင့်သည့် Geuzenpenning Award 2023 ကို AAPP က လက်ခံရရှိ

နယ်သာလန်နိုင်ငံ၌ မတ်လ(၁၃)ရက်နေ့တွင် Geuzen Medal Foundation က လူအခွင့်အရေးကာကွယ် စောင့်ရှောက် သူများအတွက် ချီးမြှင့်သည့် Geuzenpenning Award  2023 ဆုကို နိုင်ငံရေးအကျဉ်း သားများကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) AAPPက လက်ခံရရှိခဲ့ကြောင်း  အသင်း၏ တာဝန်ရှိသူတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

အဆိုပါ ဆုအား လူ့အခွင့်အရေးချိုးဖောက်မှုများကို ကောက်ယူစုဆောင်းမှတ်တမ်းတင်ပြီး မြန်မာပြည်သူများနှင့် ကမ္ဘာ့ အသိုင်းအဝိုင်းများဆီသို့ ထုတ်ဖေါ်ပြနေသည့်အတွက် ယုံကြည်စိတ်ချရသည့် အဖွဲ့အစည်းတစ်ခုဖြစ်သောကြောင့် Geuzenpenning Award  2023  ဆုကို ပေးအပ်ခဲ့ခြင်းဖြစ်သည်ဟု  Geuzen Medal Foundation က ပြောဆိုထားသည်။

“တကယ်တော့ဒီဆုက စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်သူတွေ၊ အဖမ်းဆီးအထိန်းအသိမ်းခံရသူတွေ၊ ညှဉ်းပန်း နှိပ်စက်ခံနေရတဲ့အပြစ်မဲ့ပြည်သူတွေ၊ နေအိမ်ဥစ္စာဆုံးရှုံးသွားခဲ့ရသူတွေ အသက်ပေးခဲ့ရတဲ့ သူတွေအတွက် ပေးအပ်တဲ့ နွေဦးတော်လှန်ရေးရဲ့ သူရဲကောင်းဆု တစ်ခုအဖြစ် ကျနော်တို့ယုံကြည်စွာခံယူပါတယ်”ဟု AAPP အဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

နိုင်ငံရေးအကျဉ်း သားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)သည် တရားမျှတမှုအတွက် ရဲရင့်စွာ တိုက်ပွဲဝင်ခဲ့သည်ကို လေးစားအသိအမှတ်ပြုခြင်းဖြစ်ပြီး  AAPP ၏လုပ်ဆောင်ချက်များသည် လူ့အခွင့်အရေးနှင့် တာဝန်ခံမှုများအတွက် မရှိမဖြစ်လိုအပ်သည့် လုပ်ဆောင်ချက်ဖြစ်ကြောင်း နယ်သာလန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး၏ တွစ်တာလူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသားဖော်ပြထားသည်။

AAPP သည် နိုင်ငံ‌ရေးအကျဉ်းသားအားလုံး လွတ်‌မြောက်လာ‌စေ‌ရေးနှင့် ၎င်းတို့‌ထောင်တွင်း‌နေထိုင်စဉ် လူမှု ဘဝတိုးတက် ‌ရေးများအတွက် ‌ထောက်ခံအား‌ပေးမှုများနှင့် တိုက်တွန်းလှုံ့‌ဆော်မှုများပြုလုပ်‌ပေးနိုင်ရန် ၂၀၀ဝ ခုနှစ်တွင် ထိုင်း-မြန်မာ နယ်စပ်တွင် အ‌ခြေပြုဖွဲ့စည်းခဲ့သည့် အဖွဲ့ဖြစ်သည်။

Photo crd : CJ
May 5, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မြောက်ပိုင်းတွင် စစ်ဘေးကြောင့်နေအိမ်မပြန်နိုင်သေးသော ကျေးရွာ(၅)...
May 4, 2026
“နိုင်ငံတကာမှာရှိတဲ့သတင်းအဖွဲ့အစည်းတွေက လွတ်လပ်သောသတင်းမီဒီယာသမားတွေ ဆက်လက်ရှင်သန်ဖို့အတွက်...
Photo crd: social media
May 4, 2026
မြန်မာနိုင်ငံအတွင်းရှိ သတင်းမီဒီယာလွတ်လပ်ခွင့်အခြေအနေသည် အရှိန်အဟုန်ဖြင့် ဆက်လက်ကျဆင်းနေပြီး...
May 2, 2026
နန်းဝေဖြိုး — တောတောင်များကြားက တရှရှ တိုက်ခတ်လာတဲ့ လေပြေနဲ့အတူ ယွန်းစလင်းချောင်းရေဟာ...