စစ်တပ်ထုတ်ကုန်ပစ္စည်းများကို အသုံးမပြုကြရန် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထုတ်ပြန်

စစ်တပ်ထုတ်ကုန်ပစ္စည်းများကို အသုံးမပြုကြရန် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထုတ်ပြန်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်နှင့် အရှေ့တော ဒေသရှိ ဒေသခံပြည်သူများအနေဖြင့် စစ်တပ် ထုတ်ကုန်များကို အသုံးမပြုကြရန် OAK AWE COLUMN DAWEI (ဥဩစစ်ကြောင်း ထားဝယ်မြို့နယ်)က မတ်လ ၁၁ ရက်နေ့တွင် ထုတ်ပြန်အသိပေးလိုက်သည်။

မတ်လ(၁၁)ရက်နေ့မှ စတင်ပြီး ထားဝယ်မြို့နယ်နှင့် အရှေ့တောနယ်ဒေသရှိ ထားဝယ်-ထီးခီး လမ်းပိုင်းကို အသုံး ပြုနေသော ကုန်တင်ယာဉ်များနှင့် ဒေသခံပြည်သူများအနေဖြင့် စစ်တပ်ထုတ်ကုန်များ ကားပေါ်တင်ဆောင်ပြီး ဖြတ်သန်းသွားလာခွင့် မပြုရန်နှင့် သုံးစွဲခြင်းများ မပြုလုပ်ကြရန် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဥဩစစ်ကြောင်း၏ ပြန်ကြားရေးတာဝန်ခံ တစ်ဦးက “လက်ရှိနေထားကတော့ ခရီးသွား ပြည်သူတွေကို စကစ ထုတ်ပစ္စည်းတွေက ဘယ်လိုဟာတွေပါ။ ဒီဟာတွေမသုံးကြဖို့ရယ်၊ သတိပေးလုပ်ဆောင်နေပါတယ်ဗျ။ တကယ်လို့ သတိပေးလျက်သားနဲ့ပါလာတယ်ဆိုရင်တော့ ဖမ်းဆီးပြီး၊ တခါတည်း ဖျက်ဆီးပစ်ပါတယ်ဗျာ့” ဟု ကေအိုင်စီသို့ပြောသည်။

ဥဩစစ်ကြောင်း၏ ထုတ်ပြန်ချက်တွင် စစ်ကောင်စီထုတ်ကုန်ဖြစ်သော ဆေးလိပ်၊ ဘီယာ၊ စားသောက်ကုန်ပစ္စည်း တချို့ နှင့် ဆေးရုံ၊ ဟိုတယ်(Hotel)၊ ဘဏ် စသည်တို့အပါအဝင် အမျိုးအစား စုစုပေါင်း (၃၀)ကျော်ပါဝင်ကြောင်း ဖော်ပြထားသည်။

ထို့အပြင် ပြီးခဲ့သည့် ဇန်နဝါရီလ (၃၁)ရက်နေ့ကလည်း ထားဝယ်-ထီးခီးကားလမ်းမပေါ်တွင် ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် ရှောင်တခင် စစ်ဆေးခဲ့ရာ WY မူးယစ်ဆေးဝါး အပြား ၆၀၀ သယ်ဆောင် လာသော ဆိုင်ကယ် ၂ စီးနှင့်အတူ လူ ၃ ဦး ဖမ်းဆီးခဲ့သေးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

September 10, 2026
တနင်္သာရီတိုင်း၊ မြိတ်-ထားဝယ်ခရိုင်အတွင်းရှိ ကျေးရွာများသို့ ယခု စက်တင်ဘာလအတွင်း စစ်အုပ်စုတပ်က...
September 10, 2026
ကရင်ပြည်၊ မြဝတီမြို့မြောက်ဘက် ရွှေကုက္ကိုလ်မှ အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ဆောင်သူ...
ဓာတ်ပုံ - Việt Nam News
September 7, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်၏ ဗီယက်နမ်ခရီးစဉ်အတွင်း ဗီယက်နမ်နှင့် မြန်မာ နှစ်နိုင်ငံ...
ဓာတ်ပုံ - (KNU)
September 7, 2026
မွန်ပြည်၊ ကေအဲန်ယူ-တပ်မဟာ(၁)၊ သထုံ/ဒူးသထူခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ညောင်ထောက်ကျေးရွာသို့...