စစ်ရှောင်ဖို့ ပြင်ဆင်နေတဲ့ အသက် ၇၀ ကျော်အရွယ် အမျိုးသားတစ်ဦး သေဆုံး

စစ်ရှောင်ဖို့ ပြင်ဆင်နေတဲ့ အသက် ၇၀ ကျော်အရွယ် အမျိုးသားတစ်ဦး သေဆုံး

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ ဒေါတမကြီးကျေးရွာမှာနေထိုင်တဲ့ အသက် ၇၀ ကျော်အရွယ် အမျိုးသားတစ်ဦး စစ်ဘေးရှောင်ဖို့ ပြင်ဆင်နေချိန်မှာ ရုတ်တရက်သေဆုံးသွားတယ်လို့ နီးစပ်ရာဆွေမျိုးတွေဆီကနေ သိရပါတယ်။

မိသားစုနဲ့အတူ ပြီးခဲ့တဲ့ သုံးရက်အတွင်းက ကျေးရွာကနေ စစ်ဘေးရှောင်စခန်းတစ်နေရာဆီကို သွားရောက်ခိုလှုံရင်း ယနေ့ နံနက် ၆ နာရီဝန်းကျင်မှာ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ နေရပ်ကိုလည်း ပြန်လို့မရတာကြောင့် စစ်ဘေးရှောင်ဖို့ ရောက်ရှိတဲ့နေရာမှာပဲ အဆင်ပြေသလို မြေမြုပ်သဂြိုလ်ခဲ့ရတယ်လို့ နီးစပ်တဲ့ ဒေသခံတွေဆီကနေ သိရှိရပါတယ်။

နကိုယ်ရောဂါအခံရှိသူဖြစ်ပြီး တိုက်ပွဲကြောင့် ပြေးလွှားရတဲ့အတွက် စိတ်ဖိစီးမှုများပြီး နှလုံးရပ်သေဆုံးသွားတာဖြစ်တယ်လို့ သိရပါတယ်။ ဒီးမော့ဆိုအရှေ့ဘက်ခြမ်းကနေ ထပ်ဆင့်ပြောင်းရွေ့နေထိုင်ကြဖို့အတွက် ပြင်ဆင်နေကြတဲ့ အချိန်မှာပဲ သေဆုံးသွားခဲ့တာ ဖြစ်တယ်လို့ နီးစပ်တဲ့ဆွေမျိုးတွေဆီကနေ သိရပါတယ်။

ဒီးမော့ဆိုအရှေ့ဘက်ခြမ်းကို စစ်ကောင်စီတပ်ကနေ ဝိုင်းဝန်း ထိုးစစ်ဆင်လာတာကြောင့် စစ်ဘေးရှောင်ပြည်သူတွေဟာ ဘေးလွတ်ရာကို ထပ်ဆင့်ထွက်ပြေးတိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။

ဓါတ်ပုံ – (ဒီးမော့ဆိုမြို့နယ် အရှေ့ပိုင်းရှိ စစ်ဘေးရှောင် စာသင်ကျောင်းတစ်ကျောင်းကို တွေ့ရစဉ်။)
September 10, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် (အရှေ့ပိုင်း) ဒေသအတွင်း ဖွင့်လှစ်ထားသည့် စာသင်ကျောင်းအချို့ကို...
September 10, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ရှောင်စခန်း စာသင်ကျောင်းတစ်ခုတွင် ကျောင်းလခ...
September 9, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်များ စုပေါင်းနေထိုင်ရာ စခန်းတစ်ခုတွင်...
စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော နေအိမ်များ။ / Crd
September 7, 2026
ကရင်နီပြည်၊ ရှားတော (ဆိုမိုဖရေစိုးလေး) မြို့နယ်နှင့် လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းရှိ...