စစ်ရှောင်ဖို့ ပြင်ဆင်နေတဲ့ အသက် ၇၀ ကျော်အရွယ် အမျိုးသားတစ်ဦး သေဆုံး

စစ်ရှောင်ဖို့ ပြင်ဆင်နေတဲ့ အသက် ၇၀ ကျော်အရွယ် အမျိုးသားတစ်ဦး သေဆုံး

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ ဒေါတမကြီးကျေးရွာမှာနေထိုင်တဲ့ အသက် ၇၀ ကျော်အရွယ် အမျိုးသားတစ်ဦး စစ်ဘေးရှောင်ဖို့ ပြင်ဆင်နေချိန်မှာ ရုတ်တရက်သေဆုံးသွားတယ်လို့ နီးစပ်ရာဆွေမျိုးတွေဆီကနေ သိရပါတယ်။

မိသားစုနဲ့အတူ ပြီးခဲ့တဲ့ သုံးရက်အတွင်းက ကျေးရွာကနေ စစ်ဘေးရှောင်စခန်းတစ်နေရာဆီကို သွားရောက်ခိုလှုံရင်း ယနေ့ နံနက် ၆ နာရီဝန်းကျင်မှာ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ နေရပ်ကိုလည်း ပြန်လို့မရတာကြောင့် စစ်ဘေးရှောင်ဖို့ ရောက်ရှိတဲ့နေရာမှာပဲ အဆင်ပြေသလို မြေမြုပ်သဂြိုလ်ခဲ့ရတယ်လို့ နီးစပ်တဲ့ ဒေသခံတွေဆီကနေ သိရှိရပါတယ်။

နကိုယ်ရောဂါအခံရှိသူဖြစ်ပြီး တိုက်ပွဲကြောင့် ပြေးလွှားရတဲ့အတွက် စိတ်ဖိစီးမှုများပြီး နှလုံးရပ်သေဆုံးသွားတာဖြစ်တယ်လို့ သိရပါတယ်။ ဒီးမော့ဆိုအရှေ့ဘက်ခြမ်းကနေ ထပ်ဆင့်ပြောင်းရွေ့နေထိုင်ကြဖို့အတွက် ပြင်ဆင်နေကြတဲ့ အချိန်မှာပဲ သေဆုံးသွားခဲ့တာ ဖြစ်တယ်လို့ နီးစပ်တဲ့ဆွေမျိုးတွေဆီကနေ သိရပါတယ်။

ဒီးမော့ဆိုအရှေ့ဘက်ခြမ်းကို စစ်ကောင်စီတပ်ကနေ ဝိုင်းဝန်း ထိုးစစ်ဆင်လာတာကြောင့် စစ်ဘေးရှောင်ပြည်သူတွေဟာ ဘေးလွတ်ရာကို ထပ်ဆင့်ထွက်ပြေးတိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။

Most read this week

December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...
December 16, 2025
မြလေးကုန်းဆိုတဲ့ စစ်ရှောင်စခန်းအတွင်းက အေးချမ်းတဲ့ ဆောင်းမနက်ခင်းတခုရဲ့ နံနက်ခင်းလေးမှာ...
December 15, 2025
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အတွင်းက သုံးနှစ်အရွယ် စစ်ဘေးရှောင်ကလေးငယ်တစ်ဦးကို...
December 10, 2025
ကရင်နီပြည် ၊ လွိုင်ကော်မြို့၊ ပန်ကန်းရပ်ကွက်မှာ နေထိုင်တဲ့ အမျိုးသားနှစ်ဦးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ...