စစ်အုပ်စုကို ဆက်လက်ဆန့်ကျင်ရန် ပင်လုံစာချုပ်နေ့တွင် KNF ထုတ်ပြန်

စစ်အုပ်စုကို ဆက်လက်ဆန့်ကျင်ရန် ပင်လုံစာချုပ်နေ့တွင် KNF ထုတ်ပြန်

(၇၆) နှစ်မြောက် ပင်လုံစာချုပ်ချုပ်ဆိုသောနေ့တွင် အကြမ်းဖက်စစ်ကောင်စီအုပ်စုကို ဆက်လက်တိုက်ပွဲဝင်ရန်နှင့် ဆန့်ကျင်ကြရန် Kachin National Forum KNF မှ အချက် ၃ ချက်ဖြင့် သဘောထား ထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်ခဲ့သည့် ၇၆ ကြိမ်မြောက် ပင်လုံစာချုပ်နေ့တွင် ကချင်အရပ်ဘက် အဖွဲ့အစည်း ၉ ဖွဲ့မှ မတရားအာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီအုပ်စု အမြစ်ပြတ်ချေမှုန်းရန် သဘောထား ထုတ်ပြန်ချက်ပြုလုပ်ရခြင်းဖြစ်ကြောင်း KNF တာဝန်ရှိသူတစ်ဦးက KNG ကို ပြောသည်။

“ပင်လုံစာချုပ်နေ့ လည်းဖြစ်တယ်၊ ပြည်ထောင်စုနေ့လည်းဖြစ်တယ်၊ ပင်လုံစာချုပ်ဆိုပြီး လက်မှတ်သာ ထိုးထားတယ် လက်တွေ့ခံစားရတဲ့ထဲမှာတော့ ကျွန်တော်တိုင်းရင်းသားတွေ မပါဘူး၊ အခုထိလည်း တိုက်ပွဲတွေ တိုက်နေရတုန်းဘဲ၊ အဲ့တာတွေကြောင့် ဒီနေ့ကလည်း ရက်ကြီးခါကြီးလည်းဖြစ်နေတော့ အခုလို ထုတ်ပြန် လိုက်တာပါ”ဟုပြောသည်။

အကြမ်းဖက်စစ်ကောင်စီအုပ်စုမှ ဦးဆောင်ပြုလုပ်မည့် ရွေးကောက်ပွဲတွင်လည်း ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ၊ ပြည်သူလူထုများ မပါဝင်ရန်နှင့် ဆက်လက်ပြီးဆန့်ကျင်သွားကြရန် KNF မှ တာဝန်ရှိသူတစ်ဦးက KNG ကိုပြောသည်။

“အခုရွေးကောက်ပွဲကလည်း သူတို့ဘာသာတရားဝင်အောင်လုပ်ပြီး ကြေငြာမှာပေါ့၊ သိစေချင်တာက သူတို့ရဲ့ရွေးကောက်ပွဲကတရားမဝင်ဘူး၊ အကုန်လုံးလည်းသိတယ်၊ လက်ခံမှာလည်းမဟုတ်ဘူး၊ ကျွန်တော်တို့အားလုံးမှာ တာဝန်ရှိတယ်၊ အဲ့တာကြောင့် ပြည်သူတွေအနေနဲ့ရော ၊ တခြားအဖွဲ့အစည်းတွေကိုရော မပါဝင်ဖို့ရန် တိုက်တွန်းချင်ပါတယ်” ဟုပြောသည်။

ကချင်အရပ်ဘက် အဖွဲ့အစည်းအနေဖြင့် နာမည်မဖော်ပြလိုသည့် အခြားသောအဖွဲ့အစည်းများနှင့်လည်း  စစ်ကောင်စီအုပ်စု၏ အတုအယောင်ရွေးကောက်ပွဲအား ဆန့်ကျင်ရန် လက်တွေ့အကောင်အထည်များ ပြုလုပ်နေပြီဖြစ်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။

Kachin National Forum (KNF) ကို အဖွဲ့အစည်း ၉ ဖွဲ့ဖြင့် ဖွဲ့စည်းထားပြီး ကချင်ပြည်နယ်အရပ်ရပ်တွင် ဖြစ်ပျက်နေသည့် ကိစ္စအရပ်ရပ်အား စုပေါင်းကာ ဖြေရှင်းပေးနေသည့် Forum တစ်ခုဖြစ်ကြောင်း သိရသည်။

စင်းခန်းကျေးရွာတစ်ဝိုက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းနေစဉ်။ / Crd
September 18, 2026
ကချင်ပြည်၊ ဗန်းမော်၊ မံစီနှင့် ဇင်းဘုံ၊ စင်းခန်းတံတားတစ်ဝိုက် ဒေသများတွင် စစ်ရေးတင်းမာနေပြီး...
မြစ်ကြီးနားမြို့ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိများကို တွေ့ရစဉ်။ / ပုံဟောင်း
September 18, 2026
ကချင်ပြည် မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်ရှိ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိ ၁၃...
ကချင်ပြည်၊ ဝိုင်းမော်မြို့အတွင်း ART ဆေး ရရှိနိုင်သည့် ကျန်းမာရေးစင်တာတစ်ခုအား တွေ့ရစဉ်။ / Crd
September 18, 2026
ကချင်ပြည်အတွင်း HIV ပိုးထိန်းဆေး (ART) ပြတ်လပ်နေသည့်အတွက် HIV လူနာများအကြား စိုးရိမ်မှု...
ကချင်ပြည်၊ ပူတာအိုမြို့နယ်ရှိ ပူတာအို လေယာဉ်ကွင်းကို တွေ့ရစဉ်။ / Crd
September 17, 2026
ကချင်ပြည်နယ်၊ ပူတာအို - မြစ်ကြီးနား ကားလမ်းပိုင်းတွင် စစ်အုပ်စုတပ်က ခရီးသွားပြည်သူများအပေါ် တား...