ဇန်နဝါရီလအတွင်း အရပ်သား ၁၀၀ ကျော် အသတ်ခံရပြီး အိမ်ခြေ ၅၀၀၀ ကျော် မီးရှို့ခံရ

ဇန်နဝါရီလအတွင်း အရပ်သား ၁၀၀ ကျော် အသတ်ခံရပြီး အိမ်ခြေ ၅၀၀၀ ကျော် မီးရှို့ခံရ

ဇန်နဝါရီတစ်လအတွင်း အရပ်သား ၁၀၀ ကျော် အသတ်ခံရပြီး အိမ်ခြေ ၅၀၀၀ ကျော် မီးရှို့ ခံရသည်ဟု NUG ၏ တရားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ထုတ်ပြန်သည်။

ကချင်၊ ကရင်၊ ချင်း၊ မွန်၊ ရှမ်း (တောင်ပိုင်း)၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ဧရာဝတီနှင့် တနင်္သာရီတိုင်း တို့တွင် အမျိုးသား ၇၈ ဦး၊ အမျိုးသမီး ၂၄ ဦး၊ သံဃာ/ သာသနာပြုလေးဦး၊ ကလေးသူငယ် ၁၀ ဦး စုစုပေါင်း ၁၁၆ ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့ကြောင်း ဖော်ပြထားသည်။

စစ်ကိုင်းတိုင်းအတွင်း၌ ကလေးသူငယ်ကိုးဦးအပါအဝင် စုစုပေါင်း ၈၀ ဦး သတ်ဖြတ်ခံခဲ့ရပြီး အများဆုံး ဖြစ်ပွားခဲ့သည်ကို ထုတ်ပြန်ချက်တွင်တွေ့ရသည်။ မန္တလေးတိုင်းမှာမူ အရပ်သားသတ်ဖြတ်ခံရမှု ဒုတိယ အများဆုံးနေရာတွင် ရှိနေသည်။

ဇန်နဝါရီလအတွင်း နေအိမ်မီးရှို့ဖျက်ဆီးခံရမှုများအနေဖြင့် စစ်ကိုင်းတိုင်းတွင် ၄,၇၀၀ ကျော်ဖြင့် အများ ဆုံးဖြစ်ပွားခဲ့ပြီး မကွေးတိုင်းတွင် ဒုတိယအများဆုံးနှင့် တနင်္သာရီတိုင်းတွင် တတိယအများဆုံး ဖြစ်ပွားခဲ့ သည်။

ထို့ပြင် တစ်လအတွင်း ထိခိုက်ဒဏ်ရာရရှိသူ အရပ်သား ၃၇ ဦးရှိပြီး မတရားဖမ်းဆီးခံရသူ ၁၀၀ နီးပါး လည်းရှိခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ထားသည်။

အာဏာသိမ်းကာလအတွင်း ဖြစ်ပွားနေသည့် စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများအပါ အဝင် အရပ်ရပ်သောဉပဒေဆိုင်ရာချိုးဖောက်မှုများကို စာရင်းကောက်ယူပြုစုလျက်ရှိပြီး အမှန်တရား ရှာဖွေဖော်ထုတ်ခြင်း၊ တရားမျှတမှုရရှိအောင် ဆောင်ရွက်ခြင်း၊ ပြန်လည်ကုစားပေးခြင်းတို့ ဆောင်ရွက် ရန်စီမံနေကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ထို့ကြောင့် သတင်းအချက်အလက်မှတ်တမ်းများပေးပို့ကြရန်နှင့် ပူးပေါင်းပါဝင်ပေးကြရန် အမျိုးသား ညီညွတ်ရေးအစိုးရ(NUG)၏ တရားရေးဝန်ကြီးဌာန၊ တရားဥပဒေစိုးမိုးရေးနှင့် အသွင်ကူးပြောင်းရေး ကာလတရားမျှတမှုဆိုင်ရာ ဦးစီးဌာနကဖိတ်ခေါ်ထားသည်။

စာတည်း။ ။Alden

စာမူတည်းဖြတ်။ ။စောဖေ

July 31, 2026
စစ်အုပ်စုတပ် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး ဖြစ်သူ ဗိုလ်ချုပ်ကြီး ထွန်းအောင်၏ ရန်ကုန်နေအိမ်သို့...
July 30, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်အုပ်စုက ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့မှစ၍ ဇူလိုင်လ ၂၉ ရက်နေ့...
July 30, 2026
မလေးရှားအစိုးရက ဒုက္ခသည်များအပေါ် ထားရှိသည့် မူဝါဒများကို တင်းကျပ်လာနေသည့် အခြေအနေများ ကြောင့်...
July 27, 2026
မကွေးတိုင်း၊ ကျောက်ထုမြို့နယ်တွင် စစ်အုပ်စုတပ်က စစ်အင်အား ၂,၀၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေခြင်း...