(၇၆)ကြိမ်မြောက် ကရင်အမျိုးသားအစည်းအရုံးနေ့ အခမ်းအနား KNU ဌာနချုပ်တွင် ကျင်းပ

(၇၆)ကြိမ်မြောက် ကရင်အမျိုးသားအစည်းအရုံးနေ့ အခမ်းအနား KNU ဌာနချုပ်တွင် ကျင်းပ

ယနေ့ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ကျရောက်သော (၇၆)ကြိမ်မြောက် ကရင်အမျိုးသား အစည်းအရုံးနေ့ (Karen National Union Day ) အခမ်းအနားကို KNU ဌာနချုပ်တွင်ပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီအချိန်တွင် စတင်ကျင်းပခဲ့ပြီး ကေအဲန်ယူ - ကရင်အမျိုးသား အစည်းအရုံးနေ့ (Karen National Union Day )သို့ပေးပို့သော ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး၏ သဝဏ်လွှာကို ဆရာမနော်မူဂေဖေါကဖတ်ကြားကာ မျိုးဆက်သစ်(NGLP) ကျောင်းသားကျောင်းသူများ က ဂုဏ်ပြုတေးသီချင်းသီဆိုဖျော်ဖြေခဲ့ကြသည်ဟု KNU ၏ ထုတ်ပြန်ချက်အရ သိရသည်

ထို့နောက် ပဒိုစောကွယ်ထူးဝင်း (ဒု-ဥက္ကဋ္ဌ)၊ ပဒိုစောသမိန်ထွန်း (ဗဟိုအလုပ်အမှုဆောင် )နှင့် ဗိုလ်မှူးချုပ် စောမူလာ ( KNLA စစ်ဌာနချုပ်)တို့က အသီးသီးမိန့်ခွန်းပြောကြားခဲ့ကြသည်။

အခမ်းအနားသို့ ကရင်အမျိုးသားအစည်းအရုံး(KNU)မှ ထိပ်ပိုင်းခေါင်းဆောင်များ၊ ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော်စစ်ဌာနချုပ်မှ ခေါင်းဆောင်များနှင့် စစ်သည်တော်များ၊ ကရင်လူငယ်အစည်းအရုံး (KYO)မှ လူငယ်ခေါင်းဆောင်များ၊ မျိုးဆက်သစ်ခေါင်းဆောင်သင်တန်းကျောင်း (NGLP)မှ ကျောင်းသား ကျောင်းသူများနှင့် ဒေသခံများ တက်ရောက်ခဲ့ကြသည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။စောဖေ

July 31, 2026
စစ်အုပ်စုတပ် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး ဖြစ်သူ ဗိုလ်ချုပ်ကြီး ထွန်းအောင်၏ ရန်ကုန်နေအိမ်သို့...
July 30, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်အုပ်စုက ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့မှစ၍ ဇူလိုင်လ ၂၉ ရက်နေ့...
July 30, 2026
မလေးရှားအစိုးရက ဒုက္ခသည်များအပေါ် ထားရှိသည့် မူဝါဒများကို တင်းကျပ်လာနေသည့် အခြေအနေများ ကြောင့်...
July 27, 2026
မကွေးတိုင်း၊ ကျောက်ထုမြို့နယ်တွင် စစ်အုပ်စုတပ်က စစ်အင်အား ၂,၀၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေခြင်း...