ကော့ကရိတ်မြို့ စစ်ကောင်စီဌာနဆိုင်ရာရုံးများ အဝင်အထွက်လမ်းပိတ်ကာ အရပ်ဝတ်ဖြင့် အလုပ်လုပ်နေကြရ

ကော့ကရိတ်မြို့ စစ်ကောင်စီဌာနဆိုင်ရာရုံးများ အဝင်အထွက်လမ်းပိတ်ကာ အရပ်ဝတ်ဖြင့် အလုပ်လုပ်နေကြရ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ရှိ စစ်ကောင်စီဆိုင်ရာဌာနရုံးများ ဝင်ရောက်စီးနင်း ခံရသည့် နောက်ပိုင်း လက်ရှိတွင် ရုံးများပိတ်ထား၍ အဝင်အထွက်လမ်းပိတ်ကာ အရပ်ဝတ်ဖြင့် အလုပ်လုပ်နေကြရကြောင်း ကော့ကရိတ်မြို့ခံများကပြောသည်။

ကော့ကရိတ်မြို့ပေါ်ရှိ စစ်ကောင်စီဌာနဆိုင်ရာရုံးများကို ကရင်အမျိုးသား လွတ်မြောက် ရေးတပ်မတော်- KNLA ပူး‌ပေါင်းတပ်နှင့် ကော်သူးလေအာမီ -KTLAတို့ ဝင်ရောက်စီးနင်း သည့်နောက်ပိုင်း မြို့နယ်ရဲရုံး၊ ခရိုင်ရဲရုံး၊ ထွေအုပ်ရုံး၊ ပညာရေးမှူးရုံးများ အစရှိသည့် ဌာနဆိုင်ရာအစိုးရရုံးများသည် CCTV တပ်ဆင်ကာရုံးအတွင်းတွင် အရပ်ဝတ်ဖြင့် သိုသိုသိပ်သိပ်သာ အလုပ်လုပ်နေကြောင်း မြို့ခံများကပြောသည်။

ဌာနဆိုင်ရာနှင့် နီးစပ်သည့် ‌မြို့ခံတစ်ဦးက “ကော့ကရိတ်မြို့ ပထမအခေါက် တိုက်ခိုက်ခံ တဲ့နောက်ပိုင်း အစိုးရရုံးတွေ တော်တော်များများပိတ်ထားတယ်။ ဖွင့်တဲ့ရုံး တွေလည်း ရုံးအဝင် အထွက်လမ်းတွေပိတ်ထားတယ်။ ခုနောက်ပိုင်းမှ ရုံးတွေနည်းနည်း ပြန်ဖွင့်လာတယ်။ ပြန်ဖွင့်တဲ့ရုံးလည်း အထဲမှာ အရပ်ဝတ်နဲ့ ခိုးကြောင်ခိုးဝှက် အလုပ် လုပ်နေရတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ထိုသို့ ရုံးပိတ်၍ ခိုးကြောင်ခိုးဝှက် အလုပ်လုပ်နေရခြင်းသည် အာဏာသိမ်းစစ်တပ်၏ မမှန်ကန်သော လုပ်ရပ်များကြောင့် ပြည်သူလူထု၏ တော်လှန်မှုကို ရင်ဆိုင်နေရခြင်းဖြစ်ပြီး မမှန်မကန်သည့် လုပ်ရပ်များကြောင့်လည်း ယခုလို ကြောက်ရွံ့နေကြရကြောင်း ကော့ကရိတ်မြို့ခံ တချို့က ဝေဖန်ပြောဆိုသည်။

ကော့ကရိတ်မြို့နယ် ကျေးရွာလူကြီးတစ်ဦးက“ ပြည်သူတွေနိုင်ပြီး။ သူတို့(စစ်ကောင်စီ) ကမ‌ပေးဘူ။ အာဏာသိမ်းပြီးပြည်သူကို လုပ်ချင်တာလုပ်တယ်။ ပြည်သူ‌ လက်မခံလို့ပြန်‌ တော်လှန်တယ်။ သူတို့လုပ်ရပ်တွေ မမှန်ကန်လို့ ကြောက်နေရတာပေါ့” ဟု ကေအိုင်စီသို့ ပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက် နံနက်ပိုင်းတွင် ကော့ကရိတ်မြို့ စစ်ကောင်စီရုံး အခြေစိုက်ရာနေရာများရှိ စစ်ကောင်စီထွေအုပ်၊ ရဲစခန်းနှင့် စစ်တပ်က တုတ်များအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ၀င်ရောက်စီးနင်း တိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး စစ်ကောင်စီဘက်မှလည်း လက်နက်ကြီး လက်နက်ငယ်များ အပြင် လေကြောင်းပစ်ကူများ ဖြင့် ပြန်လည်တုန့်ပြန်တိုက်ခိုက်ခဲ့သည်။

အဆိုပါ စီးနင်းတိုက်ခိုက်ခံရမှုတွင် စစ်ကောင်စီဘက်မှ အလှည့်ကျစနစ်ဖြင့် ရုံးလုပ်ငန်း တက်ရောက် လုပ်ကိုင်သူတချို့ တော်လှန်ရေးအင်အားစုများဘက်မှ ဖမ်းဆီးခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့သော်လည်း တစ်စုံတစ်ရာ အတည်ပြု ထုတ်ပြန်ပြောဆိုခြင်းမရှိခဲ့ကြောင်း တွေ့ရသည်။

Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...
Photo crd : CJ
May 5, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မြောက်ပိုင်းတွင် စစ်ဘေးကြောင့်နေအိမ်မပြန်နိုင်သေးသော ကျေးရွာ(၅)...
May 4, 2026
“နိုင်ငံတကာမှာရှိတဲ့သတင်းအဖွဲ့အစည်းတွေက လွတ်လပ်သောသတင်းမီဒီယာသမားတွေ ဆက်လက်ရှင်သန်ဖို့အတွက်...
Photo crd: social media
May 4, 2026
မြန်မာနိုင်ငံအတွင်းရှိ သတင်းမီဒီယာလွတ်လပ်ခွင့်အခြေအနေသည် အရှိန်အဟုန်ဖြင့် ဆက်လက်ကျဆင်းနေပြီး...