ဟားခါးမြို့အဝင်ဂိတ် တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၁ ဦးသေ

ဟားခါးမြို့အဝင်ဂိတ် တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၁ ဦးသေ

ချင်းပြည်နယ်၊ ဟားခါးမြို့မှ မတူပီမြို့ဘက်အထွက်ရှိ စစ်ဆေးရေးဂိတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား တစ်ဦးသေဆုံးကြောင်း CDF – Hakha မှ ထုတ်ပြန်သည်။

ဟားခါးမြို့အထွက်ရှိ ကျော်ဘုတ်စစ်ဆေးရေးဂိတ်ကို ဇန်နဝါရီလ ၂၉ ရက်နေ့ နံနက် ၈ နာရီအချိန်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါဂိတ်ကိုတိုက်ခိုက်ရာတွင် အပြန်အလှန်ပစ်ခတ်မှုဖြစ်ဖြစ်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ် သား သေဆုံးခဲ့ခြင်းဖြစ်ကာ ဒဏ်ရာရသူများလည်းရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဟားခါးမြို့မှ မတူပီမြို့ဘက်သို့သွားသော ကျော်ဘုတ်စခန်းတွင် စစ်ကောင်စီတပ် အင်အား ၁၀ ဦး ခန့် အထိုင်ချထားလေ့ရှိပြီး ခရီးသွားပြည်သူများထံမှ အဓမ္မငွေကြေးတောင်းခံခြင်း၊ ခရီးသွား ထောက်ခံစာ များအပါအဝင် ပစ္စည်းများကိုပါသိမ်းယူခြင်းများ ပြုလုပ်ကြောင်းသိရသည်။

ဇန်နဝါရီလ ၂၅ ရက်နေ့ကလည်း အဆိုပါဂိတ်သို့ ထမင်းပို့သွားသည့် စစ်ကောင်စီတပ်သားနှစ်ဦးကို CDF – Hakha တပ်ဖွဲ့များမှ ကြားဖြတ်တိုက်ခိုက်ပြီး သေနတ်တစ်လက်သိမ်းယူနိုင်ခဲ့သေးသည်။

ယင်းတိုက်ခိုက်မှုအပြီး တိုက်ပွဲဖြစ်ပွားရာအနီးရှိ ပြည်သူပိုင် နေအိမ်နှစ်လုံးကို စစ်ကောင်စီ တပ်သား များကဖျက်ဆီးခဲ့ကြသည်။ ထို့ပြင် အနီးနားဝန်းကျင်ရှိ အရွယ်မရောက်သေးသည့် လူငယ် ခုနစ်ဦးအပါ အဝင် လူ ၁၃ ဦး ကိုပါ ဖမ်းဆီးခဲ့ကြောင်း CDF – Hakha ပြောရေးဆိုခွင့်ရှိသူမှ ပြောဆိုထားသည်။

အဖမ်းဆီးခံရသူများကို ခလရ (၂၆၆) တွင်စစ်ဆေးနေပြီး အသက်မပြည့်သေးသည့်လူငယ်များကို ညတွင်းချင်းပြန်လွှတ်ခဲ့ကာ ခရစ်ယာန်အသင်းထောက် လူကြီးအပါအဝင်ကျန်လူများကိုမူ ဆက်လက်ဖမ်း ဆီးထားဆဲဖြစ်သည်။

CDF – Hakha သည် စစ်ကောင်စီက ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲကို ဆန့်ကျင်ထားပြီး ပါဝင်ကူညီသူ မည်သူ့ကိုမဆို ပြင်းပြင်းထန်ထန်အရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်အသိပေးထားသည်။

စာတည်း။ ။ Alden

စာမူတည်းဖြတ်။ ။စောဖေ

March 12, 2026
အိန္ဒိယ - မြန်မာ ကုန်သွယ်မှုပြုလုပ်မည့် ကုလားတန်ဘက်စုံသုံးသယ်ယူပို့ဆောင်ရေး စီမံကိန်း (Kaladan...
March 11, 2026
မောင်ခက်နွေ — အာဏာသိမ်းမြန်မာစစ်တပ်၏ ဝင်ငွေအရင်းအမြစ်ဖြစ်သည့် ပုလဲလုပ်ငန်းတွင် ပါဝင်ပတ်သက်နေသော...
March 10, 2026
ဇာမဏီလင်းမောင် — မြန်မာ့နိုင်ငံရေးအခင်းအကျင်းတွင် ဖယ်ထုတ်၍မရသည့် လူထုခေါင်းဆောင်...
March 9, 2026
ပါခွီး — ကချင် ၊ ချင်းနှင့် ရခိုင်ပြည်နယ်များသို့ ပို့မည့် စက်သုံးဆီများ NUG၏ တိုင်း/ ဖက်ဒရယ်...