ဘီလင်းတွင် ဘောလုံးကန်နေသည့် စစ်ကောင်စီတပ်သားများ ဗုံးကြဲတိုက်ခိုက်ခံရ

ဘီလင်းတွင် ဘောလုံးကန်နေသည့် စစ်ကောင်စီတပ်သားများ ဗုံးကြဲတိုက်ခိုက်ခံရ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဇီးဝန်းကျေးရွာအနီးရှိ စစ်ကောင်စီ၏ အမှတ်(၃၁၄) အမြောက်တပ်အား Hawk Revolutionary Squad-HRS နှင့် KNLA တပ်ရင်း (၂)၊ တပ်ခွဲ(၃) ပူးပေါင်းတပ်တို့က နှစ်ကြိမ်တိုင် တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း HRS တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ဇီးဝန်းကျေးရွာအနီး စစ်ကောင်စီ၏ အမှတ်(၃၁၄)အမြောက်တပ်ထဲတွင် တပ်သားများ ဘောလုံးကန်နေ ကြောင်း သတင်းရရှိသဖြင့် ဇန်နဝါရီလ ၂၇ ရက်နေ့ ညနေ ၄ နာရီခွဲခန့်တွင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များက ၆၀ မမ ဗုံးသီး လေးလုံးဖြင့် ပထမအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဆိုသည်။

“ညနေ ၄ နာရီမှာ စစ်ခွေး(စစ်ကောင်စီတပ်သား)တွေ အမြောက်တပ်ထဲ ဘောလုံးကန်နေတယ်လို့ ဖရဲသီး က သတင်းပေးလာတဲ့အတွက် ၄ နာရီ ၃၀ မိနစ်မှာ ဗုံးသီး လေးလုံးချတိုက်ခိုက်ခဲ့ပါတယ်” ဟု HRS တာဝန်ရှိသူက ပြောသည်။

ထို့နောက် စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီး ည ၇နာရီဝန်းကျင်တွင် ဗုံးသီး သုံးလုံးဖြင့် ဒုတိယအကြိမ် သွားရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်မှ ရှစ်ဦးသေဆုံးကာ ၁၄ ဦးခန့် ထိခိုက်ဒဏ်ရာရှိသွားသည်ဟု တပ်နှင့်နီးစပ်မှုရှိသည့် သတင်းရင်းမြစ်ထံမှသိရကြောင်းနှင့် တော်လှန်ရေးတပ်ဘက်မှ ထိခိုက်မှု မရှိ ကြောင်း ဆိုသည်။

“ဖရဲသီးသတင်းနဲ့ တပ်နဲ့နီးစပ်မှုရှိတဲ့ သတင်းရင်းမြစ်က သတင်းပြန်ပေးချက်အရ တပ်ကကန်တော့ပွဲ ရှစ်လုံးပြင်ရတယ်၊ ပြီးတော့ ထိခိုက်ဒဏ်ရာရတာက ၁၄ ယောက်ဝန်းကျင်ရှိတယ်လို့ သိရပါတယ်” ဟု HRS တာဝန်ရှိသူတစ်ဦးကမဇ္ဈိမ ကိုပြောသည်။

ဇန်နဝါရီလအတွင်း HRS မှ တိုက်ခိုက်မှု ကိုးကြိမ်ပြုလုပ်ခဲ့ရာ စစ်ကောင်စီဘက်မှ ရှစ်ဦးထက်မနည်း သေဆုံးပြီး ၂၀ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဆိုသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။စောဖေ

July 4, 2026
မွန်ပြည်၊ ကျိုက်ထိုမြို့နယ်၊ ဇီးကုန်းရွာရှိ အရပ်သားဈေးဆိုင်တစ်ဆိုင်ကို စစ်တပ်က ယမန်နေ့ (ဇူလိုင်လ...
ဓာတ်ပုံ - ပေါက်မြို့နယ်၊ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဌာန
July 3, 2026
မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်အတွင်းသို့ စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်နေခြင်းကြောင့်...
July 3, 2026
ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ်နှင့် သာကေတမြို့နယ်အတွင်းရှိ ဗိုလ်ချုပ်အောင်ဆန်း...
July 2, 2026
ဟန်ထူးဇော် — ကရင်ပြည်နယ် ဘားအံမြို့နှင့် မြဝတီမြို့ အဝေးပြေးကားလမ်းမပေါ်တွင် ဖြတ်သန်းသွားလာနေသော...