ကန့်ဘလူနယ်တွင် ကျေးရွာ ၂ ခု မီးရှို့ဖျက်ဆီးခံရပြီး နေအိမ် ၂၉ လုံးခန့် မီးလောင်ပြာကျ

ကန့်ဘလူနယ်တွင် ကျေးရွာ ၂ ခု မီးရှို့ဖျက်ဆီးခံရပြီး နေအိမ် ၂၉ လုံးခန့် မီးလောင်ပြာကျ

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်ရှိ အင်းမကျေးရွာနှင့် ဂုံညင်းသျှို ကျေးရွာ ၂ ခု မီးရှို့ဖျက်ဆီးခံရသဖြင့် နေအိမ် ၂၉ လုံးနှင့် စပါးတင်း ၄၀၀ ခန့် မီးလောင်ဆုံးရှုံးသွားခဲ့ရသည်ဟု ဒေသခံများထံမှသိရသည်။

ကန့်ဘလူ ကိုးတောင်ဘို့တွင် အခြေစိုက်ထားသော ခမရ ၃၆၃ တပ်ရင်းမှ စစ်အင်အား ၅၀ ခန့် ပါရသည့် စစ်ကြောင်းသည် ဇန်နဝါရီလ ၂၂ ရက်နေ့မှစတင်ကာ ဂုံညင်းသျှိုကျေးရွာကို ဝင်ရောက်မီးရှို့ခဲ့ပြီး ဇန်နဝါရီလ ၂၄ နေ့ ညနေပိုင်း ၅ နာရီအထိ လူနေအိမ်များ အကြောင်းမဲ့ မီးရှို့ခဲ့ကြသည်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက KNG ကိုပြောသည်။

“ဂုံညင်းသျှိုကျေးရွာက အားလုံး ၁၁ လုံးလောက်ရှို့ခံရတယ်။ ပြီးတော့ ကိုင်းမကိုထွက်သွားတယ် ကိုင်းမကနေ အိမ်တစ်လုံးကို ထပ်ရှို့သွာတယ်”ဟုပြောသည်။

လက်ရှိတွင် နေအိမ်မီးရှို့ဖျက်ဆီးခံရသည့် ဂုံညင်းသျှို အနီးတဝိုက်ရှိ ဒေသခံပြည်သူ ထောင်ချီ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး အကူအညီများလိုအပ်နေကြောင်း သိရသည်။

ထို့အပြင် ပင့်သာတိုက်နယ်အတွင်းရှိ အင်းမကျေးရွာကိုလည်း စစ်ကောင်စီတပ်ဖွဲ့ ခမရ ၃၆၈ တပ်နှင့် ပျူစောထီးအဖွဲ့တို့ စစ်ကြောင်းသည် ဇန်နဝါရီလ ၂၁ ရက်နေ့မှ ၂၂ ရက်နေ့အထိ မီးရှို့ဖျက်ဆီးခံရသဖြင့် ထိုနေရာတွင် နေအိမ် ၁၄ လုံးနှင့် စပါးတင်း ၄၀၀ ခန့်ထပ်မံ မီးလောင်ပျက်စီးသွားသည်ဟု အင်းအရွာဒေသခံတစ်ဦးက ယခုလိုပြောသည်။

“သူတို့ဝင်လာတဲ့နေ့ မနက်ပိုင်းမှာပဲ ရွာမြောက်ပိုင်းကနေ အိမ် ၂ လုံးကို အရင်ရှို့သွားတယ်။ နောက်နေ့မှ ရွာတောင်ပိုင်းကိုစရှို့တယ် ပြည်သူတွေက ကြိုရှောင်လိုက်နိုင်လို့ အန္တရာယ်ကင်းသွားတယ်။ ဒါပေမယ့် ပြည်သူတွေ ၂ သောင်းနီးပါးလောက်က ခက်ခက်ခဲခဲ တိမ်းရှောင်နေရတယ်”ဟုပြောသည်။

အင်းမကျေးရွာသည် အိမ်ခြေ ၂၄၀ ခန့်ရှိသည့် ကျေးရွာတစ်ခုဖြစ်ပြီး စစ်တပ်အာဏာသိမ်းနောက်ပိုင်းမှ ပထမအကြိမ် မီးရှို့ခံရမှုတွင် နေအိမ် ၈၅ လုံးနှင့် စပါးတင်း ၇၀၀ ကျော်ခန့် မီးလောင်ပျက်စီးသွားရကြောင်း သိရသည်။

ကန့်ဘလူမြို့နယ်အတွင်း ကျေးရွာနေရာများတွင် စစ်ကောင်စီိအဖွဲ့မှ စစ်ကြောင်း ၂ခုဖြင့် ဝင်ရောက်စီးနင်းနေသောကြောင့်  ဒေသခံပြည်သူများ နီးစပ်ရာ တောတွင်းနေရာများနှင့် ဘုန်းကြီးကျောင်းများတွင် ထွက်ပြေးတိမ်းရှောင်နေရပါသည်။

Most read this week

December 17, 2025
မြေရှားသတ္တု တူးဖော်ရေးနဲ့ ပတ်သက်ပြီး ကချင်လွတ်တပ်ရေးအဖွဲ့ KIO/KIA နဲ့ အိန္ဒိယအစိုးရကြား...
December 16, 2025
ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ...
December 15, 2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက်...
December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...