နမ္မားတွင် ကြံ့ခိုင်ရေးပါတီဝင်ဟောင်း သေနတ်ဖြင့် ပစ်သတ်ခံရ

နမ္မားတွင် ကြံ့ခိုင်ရေးပါတီဝင်ဟောင်း သေနတ်ဖြင့် ပစ်သတ်ခံရ

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နမ္မားကျေးရွာမှ ယခင် ကြံ့ခိုင်ရေးပါတီဝင်တစ်ဦးဖြစ်ခဲ့ပြီး ယခု ပျူစောထီး ခေါင်းဆောင်လည်းဖြစ်သည့် အမျိုးသားတစ်ဦး ယနေ့ နံနက်ပိုင်းတွင် သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရကြောင်း သိရသည်။

ဦးတင်ညွန့်၊ အသက် ၅၀ ဝန်းကျင်သည် ယနေ့ နံနက် ၇ နာရီအချိန်က နမ္မားမြို့ သံလမ်းဘေးရှိ ‘ကိုဆန်းဝင်း‘ လက်ဖက်ရည်ဆိုင်တွင် ထိုင်နေစဥ် အမည်မသိ လူငယ်နှစ်ဦးက သေနတ်ဖြင့် ပစ်သတ်သွားကြောင်း နမ္မားမြို့မှ အမျိုးသားတစ်ဦးက KNG ကို ပြောသည်။

”သူက အဲ့သံလမ်းဘေး လမ်းဆုံနားက လက်ညက်ရည်ဆိုင်မှာထိုင်သောက်နေတာ လူငယ်နှစ်ယောက် ဝင်လာပြီးမှ တေ့ပစ်သွားတာ လူငယ်နှစ်ယောက်က မမိလိုက်ဘူး ထွက်ပြေးသွားတယ်။ သူကအရင်က ကြံ့ခိုင်ရေးပါတီဝင်ဟောင်းပါ့ အခုတော့ ပျူစောထီးခေါင်းဆောင်ဟုတ်တယ် သေနတ်အတိုတောင် ကိုင်ထားတယ် အဲ့ကြောင့် သတ်ခံရတာ”ဟုပြောသည်။

အသတ်ခံရသည့် ဦးတင်ညွန့်သည် ယခင်က ကြံ့ခိုင်ရေးပါတီဝင်တစ်ဦးဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲတွင်မူ ကချင်ပြည်နယ် အမျိုးသားလွတ်တော် မဲဆန္ဒနယ်အမှတ် (၇) နေရာတွင် ရှမ်းနီ(တိုင်းလျန်) သွေးစည်းညီညွတ်ရေး ပါတီမှ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ရာ အနိုင်မရခဲ့ပေ။

နမ္မားတွင် ပျူစောထီးခေါင်းဆောင်တစ်ဦး အသတ်ခံရမှုကြောင့် လက်ရှိ နမ္မားမြို့တွင် စစ်ကောင်စီတပ်နှင့် ရဲများက စစ်ဆေးမေးမြန်းမှုပြုလုပ်နေသည်ဟု သိရသည်။

”အခု နမ္မားမှာ အရမ်းခြေရှုပ်နေတယ် ဆိုင်တွေဝင်စစ် ရပ်ကွက် ထဲဝင်စစ် လုပ်နေတယ်။ နမ္မားကလူတွေကတော့ မနက် ၈ နာရီလောက်ကတည်းက ဆိုင်တွေပိတ်ထားကြတယ်ဗျ သူတို့ခြေရှုပ်နေလို့”ဟုဒေသခံတစ်ဦးက ပြောသည်။

ကချင်ပြည်နယ်တွင် ပျူစောထီးခေါင်းဆောင်များ၊ တပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီနှင့် ပူးပေါင်းနေသူများ သတ်ပစ်ခံရမှု ဖမ်းဆီးခံရမှု မကြာခနရှိနေဆဲဖြစ်သည်။

Most read this week

ဓာတ်ပုံ - Crd (စစ်အုပ်စု၏ စစ်ရိက္ခာတင် စစ်သင်္ဘောအား တွေ့ရစဉ် - ပုံဟောင်း)
August 25, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဦးတည်ဆန်တက်လာသည့် စစ်တပ်...
ဓာတ်ပုံ - (စစ်အုပ်စုတပ် စစ်ကြောင်းတစ်ခုအား တွေ့ရစဉ် / ပုံဟောင်း - Crd)
August 24, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့နယ်၊ မြစ်ဆုံစီမံကိန်း နေရာတစ်ဝိုက်သို့ စစ်အုပ်စုတပ်ဖွဲ့ဝင်များ စစ်ကား...
August 22, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်အတွင်း ဩဂုတ်လ ၂၀ ရက်နေ့အထိ စစ်အုပ်စုတပ်၏ လေကြောင်းတိုက်ခိုက်မှုများ...
ဓာတ်ပုံ –  KIA နှင့် ပြည်သူများကြား ညှိနှိုင်းမှုများ ပြုလုပ်နေစဉ်။
August 21, 2026
ရှမ်းပြည် မြောက်ပိုင်း၊ မူဆယ်-နမ့်ခမ်းသွား လမ်းပေါ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဂိတ်ကို...