နမ္မားတွင် ကြံ့ခိုင်ရေးပါတီဝင်ဟောင်း သေနတ်ဖြင့် ပစ်သတ်ခံရ

နမ္မားတွင် ကြံ့ခိုင်ရေးပါတီဝင်ဟောင်း သေနတ်ဖြင့် ပစ်သတ်ခံရ

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နမ္မားကျေးရွာမှ ယခင် ကြံ့ခိုင်ရေးပါတီဝင်တစ်ဦးဖြစ်ခဲ့ပြီး ယခု ပျူစောထီး ခေါင်းဆောင်လည်းဖြစ်သည့် အမျိုးသားတစ်ဦး ယနေ့ နံနက်ပိုင်းတွင် သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရကြောင်း သိရသည်။

ဦးတင်ညွန့်၊ အသက် ၅၀ ဝန်းကျင်သည် ယနေ့ နံနက် ၇ နာရီအချိန်က နမ္မားမြို့ သံလမ်းဘေးရှိ ‘ကိုဆန်းဝင်း‘ လက်ဖက်ရည်ဆိုင်တွင် ထိုင်နေစဥ် အမည်မသိ လူငယ်နှစ်ဦးက သေနတ်ဖြင့် ပစ်သတ်သွားကြောင်း နမ္မားမြို့မှ အမျိုးသားတစ်ဦးက KNG ကို ပြောသည်။

”သူက အဲ့သံလမ်းဘေး လမ်းဆုံနားက လက်ညက်ရည်ဆိုင်မှာထိုင်သောက်နေတာ လူငယ်နှစ်ယောက် ဝင်လာပြီးမှ တေ့ပစ်သွားတာ လူငယ်နှစ်ယောက်က မမိလိုက်ဘူး ထွက်ပြေးသွားတယ်။ သူကအရင်က ကြံ့ခိုင်ရေးပါတီဝင်ဟောင်းပါ့ အခုတော့ ပျူစောထီးခေါင်းဆောင်ဟုတ်တယ် သေနတ်အတိုတောင် ကိုင်ထားတယ် အဲ့ကြောင့် သတ်ခံရတာ”ဟုပြောသည်။

အသတ်ခံရသည့် ဦးတင်ညွန့်သည် ယခင်က ကြံ့ခိုင်ရေးပါတီဝင်တစ်ဦးဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲတွင်မူ ကချင်ပြည်နယ် အမျိုးသားလွတ်တော် မဲဆန္ဒနယ်အမှတ် (၇) နေရာတွင် ရှမ်းနီ(တိုင်းလျန်) သွေးစည်းညီညွတ်ရေး ပါတီမှ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ရာ အနိုင်မရခဲ့ပေ။

နမ္မားတွင် ပျူစောထီးခေါင်းဆောင်တစ်ဦး အသတ်ခံရမှုကြောင့် လက်ရှိ နမ္မားမြို့တွင် စစ်ကောင်စီတပ်နှင့် ရဲများက စစ်ဆေးမေးမြန်းမှုပြုလုပ်နေသည်ဟု သိရသည်။

”အခု နမ္မားမှာ အရမ်းခြေရှုပ်နေတယ် ဆိုင်တွေဝင်စစ် ရပ်ကွက် ထဲဝင်စစ် လုပ်နေတယ်။ နမ္မားကလူတွေကတော့ မနက် ၈ နာရီလောက်ကတည်းက ဆိုင်တွေပိတ်ထားကြတယ်ဗျ သူတို့ခြေရှုပ်နေလို့”ဟုဒေသခံတစ်ဦးက ပြောသည်။

ကချင်ပြည်နယ်တွင် ပျူစောထီးခေါင်းဆောင်များ၊ တပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီနှင့် ပူးပေါင်းနေသူများ သတ်ပစ်ခံရမှု ဖမ်းဆီးခံရမှု မကြာခနရှိနေဆဲဖြစ်သည်။

Most read this week

December 17, 2025
မြေရှားသတ္တု တူးဖော်ရေးနဲ့ ပတ်သက်ပြီး ကချင်လွတ်တပ်ရေးအဖွဲ့ KIO/KIA နဲ့ အိန္ဒိယအစိုးရကြား...
December 16, 2025
ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ...
December 15, 2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက်...
December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...