ဟူးကောင်းချိုင့်ဝှမ်းဒေသဘက်ကို စစ်ကောင်စီမှ စက်သုံးဆီသယ်ယူခွင့် တင်းကြပ်ထားခြင်းကြောင့် ဒေသခံများအခက်ကြုံ

ဟူးကောင်းချိုင့်ဝှမ်းဒေသဘက်ကို စစ်ကောင်စီမှ စက်သုံးဆီသယ်ယူခွင့် တင်းကြပ်ထားခြင်းကြောင့် ဒေသခံများအခက်ကြုံ

ကချင်ပြည်နယ်၊ ဟူးကောင်းချိုင့်ဝှမ်းဒေသဘက်ကို စစ်ကောင်စီကနေ စက်သုံးဆီသယ်ယူခွင့် တင်းကြပ်လိုက်တဲ့အတွက် ဈေနှုန်းမြင့်တက်မှုတွေရှိနေပြီး လိုအပ်သလောက် ဝယ်ယူလို့မရတော့ဘူးလို့ တနိုင်းမြို့ခံတွေဆီက သိရပါတယ်။

မြစ်ကြီနား- တနိုင်း ကားလမ်းပေါ်မှာရှိတဲ့ ရှဒူးဇွပ်ပြည်သူ့စစ်ဂိတ်နဲ့ စစ်ကောင်စီဂိတ်တွေကနေ ဇန်နဝါရီလ (၁၀) ရက်နေ့ကတည်းက စက်သုံးဆီအဝင်ကို ပိတ်ပင်လိုက်တာဖြစ်ပြီး လက်ရှိအချိန်ထိ တနိုင်းမြို့ဘက်ကို ဆီအဝင်မရှိသေးဘူးလို့ သိရပါတယ်။

စက်သုံးဆီ သယ်ယူခွင့်တင်းကြပ်ထားတဲ့အတွက် တနိုင်းမြို့ပေါ်က စက်သုံးဆီအရောင်းဆိုင်တချို့ ပိတ်ထားတာတွေရှိနေသလို ဒေသခံတွေဟာလည်း စက်သုံးဆီကို လိုအပ်သလောက် မဝယ်ယူနိုင်တာ သုံးရက်လောက်ရှိလာပြီဖြစ်တယ်လို့ တနိုင်းမြို့ခံ အမျိုးသားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

" ဘယ်အထိပိတ်မလဲမသိဘူး ။ အခုကျွန်တော်တို့ ဒုက္ခရောက်နေတာ။ ဆီဆိုင်တောင် ပိတ်ထားတယ် တချို့က။ ဆိုင်ကယ်ဆီတောင် ၀ယ်လို့မရတော့ဘူး။တစ်သောင်းဖိုး ငါးထောင်ဖိုးတောင်ထည့်မရတော့ဘူး တစ်ထောင်နှစ်ထောင်လောက်ပဲရတယ်။ စပါးခြွေဖို့တောင် ဆီ၀ယ်မရလို့ နားနေတာ။”လို့ ဆိုပါတယ်။

စက်သုံးဆီသယ်ယူခွင့် မတင်းကြပ်ခင်က တနိုင်းမြို့မှာ ဓာတ်ဆီတစ်ဂါလံကို (၁၄,၀၀၀)ကျပ် ဝန်းကျင်ရှိရာကနေ လက်ရှိ တစ်ဂါလံကို (၁၈,၀၀၀) ကျပ် ထိမြင့်တက်နေပြီဖြစ်ပြီး လိုသလောက်မရရှိတဲ့အတွက် စပါးခြွေဖို့တောင် ရပ်နားထားရတယ်လို့ ဆိုပါတယ်။

တနိုင်းမြို့ဘက်ကို လက်ရှိအချိန်ထိ စက်သုံးဆီအဝင်ပိတ်ပင်ထားဆဲ ဖြစ်တဲ့အပြင် စက်သုံးဆီအရောင်းဆိုင်တချို့ဆိုရင် ‘ဓာတ်ဆီ၊ဒီဇယ်ပြတ်နေပါပြီ’ ဆိုတဲ့ဆိုင်းဘုတ်တွေ ရေးထားကြပြီးတော့ လိုသလောက်ဝယ်မရတော့တာ ရက်ပိုင်းလောက်ရှိလာပြီဖြစ်တယ်လို့ မြစ်ကြီးနား- တနိုင်းလမ်းမှာ ကားပြေးဆွဲနေတဲ့ကားဆရာတစ်ဦးကလည်း ပြောပါတယ်။

စက်သုံးဆီအပြင် ဆန်သယ်ယူခွင့်တင်းကြပ်တာတွေလည်းရှိနေပြီးတော့ တနိုင်းဒေသက ရွှေမှော်တွေဘက်မှာလည်း စက်သုံးဆီဈေးမြင့်တက်မှုတွေ ကြုံတွေ့နေရတယ်လို့ ကြားသိရပါတယ်။

December 4, 2025
ကချင်ပြည်နယ်၊ နမ္မတီးမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ လီဒိုလမ်းပိုင်းက စစ်ရှောင်ပြည်သူတွေဟာ...
December 3, 2025
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တစ်ဖက်ကမ်း မိုင်းကာနဲ့ မိုးစိမ်းကျွန်းရွာဘက်က ပြည်သူလူထုတွေ...
December 2, 2025
ကျည်၊ ဘတ်ဂျတ်မရှိတာနဲ့ ရဲဘော်အင်အား နည်းလာတာကြောင့် မိုးကုတ်၊ မိုးမိတ်ကိုပေးပြီး အပစ်ရပ်...
Photo credit - CJ
December 1, 2025
စစ်အုပ်စုရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း...