ဟူးကောင်းချိုင့်ဝှမ်းဒေသဘက်ကို စစ်ကောင်စီမှ စက်သုံးဆီသယ်ယူခွင့် တင်းကြပ်ထားခြင်းကြောင့် ဒေသခံများအခက်ကြုံ

ဟူးကောင်းချိုင့်ဝှမ်းဒေသဘက်ကို စစ်ကောင်စီမှ စက်သုံးဆီသယ်ယူခွင့် တင်းကြပ်ထားခြင်းကြောင့် ဒေသခံများအခက်ကြုံ

ကချင်ပြည်နယ်၊ ဟူးကောင်းချိုင့်ဝှမ်းဒေသဘက်ကို စစ်ကောင်စီကနေ စက်သုံးဆီသယ်ယူခွင့် တင်းကြပ်လိုက်တဲ့အတွက် ဈေနှုန်းမြင့်တက်မှုတွေရှိနေပြီး လိုအပ်သလောက် ဝယ်ယူလို့မရတော့ဘူးလို့ တနိုင်းမြို့ခံတွေဆီက သိရပါတယ်။

မြစ်ကြီနား- တနိုင်း ကားလမ်းပေါ်မှာရှိတဲ့ ရှဒူးဇွပ်ပြည်သူ့စစ်ဂိတ်နဲ့ စစ်ကောင်စီဂိတ်တွေကနေ ဇန်နဝါရီလ (၁၀) ရက်နေ့ကတည်းက စက်သုံးဆီအဝင်ကို ပိတ်ပင်လိုက်တာဖြစ်ပြီး လက်ရှိအချိန်ထိ တနိုင်းမြို့ဘက်ကို ဆီအဝင်မရှိသေးဘူးလို့ သိရပါတယ်။

စက်သုံးဆီ သယ်ယူခွင့်တင်းကြပ်ထားတဲ့အတွက် တနိုင်းမြို့ပေါ်က စက်သုံးဆီအရောင်းဆိုင်တချို့ ပိတ်ထားတာတွေရှိနေသလို ဒေသခံတွေဟာလည်း စက်သုံးဆီကို လိုအပ်သလောက် မဝယ်ယူနိုင်တာ သုံးရက်လောက်ရှိလာပြီဖြစ်တယ်လို့ တနိုင်းမြို့ခံ အမျိုးသားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

" ဘယ်အထိပိတ်မလဲမသိဘူး ။ အခုကျွန်တော်တို့ ဒုက္ခရောက်နေတာ။ ဆီဆိုင်တောင် ပိတ်ထားတယ် တချို့က။ ဆိုင်ကယ်ဆီတောင် ၀ယ်လို့မရတော့ဘူး။တစ်သောင်းဖိုး ငါးထောင်ဖိုးတောင်ထည့်မရတော့ဘူး တစ်ထောင်နှစ်ထောင်လောက်ပဲရတယ်။ စပါးခြွေဖို့တောင် ဆီ၀ယ်မရလို့ နားနေတာ။”လို့ ဆိုပါတယ်။

စက်သုံးဆီသယ်ယူခွင့် မတင်းကြပ်ခင်က တနိုင်းမြို့မှာ ဓာတ်ဆီတစ်ဂါလံကို (၁၄,၀၀၀)ကျပ် ဝန်းကျင်ရှိရာကနေ လက်ရှိ တစ်ဂါလံကို (၁၈,၀၀၀) ကျပ် ထိမြင့်တက်နေပြီဖြစ်ပြီး လိုသလောက်မရရှိတဲ့အတွက် စပါးခြွေဖို့တောင် ရပ်နားထားရတယ်လို့ ဆိုပါတယ်။

တနိုင်းမြို့ဘက်ကို လက်ရှိအချိန်ထိ စက်သုံးဆီအဝင်ပိတ်ပင်ထားဆဲ ဖြစ်တဲ့အပြင် စက်သုံးဆီအရောင်းဆိုင်တချို့ဆိုရင် ‘ဓာတ်ဆီ၊ဒီဇယ်ပြတ်နေပါပြီ’ ဆိုတဲ့ဆိုင်းဘုတ်တွေ ရေးထားကြပြီးတော့ လိုသလောက်ဝယ်မရတော့တာ ရက်ပိုင်းလောက်ရှိလာပြီဖြစ်တယ်လို့ မြစ်ကြီးနား- တနိုင်းလမ်းမှာ ကားပြေးဆွဲနေတဲ့ကားဆရာတစ်ဦးကလည်း ပြောပါတယ်။

စက်သုံးဆီအပြင် ဆန်သယ်ယူခွင့်တင်းကြပ်တာတွေလည်းရှိနေပြီးတော့ တနိုင်းဒေသက ရွှေမှော်တွေဘက်မှာလည်း စက်သုံးဆီဈေးမြင့်တက်မှုတွေ ကြုံတွေ့နေရတယ်လို့ ကြားသိရပါတယ်။

April 25, 2026
ဦးမင်းအောင်လှိုင် သမ္မတရာထူးယူပြီးနောက် ပထမဦးဆုံးအကြိမ် အရေးပေါ် အခြေအနေ ကြေညာချက်ထုတ်ပြန်တဲ့အထဲ...
April 24, 2026
ကချင်ပြည်နယ် ဖားကန့်မြို့ နယ် လုံးခင်းကျေးရွာက ဆေးရုံတစ်ခုမှာ ဆရာဝန်တွေနဲ့ သူနာပြုတွေအပါ အယောက်...
April 23, 2026
ကချင်ပြည်နယ် ဖားကန့်ဒေသဘက် စစ်ကော်မရှင်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ ရှိတဲ့အတွက်...
April 22, 2026
လျှပ်စစ်မီးပြတ်တောက်နေတဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဘက်ထရီဆိုင်ကယ် အသုံးပြုတဲ့သူတွေ...