ရန်ကုန်တိုင်းမြို့နယ်အချို့တွင် ဇန်နဝါရီလ ၉ ရက်နေ့မှစတင်၍ မြေပြင်လူဦးရေစာရင်းကောက်ယူမည်

ရန်ကုန်တိုင်းမြို့နယ်အချို့တွင် ဇန်နဝါရီလ ၉ ရက်နေ့မှစတင်၍ မြေပြင်လူဦးရေစာရင်းကောက်ယူမည်

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်အပါအဝင် ထိစပ်မြို့နယ်များဖြစ်သော ဒဂုံမြိုသစ် အရှေ့ပိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်များအတွင်း ဇန်နဝါရီလ ၉ ရက်နေ့မှစတင်၍ မြေပြင်လူဦးရေ စာရင်းကောက်ယူမည်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူရုံးအဖွဲ့ဝင်များက လိုက်လံနှိုးဆော်လျက်ရှိသည်။

မြေပြင်လူဦးရေစာရင်း ကွင်းဆင်းကောက်ယူမှုကို ဇန်နဝါရီလ ၉ ရက်မှ ၃၁ ရက်နေ့အထိ ရက် ၂၃ ရက် ကြာ ကောက်ယူသွားမည်ဟုလည်း နှိုးဆော်မှုတွင်ပါရှိသည်။

၎င်းတို့၏နှိုးဆော်ချက်တွင် မြေပြင်လူဦးရေစာရင်းကောက်ယူချိန်၌ မိမိတို့၏နေအိမ်တွင် အိမ်ထောင်ဦးစီး တစ်ဦး(သို့မဟုတ်) ဖြေကြားပေးနိုင်မည့်သူတစ်ဦးက အိမ်ထောင်စုစာရင်းနှင့် မိသားစုဝင်များ၏ မှတ်ပုံ တင်များကို အဆင်သင့်ပြုလုပ်၍ စောင့်ဆိုင်းပေးရန်ပါရှိသည်။

ယင်းအပြင်  အိမ်ထောင်စုအတွင်းနေထိုင်သူတစ်ဦး ခရီးထွက်ခွာနေပါကလည်း ၎င်း၏မှတ်ပုံတင်ကို မိတ္ထူ ကူးယူပေးထားရန် အသိပေးနှိုးဆော်သည်။

စစ်ကောင်စီက ပြုလုပ်မည့် ၂၀၂၃ ခုနှစ်ရွေးကောက်ပွဲအတွက် မြေပြင်လူဦးရေစာရင်း ကောက်ယူမှုကို တစ်အိမ်တက်ဆင်းစနစ်ဖြင့် တစ်နိုင်ငံလုံးတွင် တစ်ပြိုင်နက်တည်းကောက်ယူသွားမည်ဖြစ်ကြောင်း  ပြီးခဲ့ သော ဒီဇင်ဘာ ၂၀ ရက်နေ့က မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီက ထုတ် ပြန်ထားသည်။

ထို့ပြင် စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်(UEC)ကလည်း တိုင်းဒေသကြီးနှင့် ပြည်နယ် အချို့၌ မဲစာရင်းများပြည့်စုံမှန်ကန်စေရေး၊ အခြေခံလူဦးရေစာရင်းထပ်နေမှုများကို အပြန်အလှန်စစ်ဆေး ခြင်း(Cross Check) စနစ်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

စာတည်း။  ။စောဖေ

စာမူတည်းဖြတ်။  ။စောဖေ

May 26, 2026
ဟန်ထူးဇော် — အွန်လိုင်းငွေလိမ်လည်သည့် လုပ်ငန်းများလုပ်ကိုင်မှုကြောင့် နာမည်ဆိုးဖြင့်...
May 25, 2026
ယမင်းဖူးပွင့်အောင် - ပြည်သူ့ဂုဏ်ရည်အဖွဲ့ကပေးအပ်သော ၁၇ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို ၈၈...
May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...