ကနီမြို့နယ် နတ်ကြီးကျေးရွာကို စစ်ကောင်စီတပ်က ၄ ကြိမ်မြောက် မီးရှို့ဖျက်ဆီး

ကနီမြို့နယ် နတ်ကြီးကျေးရွာကို စစ်ကောင်စီတပ်က ၄ ကြိမ်မြောက် မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း ၊ ကနီမြို့ အရှေ့တောင်ဘက် ဖလက်ရေယာဉ်များကို အကာအကွယ်ပေးနေသည့် စစ်ကောင်စီစစ်ကြောင်းသည် ယနေ့ ဇန်နဝါရီလ ၆ ရက် နေ့လယ် ၁၂ နာရီ အချိန်တွင် နတ်ကြီးကျေးရွာကို မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်သွားကြောင်း ဒေသခံများထံမှ သိရသည်။

အိမ်ခြေ ၂၀၀ ခန့်ရှိသည့် နတ်ကြီးကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးမှုမှာ ယခု အကြိမ်အပါအဝင် လေးကြိမ်မြောက်အထိ ရှိနေပြီဟု ဒေသခံတစ်ဦးက ပြောသည်။

“ဒီကနေ့ နေ့လယ်ပိုင်း ရွာပေါ်က မီးခိုးမီးညွန့်တွေ တက်လာမှ ရွာကိုမီးရှို့နေတာ သိရတာဖြစ်ပါတယ်။ ကျမတို့ ရွာကတော့ ကျန်မှာ မဟုတ်တော့ပါဘူး၊ ဘာဖြစ်လို့လည်း ဆိုတော့ မီးရှို့ခံရတာ လေးကြိမ်မြောက် ရှိနေပြီလေ ။ ဘယ်သူမှလည်း မကယ်နိုင်သလို ကျမတို့အနေနဲ့ ဘာမှလည်း မလုပ်နိုင်ခဲ့ဘူးလေ“ ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံပြည်သူတစ်ဦးက မဇ္စျိမကိုပြောသည်။

ရေကြောင်း ဖလက်သင်္ဘောများကို အကာအကွယ်ပေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မုဋ္ဌောကျေးရွာနှင့် နတ််ကြီးကျေးရွာတို့တွင် နှစ်ဖွဲ့ ခွဲ၍ နေကြသည်။ လက်ရှိ ဒေသခံများ စစ်ရှောင်နေရသည်မှာ ရှစ်ရက်ကျော်ပြီးဖြစ်သည်ဟု ၎င်းကပြောသည်။

စစ်ကောင်စီတပ်က နတ်ကြီးကျေးရွာကို မီးရှို့ဖျက်ဆီးရာ၌ ပထမအကြိမ်တွင် အိမ်ခြေ ၂၀လုံး ၊ ဒုတ်ိအကြိမ်တွင် ၈၄ လုံး ၊ တတိယအကြိမ် တွင် အိမ်ခြေ ခုနစ်လုံး နှင့် ယခုအကြိမ်မှာ မသိရသေးကြောင်း ဒေသခံများထံမှ သိရသည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

July 31, 2026
စစ်အုပ်စုတပ် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး ဖြစ်သူ ဗိုလ်ချုပ်ကြီး ထွန်းအောင်၏ ရန်ကုန်နေအိမ်သို့...
July 30, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်အုပ်စုက ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့မှစ၍ ဇူလိုင်လ ၂၉ ရက်နေ့...
July 30, 2026
မလေးရှားအစိုးရက ဒုက္ခသည်များအပေါ် ထားရှိသည့် မူဝါဒများကို တင်းကျပ်လာနေသည့် အခြေအနေများ ကြောင့်...
July 27, 2026
မကွေးတိုင်း၊ ကျောက်ထုမြို့နယ်တွင် စစ်အုပ်စုတပ်က စစ်အင်အား ၂,၀၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေခြင်း...