မတူပီမြို့အခြေစိုက်တပ်စခန်း တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သားသေဆုံး

မတူပီမြို့အခြေစိုက်တပ်စခန်း တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သားသေဆုံး

ချင်းပြည်နယ် ၊ မတူပီမြို့အခြေစိုက် တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား တစ်ဦး သေဆုံးသွားပြီး တစ်ဦး ဒဏ်ရာရရှိသွားကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (မတူပီ) CDF – Matupi က ထုတ်ပြန်သည်။

ဇန်နဝါရီလ ၄ရက်နေ့ ညနေ ၃နာရီ ၃၀မိနစ်အချိန်တွင် မတူပီမြို့အခြေစိုက် ခလရ (၃၀၄) တပ်ရင်း စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

စစ်ကောင်စီတပ်မှ ည ၈နာရီအချိန်ထိ ရမ်းသန်းပစ်ခတ်ခဲ့ပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့ မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

အဆိုပါတိုက်ပွဲဖြစ်စဉ်နှင့် ပတ်သက်ပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့ (မတူပီ) ၏ တာဝန်ရှိသူများကို အသေးစိတ်သိနိုင်ရန် မဇ္စျိမ အနေဖြင့် ဆက်သွယ်ခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိသေးပေ ။

မတူပီမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲများ ဖြစ်ပွားခြင်းမရှိသည်မှာ သုံးလ ကျော်ခန့်တွင် ယခုပြန်လည် တိုက်ခိုက်မှုဖြစ်ပွားခြင်းဖြစ်ကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များအရ သိရှိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

July 6, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်း အသုံးပြုနေသည့် Starlink ဂြိုဟ်တုအင်တာနက်စက်အချို့ ဒေသကန့်သတ်...
July 4, 2026
မွန်ပြည်၊ ကျိုက်ထိုမြို့နယ်၊ ဇီးကုန်းရွာရှိ အရပ်သားဈေးဆိုင်တစ်ဆိုင်ကို စစ်တပ်က ယမန်နေ့ (ဇူလိုင်လ...
ဓာတ်ပုံ - ပေါက်မြို့နယ်၊ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဌာန
July 3, 2026
မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်အတွင်းသို့ စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်နေခြင်းကြောင့်...
July 3, 2026
ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ်နှင့် သာကေတမြို့နယ်အတွင်းရှိ ဗိုလ်ချုပ်အောင်ဆန်း...