ကျောင်းသားခေါင်းဆောင် ကိုအောင်ဖုန်းမော်၊ ကိုလေပြေစိုးမိုး၊ ကိုဆစ်နိုင်နဲ့ ကိုအေးအောင်တို့ ပြန်လည်လွတ်မြောက်လာ

ကျောင်းသားခေါင်းဆောင် ကိုအောင်ဖုန်းမော်၊ ကိုလေပြေစိုးမိုး၊ ကိုဆစ်နိုင်နဲ့ ကိုအေးအောင်တို့ ပြန်လည်လွတ်မြောက်လာ

စစ်ကောင်စီရဲ့ ဒီကနေ့လွတ်ငြိမ်းချမ်းသာခွင့်ထဲမှာ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများ အဖွဲ့ချုပ်)ရဲ့ အလုပ်အမှုဆောင်အဖွဲ့ဝင် ကိုအောင်ဖုန်းမော်၊ ကိုလေပြေစိုးမိုး၊ ရန်ကုန်ပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်) ဒုတိယ ဥက္ကဌကိုဇော်ထက်နိုင်(ဆစ်နိုင်)၊ ကျောင်းသားခေါင်းဆောင်ဟောင်း ကိုအေးအောင်တို့ ပါဝင်လွတ်မြောက်လာကြတယ်လို့ နီးစပ်ရာအသိုင်းအဝိုင်းမှ သိရပါတယ်။

သူတို့လေးဦးဟာ ၂၀၂၁ ခုနှစ် မတ်လ ၃ ရက်နေ့က တာမွေမြို့နယ်မှာ အထွေထွေသပိတ်စစ်ကြောင်း (GSC )ကို စစ်ကောင်စီက အကြမ်းဖက်ဖြိုခွဲစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး စစ်ကောင်စီက ဆူပူလှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က)နဲ့ အကျဉ်းထောင်အတွင်း ၂ နှစ်နီးပါးထိန်းသိမ်းခံခဲ့ရတာပါ။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ကိုဝေယံဖြိုးမိုးနဲ့ ရန်ကင်းပညာရေး တက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ကိုသုတစိုးတို့ဟာ အဲဒီကျောင်းသားခေါင်းဆောင် လေးယောက်နဲ့ အတူတစ်ရက်တည်းမှာ ဖမ်းဆီးခံခဲ့ရပေမယ့် လွတ်ငြိမ်းစာရင်းမှာ မပါဝင်ခဲ့ပါဘူး။

(၇၅) နှစ်မြောက်လွတ်လပ်ရေးနေ့ဖြစ်တဲ့ ဒီကနေ့မှာ စစ်ကောင်စီကအမိန့်အမှတ် (၁/၂၀၁၃) နဲ့ (၂/ ၂၀၁၃) တို့ကိုထုတ်ပြန်ပြီး အကျဉ်းထောင်၊အချုပ်ထောင်နဲ့ စခန်းအသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသူ၊ အကျဉ်းသား (၇၀၁၂)ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ပြီလို့ ကြေညာထားပါတယ်။

ဓာတ်ပုံ-NUG
April 2, 2026
အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ CRPH အပါဝင် တိုင်းရင်းသားလက်နက်ကိုင်လေးဖွဲ့တို့ အာဏာရှင်စနစ်ကို...
April 1, 2026
မွန်ပြည်နယ်မှာ စက်သုံးဆီ တရားမဝင် ရောင်းချမှုအပါအဝင် ဈေးတင်ရောင်းချမှုကြောင့်...
March 31, 2026
ဒီကနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ အာဏာသိမ်း စစ်ခေါင်းဆောင် အငြိမ်းစား...
March 30, 2026
ဖွဲ့စည်းပုံအခြေခံဥပဒေပါ ၄၃ ချက်ကို ပြည်ထောင်စုလွှတ်တော်မှာ စုစည်းတင်ပြပြီး ပြင်ဆင်သွားမယ်လို့...