ကျိုက်ထိုမှာ နေရပ်ပြန်လာတဲ့စစ်ရှောင်တွေ စစ်ကောင်စီတပ် လက်နက်ကြီးပစ်လို့ ထပ်ပြေးနေရ

ကျိုက်ထိုမှာ နေရပ်ပြန်လာတဲ့စစ်ရှောင်တွေ စစ်ကောင်စီတပ် လက်နက်ကြီးပစ်လို့ ထပ်ပြေးနေရ

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) ကျိုက်ထိုမြို့နယ်ထဲမှာ နေရပ်ပြန်လာတဲ့ စစ်ရှောင်ပြည်သူတွေဟာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ထပ်မံထွက်ပြေး တိမ်းရှောင်နေရတယ်လို့ သထုံခရိုင် PDF တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ကျိုက်ထိုမြို့နယ်ထဲက ဒေသခံ ၄၀၀၀ ကျော်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ပထမအပတ်တုန်းက စစ်ကောင်စီ သိမ်ဇရပ်အခြေစိုက် အမြောက်တပ်ကနေ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် ထွက်ပြေးတိမ်းရှောင်နေရတာဖြစ်ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကမှ နေရပ်ပြန်လာကြတာပါ။

စစ်ကောင်စီအမြောက်တပ်ဟာ ဒီဇင်ဘာ ၂၁ ရက်နေ့ နေ့လယ်ပိုင်းနဲ့ ညနေပိုင်းတွေမှာ နေရပ်ပြန်လာတဲ့ပြည်သူတွေ နေထိုင်နေတဲ့ကျေးရွာတွေဖြစ်တဲ့ သုံးခွနဲ့ရေကျော်ကျေးရွာဘက်ကို လက်နက်ကြီး ၁၀ လုံးထက်မနည်း အကြောင်းမဲ့ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်က လက်နက်ကြီး ပြန်လည်ပစ်ခတ်လာတဲ့အတွက် ဒေသခံတွေဟာ နီးစပ်ရာတောတောင်တွေနဲ့ ဘေးလွတ်ရာနေရာတွေကို ဒုတိယအကြိမ်ထပ်မံ ထွက်ပြေးတိမ်းရှောင်နေရတာပါ။

ကျိုက်ထိုမြို့နယ်ထဲမှာတော့ စစ်ကောင်စီတပ်ဟာ ဒီဇင်ဘာလလဆန်းပိုင်းက စပြီး အထိုင်တပ်တွေမှာ ဟောင်ဝင်ဇာအမြောက်ကြီးတွေ၊ ၁၂၀ မမ ပစ်ခတ်နိုင်တဲ့အမြောက်တွေအပြင် တာဝေးပစ် လက်နက် ကြီးတွေကိုပါ တိုးချဲ့တပ်ဆင်လာပြီးနောက် လက်နက်ကြီးပစ်ခတ်တာတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။

တဖက်မှာတော့ စစ်ကောင်စီတပ်ဟာ ကျိုက်ထိုမြို့နယ်ထဲက PDF တပ်စခန်းတွေ ရှိနိုင်တဲ့နေရာတွေကို လေယာဉ်နဲ့ ကင်းထောက်တာတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

July 16, 2026
မြန်မာ့အကျပ်အတည်းနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်...
July 15, 2026
မွန်ပြည်အတွင်းရှိ မြို့နယ်အချို့တွင် စားအုန်းဆီရောင်းချပေးမည်ဟုဆိုကာ အိမ်ထောင်စုစာရင်းများ...
July 11, 2026
မွန်ပြည်၊ ကျိုက်မရောဗဟို အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ထောင်အာဏာပိုင်များက...
July 10, 2026
စစ်တပ်မှ အရပ်သားအသွင်ပြောင်း အစိုးရတစ်ရပ်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည့် အစိုးရလက်ထက်တွင်...