ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီခမရ(၅၈၆) တပ် တိုက်ခိုက်ခံရ

ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီခမရ(၅၈၆) တပ် တိုက်ခိုက်ခံရ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရေး-သံဖြူ ဇရပ်ကားလမ်းဘေးရှိ စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ(၅၈၆) တပ်ကို လက်နက်ကြီး RPG နဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရေးဘီလူးအဖွဲ့ ထုတ်ပြန်ပါတယ်။

အဲဒီစစ်ကောင်စီတပ်ရင်းကို ဒီကနေ့ ဒီဇင်ဘာ ၂၀ ရက်နေ့ နေ့လယ်ပိုင်းမှာ ရေးဘီလူးအဖွဲ့က သွား ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ တပ်အတွင်း ကျရောက် ပေါက်ကွဲခဲ့တာပါ။

စစ်ကောင်စီတပ်ရင်း လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရတာကြောင့် တပ်ဖွဲ့ဝင် ၄ ဦး သေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ရေးဘီလူးအဖွဲ့ ခေါင်းဆောင်က ပြောဆိုထားပါတယ်။

လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ပြီးနောက် ရေးဘီလူးအဖွဲ့က အထိအခိုက်မရှိဘဲ အောင်မြင်စွာ ဆုတ် ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒေသခံတွေအဆိုအရ စစ်ကောင်စီတပ်ရင်းအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ပေမယ့် စစ်ကောင်စီဘက် ပြန်လည်ပစ်ခတ်တာတွေမျိုးမရှိသလို တပ်အပြင်ထွက်ပြီး စစ်ဆေးတာတာလည်း မတွေ့ရဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ(၅၈၆)တပ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ၅ ကြိမ်ထက်မနည်း တိုက်ခိုက်ခံထားရတာ ဖြစ်ပါတယ်။

Most read this week

Photo credit - social media
December 4, 2025
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကော့ထင်းကျေးရွာမှာ စစ်ကော်မရှင် ရွေကောက်ပွဲ ဆန့်ကျင်ရေး...
Photo credit - social media
December 3, 2025
အာဏာသိမ်း စစ်တပ် ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံရေး ပဋိပက္ခပြသနာတွေကို...
photo credit - CJ
December 2, 2025
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် စပ်ပြဲကျေးရွာထဲ စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးလာတာကြောင့်...
Photo credit - MOI
December 1, 2025
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်ကော်မရှင် လစဉ်ဖွင့်လှစ်နေတဲ့ ပြည်သူ့စစ်မှုထမ်းသင်တန်းအတွက်...