ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီခမရ(၅၈၆) တပ် တိုက်ခိုက်ခံရ

ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီခမရ(၅၈၆) တပ် တိုက်ခိုက်ခံရ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရေး-သံဖြူ ဇရပ်ကားလမ်းဘေးရှိ စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ(၅၈၆) တပ်ကို လက်နက်ကြီး RPG နဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရေးဘီလူးအဖွဲ့ ထုတ်ပြန်ပါတယ်။

အဲဒီစစ်ကောင်စီတပ်ရင်းကို ဒီကနေ့ ဒီဇင်ဘာ ၂၀ ရက်နေ့ နေ့လယ်ပိုင်းမှာ ရေးဘီလူးအဖွဲ့က သွား ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ တပ်အတွင်း ကျရောက် ပေါက်ကွဲခဲ့တာပါ။

စစ်ကောင်စီတပ်ရင်း လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရတာကြောင့် တပ်ဖွဲ့ဝင် ၄ ဦး သေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ရေးဘီလူးအဖွဲ့ ခေါင်းဆောင်က ပြောဆိုထားပါတယ်။

လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ပြီးနောက် ရေးဘီလူးအဖွဲ့က အထိအခိုက်မရှိဘဲ အောင်မြင်စွာ ဆုတ် ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒေသခံတွေအဆိုအရ စစ်ကောင်စီတပ်ရင်းအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ပေမယ့် စစ်ကောင်စီဘက် ပြန်လည်ပစ်ခတ်တာတွေမျိုးမရှိသလို တပ်အပြင်ထွက်ပြီး စစ်ဆေးတာတာလည်း မတွေ့ရဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ(၅၈၆)တပ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ၅ ကြိမ်ထက်မနည်း တိုက်ခိုက်ခံထားရတာ ဖြစ်ပါတယ်။

September 19, 2026
မွန်ပြည်၊ ကျိုက်မရောမြို့နယ်၊ ကျိုက်မရော-မော်လမြိုင်လမ်းပိုင်းတွင် ဖမ်းဆီးရမိခဲ့သော...
September 18, 2026
မြန်မာနိုင်ငံ၏ နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းနိုင်ရေးအတွက် အားလုံးပါဝင်သည့်...
ဓာတ်ပုံ - CJ
September 16, 2026
မွန်ပြည်တွင် စစ်အုပ်စုက ကမ်းနီးကမ်းဝေး ငါးဖမ်းလှေများကို စက်သုံးဆီ မရောင်းပေးသည့်အပြင်...
သရက်ခရိုင် အမှတ် ၄ တပ်ရင်း
September 15, 2026
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၌ စစ်အုပ်စုတပ်က လေကြောင်းမှ အကြောင်းမဲ့ လာရောက်တိုက်ခိုက်ခဲ့သဖြင့်...