စစ်တပ်နှင့် TNLA တို့ တိုက်ပွဲဲကြား ကလေးငယ် ၁၀ ဦးအပါအဝင် ကျေးရွာခံ ၃၀ ကျော် ပျောက်ဆုံးနေ

စစ်တပ်နှင့် TNLA တို့ တိုက်ပွဲဲကြား ကလေးငယ် ၁၀ ဦးအပါအဝင် ကျေးရွာခံ ၃၀ ကျော် ပျောက်ဆုံးနေ
ထိခိုက်ပျက်စီးခဲ့သည့် ကုန်းသာရွာထဲမှ နေအိမ်များ
ထိခိုက်ပျက်စီးခဲ့သည့် ကုန်းသာရွာထဲမှ နေအိမ်များ

ပြီးခဲ့သည့် ဒီဇင်ဘာ ၇ ရက်မှစ တအာင်း(ပလောင်)ဒေသ နမ့်ဆန်မြို့နယ် ကုန်းသာရွာအနီးရှိ TNLA တပ်စခန်းအား စစ်ကောင်စီတပ်က ရဟတ်ယာဥ် ၆ စီးဖြင့် လူချကာ ထိုးစစ်ဆင်တိုက်ခိုက်နေစဥ်အတွင်း ဟူးမန်း၊ ကုန်းသာကျေးရွာခံ ၃၀ ထက်မနည်း တောတွင်းထဲ ယနေ့အထိ ပျောက်ဆုံးနေကြောင်း သိရသည်။

ပျောက်ဆုံးနေသူများထဲ အသက်မပြည့်သေးသည့် ကလေးငယ် ၁၀ ဦးထက်မနည်း ပါဝင်နေပြီး သက်ကြီးပိုင်းအပါအဝင် ဒေသခံ ၃၀ ထက်မနည်း ပျောက်ဆုံးနေဆဲဖြစ်သည်။

ဟူးမန်းကျေးရွာမှ ကိုမိုးညွန့်၏ အသက် ၈ နှစ်အရွယ် ကလေးငယ်တစ်ဦးဖြစ်သူ လွေးစိန်ကျမ်လည်း ပါဝင်ကြောင်း သိရသည်။

"အဲနေ့က ကျနော်တို့မိသားစု တောင်ယာကနေ ပြန်လာတာ။ ကုန်းသာရွာ စာသင်ကျောင်းအောက်မှာပဲ ရောက်သေးတယ်။ သေနတ်သံပေါက်လို့ အောက်ကို ပြေးဆင်းတာ။ အဲမှာလူစုကွဲကြတယ်။ အကြီးကောင်က ခြုံထဲမှာ ပြန်တွေ့တယ်။ သူ့တို့အမေရောပြန်တွေ့တယ်။ သမီးကတော့ ဘယ်လိုရှာရှာ မတွေ့တော့ဘူး။ ဘယ်ရောက်သွားမှန်း မသိဘူး" ဟု ကိုမိုးညွန့်က ပြောသည်။

ထွက်ပြေးတိမ်းရှောင်ပြီး ပျောက်ဆုံးနေဆဲ ရွာခံ ၃ဝ ဦးထဲ၌ အမျိုးသမီး အများဆုံးပါဝင်ကာ အသက် ၆၁ နှစ်အရွယ် ကွန့်ရွှေမင်းကလည်း ၎င်း၏အမျိုးသမီး၊ သမီးနှင့် မြေးများ ပျောက်ဆုံးနေဆဲဟုဆိုသည်။

"အဲနေ့က ရုတ်တရက် ဖြစ်သွားတော့ အကုန်လုံး ဝရုန်းသုန်းကားတွေ ဖြစ်ကုန်တယ်။ အဲအချိန် အိမ်ထဲကနေ ပြေးကတည်းက တကွဲတပြားဆီ ဖြစ်သွားတာ။ ကျနော်က တစ်ယောက်ထဲ တောထဲမှာ ငါးရက်လောက် အိပ်ခဲ့ရတာ။ ကျန်တဲ့လူတွေတော့ တစ်ယောက်မှ မတွေ့ဘူး။ ရှာလည်း မတွေ့သေးဘူး။ လေးယောက် ပျောက်နေတယ်"

ပျောက်ဆုံးသူများ ထွက်ပြေးရာ လမ်းပိုင်း၌ ယနေ့အထိ တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်သည့်အတွက် မိသားစုဝင်များက စိတ်ပူနေကြပြီး အိမ်ခြေ ၆၀ ခန့်ရှိ ကုန်းသာကျေးရွာသည် စစ်တပ်၏ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် နေအိမ် ၅၀ ခန့် ပျက်စီးခဲ့သည်။

March 12, 2026
အိန္ဒိယ - မြန်မာ ကုန်သွယ်မှုပြုလုပ်မည့် ကုလားတန်ဘက်စုံသုံးသယ်ယူပို့ဆောင်ရေး စီမံကိန်း (Kaladan...
March 11, 2026
မောင်ခက်နွေ — အာဏာသိမ်းမြန်မာစစ်တပ်၏ ဝင်ငွေအရင်းအမြစ်ဖြစ်သည့် ပုလဲလုပ်ငန်းတွင် ပါဝင်ပတ်သက်နေသော...
March 10, 2026
ဇာမဏီလင်းမောင် — မြန်မာ့နိုင်ငံရေးအခင်းအကျင်းတွင် ဖယ်ထုတ်၍မရသည့် လူထုခေါင်းဆောင်...
March 9, 2026
ပါခွီး — ကချင် ၊ ချင်းနှင့် ရခိုင်ပြည်နယ်များသို့ ပို့မည့် စက်သုံးဆီများ NUG၏ တိုင်း/ ဖက်ဒရယ်...