မြစ်ကြီးနား ငွေပျော်စံပြ ကျေးရွာကို စစ်တပ်ဝင်စီးပြီး ရွာသား ၁၀၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွား

မြစ်ကြီးနား ငွေပျော်စံပြ ကျေးရွာကို စစ်တပ်ဝင်စီးပြီး ရွာသား ၁၀၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွား

စစ်ရှောင်များကို နေရာချထားသော ကချင်ပြည်နယ်၊  မြစ်ကြီးနားမြို့ ငွေပျော်စံပြကျေးရွာတွင် ယနေ့ မွန်းလွဲပိုင်းက စစ်ကောင်စီတပ် အင်အားအလုံးအရင်းဖြင့် ဝင်စီးပြီးနောက် ရွာသား ၁၀၀ ဝန်းကျင်ကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ယနေ့ မွန်းလွဲပိုင်း ၃ နာရီခန့် စစ်ကား ၂ စီး၊ အင်အား ၈၀ ခန့်ဖြင့် ကျေးရွာအတွင်း သေနတ်ပစ်ဖောက် ဝင်ရောက်လာကာ မြင်သမျှ ယောက်ျားသားအားလုံးကို ဖမ်းဆီး ဆွဲခေါ်သွားကြောင်း ငွေပျော်စံပြကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။

“တအိမ်ပြီးတအိမ် သူတို့ တွေ့တွေ့သမျှ ရွာသားတွေကို သေနတ်ထောက်ပြီး အားလုံးကို ခေါ်သွားတာ။ အလုပ်ကပြန်လာသူတွေ၊ အိမ်ပြင်မှာရှိနေသူတွေ၊ အားလုံးပဲ ၁၀၀ တောင်ကျော်မယ်ထင်တယ်။ အဖွဲ့လိုက်ပဲ ၂၉ တပ်ဘက်ကို အားလုံးကိုခေါ်သွားတာ။“ ငွေပျော်စံပြ ကျေးရွာ ဒေသခံ တစ်ဦးကပြောသည်။

စစ်ကောင်စီတပ်သည် တွေ့သမျှ တရွာလုံးရှိ အမျိုးသားများကို ဖမ်းခေါ်သွားခြင်းဖြစ်ကြောင်း ပြောသည်။

စစ်ရှောင်ပြည်သူများအား ပြန်လည်နေရာချထားသည့် ပလန ငွေပျော်စံပြကျေးရွာသည် KIA တပ်ရင်း ၁၁ နှင့် စစ်ကောင်စီတပ် ၂၉ တပ်ရင်း ကြားတွင် တည်ရှိသည်။

ထို့ကြောင့် စစ်တပ်မှ ထိုရွာထဲတွင် PDF နှင့်  KIA မှ မကြာခဏ လာရောက်မှုရှိကြောင်း သတင်းရရှိထားသဖြင့် ယနေ့ညနေတွင် ရုတ်တရက်ဝင်ရောက်လာပြီး အမျိုးသားများကို ဖမ်းဆီးသွားခြင်းဖြစ်သည်။

ပလန ငွေပျော်စံပြကျေးရွာသည် မြစ်ကြီးနားမြို့မှ ၁၃ မိုင်ခန့်အကွာတွင် တည်ရှိကာ ၂၀၁၄ ခုနှစ်တွင် အစိုးရမှ စစ်ရှောင်ပြည်သူများကို ပြန်လည်နေရာချထားပေးသည့် ကျေးရွာတစ်ခုဖြစ်ကာ အိမ်ခြေ ၅၀၀ ခန့်ရှိသည်ဟု သိရသည်။

May 30, 2026
အာဏာသိမ်းစစ်တပ်ဟာ  ကချင်ဒေသအပါ လက်လွတ်လိုက်ရတဲ့ မြို့နေရာတွေကို ပြန်ရဖို့...
May 29, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ခိုးဆိုးလုယက်မှုတွေ ဆက်တိုက်ဖြစ်နေပြီး အရင်ကထက်...
May 28, 2026
ညနေစောင်းချိန် မေခမြစ်ပေါ်မှာ စက်အင်ဂျင်သံတွေ မရပ်မနားကြားနေရတယ်။ တစ်ချိန်က ကြည်စိမ်းနေတဲ့...
May 28, 2026
အမိုး — မန္တလေး–မြစ်ကြီးနားလမ်းပိုင်း ထီးချိုင့်–ကသာကြားမှာ တိုက်ပွဲတွေကြောင့် ပိတ်မိနေတဲ့...