စစ်ကောင်စီအလိုကျ ပြည်သူတွေရဲ့အိမ်တွေ အဓမ္မဖျက်ဆီးနေသူတွေကို NUG အရေးယူမယ်

စစ်ကောင်စီအလိုကျ ပြည်သူတွေရဲ့အိမ်တွေ အဓမ္မဖျက်ဆီးနေသူတွေကို NUG အရေးယူမယ်

ကျေးလက်မြို့ပြက ပြည်သူတွေရဲ့ နေအိမ်တွေကို အတင်းအဓမ္မ ဖျက်ဆီး နေတဲ့ စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းတွေနဲ့ စစ်ကောင်စီအပေါင်းအပါတွေကို ထိထိရောက် ရောက်အရေး ယူမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလထဲမှာ ရန်ကုန်နဲ့ မန္တလေးအပါအဝင် မြို့ကြီးတချို့မှာ စစ်ကောင်စီက မြို့ပြနေ အခြေခံလူတန်းစားတွေရဲ့ နေအိမ်တွေကို အတင်းအဓမ္မဖြိုဖျက်ကာ မြေယာလုယက်မှု ကျူးလွန် နေတာဖြစ်တယ်လို့ ဆိုထားတာပါ။

စစ်ကောင်စီရဲ့ အဓမ္မဖျက်ဆီးမှုတွေကြောင့် ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့က ရပ်ကွက်(၅) ခုက အိမ်ခြေ (၁) သောင်းကျော် လူဦးရေ(၅) သောင်းကျော် အိုးအိမ်မဲ့ဖြစ်ခဲ့ရသလို မရမ်းကုန်းမြို့မှာလည်း အိမ်ထောင်စုပေါင်း(၁၀၀)ကျော်၊ မန္တလေးမြို့မှာ အိမ်ထောင်စုပေါင်းများစွာဟာ အိမ်ခြေမဲ့ ဘဝကို ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာ၊စစ်ဘေးရှောင်ကာ လူအစုလိုက်အပြုံလိုက် ရွှေ့ပြောင်း စေတာတွေနဲ့ ကျေးလက်နေပြည်သူတွေကို တော်လှန်ရေးနဲ့ ကင်းကွာစေဖို့ အကြောက်တရားနဲ့ ခြိမ်း ခြောက်ကျူးလွန်နေတာဖြစ်တယ်လို့ ဆိုထားပါတယ်။

ကိုဗစ်နဲ့ စစ်တပ်အာဏာလုမှုကြောင့် လူမှုဒုက္ခတွေခံစားနေကြရတဲ့ အခြေခံပြည်သူတွေရဲ့ ဘဝကို စာနာနားလည်မှုဖေးမကူညီမှုမရှိဘဲ သူတို့ရဲ့ကျောတခင်းစာနေရာတွေကို ဖျက်ဆီးတာ၊ အသိုက်အမြုံတွေကို ဖျက်ဆီးတာ၊မြေယာတွေကို လုယူတာတွေဟာ စစ်ကောင်စီရဲ့ အရပ်သား ပြည်သူတွေအပေါ်ယုတ်မာရက်စက်မှုကို ထပ်လောင်းအတည်ပြုပေးနေတာဖြစ်တယ်လို့ ထုတ်ပြန် ချက်မှာဖော်ပြထားပါတယ်။

အခုလိုပြည်သူတွေကို ရက်စက်ယုတ်မာတဲ့ လုပ်ရပ်တွေကိုလုပ်ဆောင်နေတာဟာ အခြေခံလူ့ကျင့် ဝတ်ကို ချိုးဖောက်တာတင်မဟုတ်ဘဲ နိုင်ငံတကာလူ့အခွင့်အရေးဆိုင်ရာ ပြဌာန်းချက်တွေပါ လူတိုင်း လုံလောက်တဲ့ အိမ်ရာ၊စားနပ်ရိက္ခာနဲ့ အခြေခံဝန်ဆောင်မှုတွေရရှိခွင့်ကိုလည်း ပြောင်ပြောင်တင်း တင်း ချိုးဖောက်တာဖြစ်တယ်လို့ NUG ကပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ စည်ပင်သာယာရေးကော်မတီအပါအဝင် ဝန်ထမ်းတွေ၊အပေါင်းအပါ တွေအနေနဲ့ မြို့ပြနေပြည်သူလူထုရဲ့ နေအိမ်တွေကို အတင်းအဓမ္မဖျက်ဆီးတာနဲ့ မြေယာလုယက် တာတွေကို ချက်ချင်းရပ်တန့်ဖို့ ပြင်းထန်စွာ သတိပေးလိုက်တယ်လို့ ထုတ်ပြန်ထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ တားမြစ်ချက်တွေကို မလိုက်နာဘဲ ဆက်လက်ကျူးလွန်နေတဲ့ ပါဝင်ပတ်သက်သူတွေနဲ့ အဖွဲ့အစည်းတွေကို ထိရောက်စွာအရေးယူသွားမှာဖြစ်ပြီး နစ်နာဆုံးရှုံးခဲ့ ရတဲ့ ပြည်သူတစ်ဦးချင်းစီအတွက် တရားမျှတမှုနဲ့ ပြန်လည်တည်ထောင်ရေးလုပ်ငန်းစဉ်တွေကို မဖြစ်နေ အာမခံဖော်ဆောင်သွားမယ်လို့ NUG က သတိပေးခဲ့ပါတယ်။

သတင်း - သံလွင်တိုင်းမ်

ဓာတ်ပုံ - CJ

ဓာတ်ပုံ-CJ
May 1, 2026
မွန်ပြည်နယ်မှာ အစိုးရအဖွဲ့သစ် အပြောင်းအလဲ ဖြစ်ပေါ်လာပေမယ့် လောင်းကစားဝိုင်းတွေကို အကြီးအကျယ်...
April 30, 2026
မွန်ပြည်နယ်မှာ လျှပ်စစ်ဓာတ်အား တိုးမြှင့်ပေးမယ်လို့ ပြည်ထောင်စု ဝန်ကြီး ပြောဆိုပြီးနောက်...
April 29, 2026
မွန်ပြည်နယ် ရေးမြို့နယ် ရေး-သံဖြူဇရပ်လမ်းပိုင်းမှာ အခုရက်ပိုင်းအတွင်း အာဏာဖီဆန်ရေး မလုပ်ထားတဲ့...
ဓာတ်ပုံ-Social Media
April 28, 2026
မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဝင်းတာပန်စခန်းထံ‌ စစ်ကူလာတဲ့ စစ်တပ်စစ်ကြောင်း ထိခိုက်သေဆုံးမှု...