ပတ်စ်ပို့ Online Booking စနစ် ယာယီရပ်ဆိုင်း

ပတ်စ်ပို့ Online Booking စနစ် ယာယီရပ်ဆိုင်း

နိုင်ငံကူးလက်မှတ် Online Booking စနစ်အား ယနေ့ ဒီဇင်ဘာ ၅ ရက်နေ့က စတင်ပြီး ယာယီရပ်ဆိုင်းထားမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေးအဖွဲ့က ဒီဇင်ဘာလ ၄ ရက်နေ့တွင် ထုတ်ပြန်သည်။

ပတ်စ်ပို့အတွက် ရက်ချိန်းရယူလိုသူ မည်သူမဆို ကာယကံရှင်ကိုယ်တိုင် ၂၄ နာရီပတ်လုံး ပိတ်ရက်မရှိ လွယ်ကူစွာလျှောက်ထားနိုင်ရန်အတွက် Online Booking စနစ်ကို ပြင်ဆင်ရေးဆွဲလျက်ရှိပြီး စနစ်သစ်စတင်အသုံးပြုနိုင်မည့်ရက်အား ထပ်မံကြေညာပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

စနစ်ဟောင်းမှ QR Codeဖြင့် ရက်ချိန်းရယူထားပြီးသူများအနေဖြင့် ရက်ချိန်းရရှိထားသည့် နေ့ရက်များတွင် ရုံးအတွင်းသို့ ဆက်လက်အသုံးပြုဝင်ရောက်နိုင်မည်ဖြစ်ကြောင်း အသိပေးထားသည်။

ထို့ကြောင့် နိုင်ငံကူးလက်မှတ် လျှောက်ထားလိုသူများအနေဖြင့် ပွဲစားများမှတစ်ဆင့် ရက်ချိန်းဝင်ရောက်ခွင့် QR Codeများ မတန်တဆဈေးဖြင့် ဝယ်ယူခြင်း၊ အခြားသူ၏ QR Codeအား လက်လွှဲအသုံးပြုနိုင်ရန် ကြိုးပမ်းခြင်းများ မပြုလုပ်ကြရန်လည်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

နိုင်ငံကူးလက်မှတ် လျှောက်ထားခြင်းအတွက် Online Bookingစနစ်ဖြင့် QR Code ယူပြီး ရက်ချိန်းရယူရသည့်စနစ်ကို စစ်ကောင်စီဘက်က ယခုနှစ် မတ်လ ၂၁ရက်နေ့က စတင်အသုံးပြုခဲ့သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ပြည်ပထွက်ခွာလိုသူ ပိုမိုများပြားလာပြီး နိုင်ငံကူးလက်မှတ်အသစ် လျှောက်ထားမှုများအတွက် ကုန်ကျစရိတ်မှာ ကျပ် ၂၅,၀၀၀ ဖြစ်ကြောင်း မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရုံး website တွင်ဖော်ပြထားသော်လည်း ပြင်ပ၌ မြန်မာနိုင်ငံကူးလက်မှတ်ရရှိရန် ကျပ်သိန်းချီကုန်ကျမှုများလည်းရှိနေကြောင်း သိရသည်။

July 8, 2026
ထိုင်း-မြန်မာနယ်စပ်၊ မြဝတီမြို့နယ် တောင်ဘက်ခြမ်းဒေသများဖြစ်သည့် ဖလူးနှင့် မင်းလက်ပံကျေးရွာတို့၌...
ဓာတ်ပုံ - HtinLin Aung FB
July 7, 2026
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်ရှိ အမှိုက်ပုံတစ်ခုတွင် ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသမီး...
ရန်ကုန်မြို့ ဗဟန်းမြို့နယ် နတ်မောက်လမ်း၊ ဗိုလ်ချုပ်ပန်းခြံရှိ ဗိုလ်ချုပ်ကြေးရုပ်။ (MOI)
July 7, 2026
မကွေးတိုင်း၊ ရေစကြိုမြို့နှင့် ကံမမြို့တို့ရှိ ဗိုလ်ချုပ်အောင်ဆန်း၏ ပုံတူကြေးရုပ်ထုများကို...
July 6, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်း အသုံးပြုနေသည့် Starlink ဂြိုဟ်တုအင်တာနက်စက်အချို့ ဒေသကန့်သတ်...