ပတ်စ်ပို့ Online Booking စနစ် ယာယီရပ်ဆိုင်း

ပတ်စ်ပို့ Online Booking စနစ် ယာယီရပ်ဆိုင်း

နိုင်ငံကူးလက်မှတ် Online Booking စနစ်အား ယနေ့ ဒီဇင်ဘာ ၅ ရက်နေ့က စတင်ပြီး ယာယီရပ်ဆိုင်းထားမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေးအဖွဲ့က ဒီဇင်ဘာလ ၄ ရက်နေ့တွင် ထုတ်ပြန်သည်။

ပတ်စ်ပို့အတွက် ရက်ချိန်းရယူလိုသူ မည်သူမဆို ကာယကံရှင်ကိုယ်တိုင် ၂၄ နာရီပတ်လုံး ပိတ်ရက်မရှိ လွယ်ကူစွာလျှောက်ထားနိုင်ရန်အတွက် Online Booking စနစ်ကို ပြင်ဆင်ရေးဆွဲလျက်ရှိပြီး စနစ်သစ်စတင်အသုံးပြုနိုင်မည့်ရက်အား ထပ်မံကြေညာပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

စနစ်ဟောင်းမှ QR Codeဖြင့် ရက်ချိန်းရယူထားပြီးသူများအနေဖြင့် ရက်ချိန်းရရှိထားသည့် နေ့ရက်များတွင် ရုံးအတွင်းသို့ ဆက်လက်အသုံးပြုဝင်ရောက်နိုင်မည်ဖြစ်ကြောင်း အသိပေးထားသည်။

ထို့ကြောင့် နိုင်ငံကူးလက်မှတ် လျှောက်ထားလိုသူများအနေဖြင့် ပွဲစားများမှတစ်ဆင့် ရက်ချိန်းဝင်ရောက်ခွင့် QR Codeများ မတန်တဆဈေးဖြင့် ဝယ်ယူခြင်း၊ အခြားသူ၏ QR Codeအား လက်လွှဲအသုံးပြုနိုင်ရန် ကြိုးပမ်းခြင်းများ မပြုလုပ်ကြရန်လည်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

နိုင်ငံကူးလက်မှတ် လျှောက်ထားခြင်းအတွက် Online Bookingစနစ်ဖြင့် QR Code ယူပြီး ရက်ချိန်းရယူရသည့်စနစ်ကို စစ်ကောင်စီဘက်က ယခုနှစ် မတ်လ ၂၁ရက်နေ့က စတင်အသုံးပြုခဲ့သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ပြည်ပထွက်ခွာလိုသူ ပိုမိုများပြားလာပြီး နိုင်ငံကူးလက်မှတ်အသစ် လျှောက်ထားမှုများအတွက် ကုန်ကျစရိတ်မှာ ကျပ် ၂၅,၀၀၀ ဖြစ်ကြောင်း မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရုံး website တွင်ဖော်ပြထားသော်လည်း ပြင်ပ၌ မြန်မာနိုင်ငံကူးလက်မှတ်ရရှိရန် ကျပ်သိန်းချီကုန်ကျမှုများလည်းရှိနေကြောင်း သိရသည်။

Most read this week

December 10, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့ကိုဦးတည် စစ်ကြောင်းထိုးနေသည့် စစ်ကော်မရှင်တပ်စစ်ကြောင်း က ဒေသခံ ၁၂...
December 9, 2025
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အနောက်မြောက်ခြမ်းတွင် စစ်ကြောင်းထိုးနေသည့် စစ်ကော် မရှင်တပ်က...
December 9, 2025
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အနောက်မြောက်ခြမ်းတွင် စစ်ကြောင်းထိုးနေသည့် စစ်ကော် မရှင်တပ်က...
December 4, 2025
မြဝတီမြို့နယ်တောင်ဘက်၊ ဖလူး၊ မင်းလက်ပံဒေသအနီးတဝိုက်တွင် စစ်ကော်မရှင်တပ်နှင့် ကရင်အမျိုးသား...