ပွင့်ဖြူမှာ NLD ပါတီဝင်တစ်ဦးကို စစ်ကောင်စီက ခေါင်းဖြတ်သတ်ပြီး PDF သတ်တယ်လို့ သတင်းမှားလွှင့်နေ

ပွင့်ဖြူမှာ NLD ပါတီဝင်တစ်ဦးကို စစ်ကောင်စီက ခေါင်းဖြတ်သတ်ပြီး PDF သတ်တယ်လို့ သတင်းမှားလွှင့်နေ

မကွေးတိုင်း ပွင့်ဖြူမြို့နယ်မှာ စစ်ကောင်စီက NLD ပါတီဝင်တစ်ဦးကို ဖမ်းဆီး ခေါင်းဖြတ် သတ်ပြီးနောက် PDF ကသတ်တယ်ဆိုပြီး သတင်းမှားလွှင့်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ(၄) ရက်နေ့ညပိုင်းက သရက်ကုန်းကျေးရွာနေ NLD ပါတီဝင် ဦးဝင်းဌေး ဆိုသူကို စစ်ကောင်စီက ဖမ်းဆီးသွားပြီးနောက် ဒီနေ့ ဒီဇင်ဘာလ(၅) ရက်နေ့ မနက်ပိုင်းမှာ အလောင်းပြန်တွေ့ခဲ့ရတာပါ။

"မနေနိုင်လို့သတင်းပေးရတာပါ။ မနေ့က သူတို့လင်မယားနှစ်ယောက်ကို လက်နက်ကိုင်ထား တဲ့သူတွေကဖမ်းခေါ်သွားတာ။ မနက်ကျတော့အလောင်းက ရွှေဘိုမြောင်းမကြီး ဘက်မှာတွေ့ တယ်။ ရက်ရက်စက်စက်နှိပ်စက်ပြီးမှ ခေါင်းဖြတ်သတ်ထားတာ။ ခုရွာကလူတွေကိုကျတော့ PDF ကသတ်ပါတယ်ဆိုပြီးတော့ သတင်းဖြန့်နေတယ်။" လို့ဒေသခံတစ်ဦးကသံလွင်တိုင်းမ် ကိုပြောပါတယ်။

ဦးဝင်းဌေးဖမ်းဆီးခံရချိန်မှာ ကျောင်းကုန်းကြီးကျေးရွာက လက်နက်ကိုင်ထားတဲ့ ပျူစောထီး ဆယ်ဦး ဝန်းကျင်ပါရှိခဲ့ပြီး ပွင့်ဖြူမြို့နယ်အခြေအနေဟာ PDF တွေ မြို့နားတဝိုက် လက်နက် ကိုင်ဆောင်ပြီး သွားလာနိုင်တာ မရှိသေးဘူးလို့ သိရပါတယ်။

"မနေ့က ကိုဝင်းဌေးက မင်းဘူးဘက်ကို ကျန်းမာရေးကိစ္စနဲ့ သူ့အမျိုးသမီးနဲ့ကားနဲ့သွားတယ်။ ပြန်လာတော့ သူ့ကားကို စစ်တပ်နဲ့ရဲတွေကသေချာရှာတယ်။တခြားကားတွေထက်ကိုပိုရှာတယ်။ အဲဒီကနေ အပြန် သစ်ချိုကုန်းပေါင်းထိပ်မှာပျူတွေက ခေါင်းကိုသေနတ်နဲ့ထောက်ပြီးတော့ဖမ်း ခေါ်သွားတာ”လို့ ပွင့်ဖြူမြို့နယ် NLD ပါတီဗဟိုအလုပ်အမှူဆောင်တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ပါတီဝင်တွေကို ရက်ရက်စက်စက်သတ်ဖြတ်ပြီး ပြည်သူလူထုကို အကြောက်တရား တွေနဲ့ ခြိမ်းခြောက်နေတာနဲ့ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ရှုတ်ချတယ်လို့ သူက ပြောပါ သေးတယ်။

စစ်ကောင်စီရဲ့ ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရတဲ့ ဦးဝင်းဌေးဟာ NLD ပါတီရဲ့ မင်းဘူးခရိုင် အလုပ်အမှုဆောင်တစ်ဦးဖြစ်ပြီး ရွေးကောက်ပွဲတွေမှာ ပါတီအတွက် တက်တက်ကြွကြွလှုပ်ရှား ခဲ့သူတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း NLD ပါတီဝင် (၅၀) ကျော်ကို စစ်ကောင်စီ လက်အောက်ခံ စစ်တပ်၊ရဲနဲ့ ပျူစောထီးအဖွဲ့တွေက နည်းအမျိုးမျိုးနဲ့ သတ်ဖြတ်ထားပြီး လွှတ်တော်ကိုယ်စားလှယ်တွေအပါအဝင် (၉၈၇) ဦးကိုလည်း ဖမ်းဆီးထောင်ချထား တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီက NLD ပါတီဝင်တွေရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်း ချိတ်ပိတ်မှုတွေဟာ လည်း (၃၂၆) မှုအထိရှိနေပါတယ်။

Most read this week

December 10, 2025
KNU ကော်သူးလေနယ်မြေထဲက လူထုအဆောက်အဦးတွေအပေါ် စစ်တပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ...
December 9, 2025
အာဏာသိမ်းမှုကြောင့် နိုင်ငံအနှံ့ တိုက်ပွဲတွေ ကျယ်ပြန့်လာနေချိန်မှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက်...
December 8, 2025
အာဏာသိမ်းမှုအတွင်း မွန်ပြည်နယ်မှာ စစ်ကော်မရှင် လက်လွှတ်ဆုံးရှုံးရတဲ့ မြို့နယ်တွေ မရှိခဲ့ပေမယ့်...
Photo credit - social media
December 4, 2025
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကော့ထင်းကျေးရွာမှာ စစ်ကော်မရှင် ရွေကောက်ပွဲ ဆန့်ကျင်ရေး...